Capacity Building For SME

From 23-01-2021 to 25-01-2021
From 5:30 PM to 8:30 PM
Online Training
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်မည့်
"Management Role of Kaizen and Waste Elimination Course" Online
သင်တန်းသို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း။
>>COVID-19 ကာလအတွင်းမှာ MSMEs လုပ်ငန်းတော်တော်များများ
ရပ်ဆိုင်းခြင်း၊ ကျဆင်းခြင်း တွေနဲ့ရင်ဆိုင်နေရတယ် အခုလို
ရပ်ဆိုင်း၊ကျဆင်းနေဖို့ဆိုတာလဲရေရှည်အတွက်လည်းမဖြစ်နိုင်ပါ
သာမန်အခြေအနေနဲ့မတူတဲ့အချိန် ,ပုံမှန်မဟုတ် သည့်အချိန်တစ်ခုမှာ Management
Role ယူထားသည့်သူများအနေဖြင့် လုပ်ငန်းတစ်ခုအတွင်း ဘယ်လို
ပြောင်းလဲကျင့်သုံးမှာလဲ နှင့်
မိမိလုပ်ငန်းအတွင်းအလေအလွင်ဆုံးရှုံးမှုနဲပြီး
နှင့်မိမိလုပ်ငန်းအတွင်းမှာမလိုအပ်သည့်အလအလွင့်များကြောင့်
ကုန်ကျစရိတ်များခြင်း၊အရည်အသွေးမကောင်းခြင်း ၊ အချိန်အလေအလွင့်ဖြစ်ခြင်း
လုပ်ငန်းခွင် safety မဖြစ်မှုတို့ကြောင့်
ငွေကုန်၊အချိန်ကုန်မှုများမဖြစ်စေနိုင်သည့် စီမံခန့်ခွဲမှုကို ပြုလုပ်ရန်
လိုအပ်နေပါသည်
--------------------++++--------------------
ဒါဆိုရင်တော့
>>Japan နိုင်ငံ ၏ Kaizen နည်းစနစ်တွေမှ “ Management Role of
Kaizen and Waste Elimination “ Online သင်တန်းကို တက်ဖို့ဖိတ်ခေါ်ပါရစေ
>>ဒီသင်တန်းမှာပါဝင်မဲ့အကြောင်းအရာများကတော့
၁။ ဂျပန်နိုင်ငံ၏နာမည်ကြီးစီမံခန့်ခွဲမှု ကိုင်ဇင်ဆိုတာဘာလဲ?
၂။ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ လုပ်ငန်းတိုးတက်အောင်ဘယ်လိုပြောင်းလဲကျင့်သုံးရမည့် နည်းလမ်းများ?
၃။
လုပ်ငန်းခွင်အတွင်းဖြစ်နေသည့်ပြဿနာကိုအဖြေရှာသောနည်းလမ်းများနှင့်အလေအလွင့်လျော့ချသောနည်းလမ်းများနှင့်
လုပ်ငန်းခွင်တိုးတက်ရန်အဓိက အခြေခံလိုအပ်ချက် 5s
အကြောင်းအရာများပါဝင်မှာဖြစ်ပါတယ်။
>>ဒီသင်တန်း ဟာလေ့လာမှုအတွက်သာမကပဲ မိမိလုပ်ငန်းခွင်အတွင်း
မလိုလားအပ်သည့် အလေအလွင့်များကို
လျော့ချခြင်းဖြင့်ကုန်ကျစရိတ်သက်သာပြီးဝင်ငွေတိုးနိုင်စေနိုင်သည့်အကြောင်းအရာများကို
အဖွဲ့လိုက်ဆွေးနွေးခြင်း များ ၊ success stories
များပါဝင်မှာဖြစ်သည့်အတွက် မိမိလုပ်ငန်းအတွက်အမှန်တကယ်လက်တွေ့အသုံးဝင်သည့်
အစီအစဉ်များကို လည်းသိရှိနိုင်မည်ဖြစ်ပါသည်
--------------------++++--------------------
သင်ကြားမည့်ဆရာမ: ဒေါ်မူမူအေး
ILO SIYB Certified
UNIDO Certified Trainer
MPC Kaizen Consultant
Covid -19 Safety for SMEs
Registration fee : ၁၅,၀၀၀ ကျပ်/ person (သင်ကြားရန်လိုအပ်သည့် facilitiesများအတွက်)
>>သင်တန်းပြီးမြောက်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
အသိအမှတ်ပြု Electronic-Certificate ကို ပေးအပ်သွား မည်ဖြစ်ပါသည်။
--------------------++++--------------------
သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက,
သင်တန်းကိစ္စများဆက်သွယ်ရန်ဖုန်း − (၀၉−၇၉၈၂၉၀၈၀၂)
--------------------++++--------------------
KBZ pay & Wave Money - (၀၉−၅၁၄၂၉၁၂)
သို့ ဆက်သွယ်၍ သင်ထောက်ကူကြေး ပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
--------------------++++--------------------
"သင်တန်းအချိန်ဇယား"
ကျင်းပမည့်နေ့ရက်-
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃,၂၄,၂၅)ရက်
ကျင်းပမည့်အချိန်-
ညနေပိုင်း - ၅း၃၀ နာရီမှ ၈း၃၀ အထိ။
ကျင်းပမည့် Platform- Online Zoom Meeting
---------------------------+++++---------------------------
သင်တန်းကို တက်ရောက်မည့်သူများအနေဖြင့် အောက်မှာဖော်ပြထားပါသော Link ကိုနိပ်ပြီး စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
https://forms.gle/y8Uk4adNkufZt1d26
မှတ်ချက်။ တက်ရောက်မည့်သင်တန်းသားဦးရေ ကန့်သတ် ထားပါသည်။
ကျင်းပမည့် Platform- Online Zoom Meeting

From 7-11-2019 to 8-11-2019
From 9:30 AM to 4:30 PM
ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
ကချင်ပြည်နယ်မှ လုပ်ငန်းရှင်များအတွက် Human Resources Management သင်တန်း ကျင်းပမည့်အစီအစဉ်
=====================================================
ကချင်ပြည်နယ်အတွင်းရှိ MSME
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်မိမိတို့၏လုပ်ငန်းများ စနစ်တကျ
စီမံခန့်ခွဲတတ်စေရန်ရည်ရွယ်၍ Human Resources Management သင်တန်း
အားကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သင်တန်းအမည် - Human Resources Management သင်တန်း
ပို့ချမည်ဆရာ - ဦးပြည့်စိုးဦး (Certified License Trainer of ILO SIYB Program)
နေ့ရက် - (၇.၁၁.၂၀၁၉) ရက်နေ့မှ (၈.၁၁.၂၀၁၉)ရက်နေ့အထိ
နေရာ - ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
သင်တန်းကြေး - (၃၀၀၀၀)ကျပ် (သင်တန်းကာလအတွင်း သင်ထောက်ကူပစ္စည်းများ၊
စာရွက်စာတမ်းများ၊ ကော်ဖီ၊ Lunch များပါဝင်မည်ဖြစ်ပြီး Certificate
ချီးမြှင့်ပါမည်။
ဆက်သွယ်ရန်လိပ်စာ - ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
ဖုန်း - ၀၇၄၂၅၂၂၄၁၅

From 9-02-2019 to 11-02-2019
From 9:30 AM to 1:30 PM
ဧရာရွှေဝါခန်းမ၊ ပုသိမ်မြို့
"Financial Services and Management Training for Myanmar SMEs" သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် သတင်းပေးခြင်း
ဘဏ်(သို့မဟုတ်) ချေးငွေရရှိနိုင်မည့် အခြားအခွင့်အလမ်းများနှင့်
လုပ်ငန်းရှင်ကိုယ်တိုင် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊
ချေးငွေရယူနိုင်ခြင်း၊ ချေးငွေများအား လုပ်ငန်းခွင်အတွင်း စနစ်တကျ
အသုံးပြုနိုင်ခြင်း နှင့် ချေးယူထားသော ငွေကို အသုံးပြုလျက်
လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သည့် အကြံဉာဏ်များ ဆက်လက်ရယူနိုင်စေရန် "
Financial Services and Management Training for Myanmar SMEs" သင်တန်းကို
2019ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့မှ (၁၁) ရက်နေ့ထိ စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာနနှင့် Matrix Institute of
Professionတို့ပူးပေါင်းကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသော
လုပ်ငန်းရှင်များအနေဖြင့် 09-5148688 သို့ဆက်သွယ်စာရင်းပေးပါရန်နှင့်
လျှောက်လွှာများရယူလျှောက်ထားနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်-
#သင်တန်းကျင်းပမည့်နေရာ#
ဧရာရွှေဝါခန်းမ၊ ပုသိမ်မြို့
#RegistrationFee - (20000) ကျပ်
#နေ့ရက်-
(9.2.2019)ရက်နေ့တွင် အကြိုဆွေးနွေးပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး
(10.2.2019)ရက်နေ့မှ (11.2.2019)ရက်နေ့ထိ သင်ကြားမည့် Document များ အခမဲ့
ဖြန့်ဝေပေးမည်ဖြစ်ပါသည်၊
Lunch နှင့် Tea Break (၂) ချိန်ပါဝင်ပါသည်၊

From 20-11-2018 to 1-12-2018
From 10:45 PM to 1:00 PM
ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်
Panna Online School တို့ပူးပေါင်းပြီးSME လုပ်ငန်းရှင်များအတွက် Online
Training များ ဖွင့်လှစ်သင်ကြားမည့်အစီအစဉ်
မြန်မာနိုင်ငံမှ SME လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့်
စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို
ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Panna Institute, Panna
Online School တို့ပူးပေါင်းပြီး SME လုပ်ငန်းရှင်များ၊
လုပ်ငန်းစတင်တည်ထောင်လိုသူများနှင့် SME Staff များအတွက် ဘာသာရပ်ဆိုင်ရာ
သင်တန်းများကို Online မှနေ၍ ဖွင့်လှစ်ပို့ချသွားရန်
စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ Panna Online School ကို ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် SME
လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို
စရိတ်အနည်းဆုံးဖြင့် သင်ကြားနိုင်ခြင်း၊ မိမိတို့အားလပ်သည့်အချိန်၌
အချိန်မရွေး လေ့လာသင်ယူနိုင်ခြင်း၊ သင်တန်းတက်ရောက်ရန်
သွားလာရခက်ခဲဝေးလံသည့် ဒေသများမှ လူငယ်နှင့် လုပ်ငန်းရှင်များအတွက်
အဆင်ပြေလွယ်ကူစွာ လေ့လာသင်ကြားနိုင်ခြင်း၊ မိမိတို့၏
စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရန်နှင့်
နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် လိုအပ်သောပညာရပ်များကို
အလွယ်တကူလေ့လာ သင်ယူခြင်းဖြင့်
စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို
ရရှိစေမည်ဖြစ်ပါသည်။အဆိုပါ Panna Online Training Website အား ၂၀၁၈ ခုနှစ်
ဒီဇင်ဘာလ (၁) ရက်နေ့တွင် အများပြည်သူထံသို့ စတင်
မိတ်ဆက်ချပြပေးသွားမည်ဖြစ်ပြီး Website မှတဆင့် စတင်လေ့လာသင်ယူနိုင်မည့်
ဘာသာရပ်များမှာ
1. Human Resources Management
2. Finance for SMEs
3. Bookkeeping for Manufacturing
4. Fundamentals of Marketing
5. Social Media Marketing
6. Business Communicative English
7. Family Business Management
8. IT for Business.
တို့ကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းများတွင်
ထည့်သွင်းအသုံးပြုနိုင်မည့် Application Apk ကိုလည်း အသုံးပြုနိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အထူးအစီအစဉ်တရပ်အနေဖြင့် စက်မှုဝန်ကြီးဌာနတွင်
မှတ်ပုံတင်ထားသည့် အသေးစား၊
အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ (SME Member Card
ရရှိထားသည့် လုပ်ငန်းရှင်များ)နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက်
ပုံမှန်သင်တန်းကြေးထက် သက်သာသည့် နှုန်းထားဖြင့် သင်ကြားနိုင်ရန်
စီစဉ်ဆောင်ရွက်ထားရှိပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ်
ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်စာရင်းသွင်းလေ့လာသင်ကြားနိုင်ပါကြောင်းနှင့်
Website မိတ်ဆက်ပွဲ အခမ်းအနားနှင့်
အသုံးပြုပုံအသေးစိတ်ရှင်းလင်းပြောကြားမည့်အစီအစဉ်ကို ရန်ကုန်မြို့
မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center တွင်
ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည်(၁)နာရီမှ (၃)
နာရီထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့်
လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

9-08-2018
12:00 PM
MERCURE Yangon Kaba Aye ဟိုတယ်၊ရန်ကုန်မြို့
စက်မှု
ဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ASEM
Eco-Innovation Center (ASEIC) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ
အသေးစားနှင့် အလတ်စား လုပ်ငန်းများအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော၊
ဆန်းသစ်တီထွင်သော နည်းလမ်း များဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး၊
ကုန်ထုတ်လုပ်မှုတိုးတတ်၍ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတတ် စေရန်နှင့်
စိုက်ပျိုးရေးကဏ္ဍ၌ Eco Innovation နည်းလမ်းအသုံးပြု၍ တန်ဖိုးမြှင့်တင်
ဆောင်ရွက်ရန် နည်းလမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ
စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတတ်ရေး ဆောင်ရွက်နိုင်မည့်အလားအလာများနှင့် Case
Study ၊ Eco Innovation နည်းဗျူဟာ၊ SMEs
များ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုနည်းလမ်းများ၊ Onsite Clean
Tech အကောင်အထည်ဖော်ရေး Eco-Innovation
ဗျူဟာများကိုသင်ကြာပို့ချပေးနိုင်ရန် အတွက် ASEM Eco-Innovation Capacity
Building Program ၂၀၁၈ နှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲကို
(၉.၈.၂၀၁၈) ရက်နေ့တွင် MERCURE Yangon Kaba Aye ဟိုတယ်၊ရန်ကုန်မြို့၌
ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင်
စက်မှုဝန်ကြီးဌာန နှင့် ASEIC အကြားနားလည်မှု စာချွန်လွှာကို
လက်မှတ်ရေးထိုးခဲ့ကြပြီးနောက်၊ ECO INNOVATION နည်းလမ်း အသုံးပြု၍ တန်ဖိုး
မြှင့်တင်ဆောင်ရွက်ရန်နည်းလမ်းများ၊ SMEများ၏ပတ်ဝန်းကျင် ထိန်းသိမ်းရေး
စီမံခန့်ခွဲမှု နည်းလမ်းများ၊ ONSITE CLEAN TECH နည်းစနစ်ဖြင့်
သဘာဝပတ်ဝန်ကျင်ကို မထိခိုက်စေသော လုပ်ငန်းစီမံခန့်ခွဲနည်းစနစ်များ၊
အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် Eco Labeling ချမှတ်အကောင်အထည်ဖော်
ဆောင်ရွက်သော နည်းစနစ်များ၊ စိုက်ပျိုးရေး အခြေခံသောလုပ်ငန်းများတွင် Eco
Innovation နည်းစနစ် ပေါင်းစပ်အသုံးချ၍ တန်ဖိုး
မြှင့်တင်ဆောင်ရွက်သောနည်းလမ်းများ၊ ကိုရီးယား၏ Environmental Product
Declarations ရလဒ်နှင့်လုပ်ငန်းအစီအစဉ်များ၊ ကိုရီးယား၏ Eco Labelling
ရလဒ်နှင့် လုပ်ငန်းအစီအစဉ်များ
၊စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ၏အနာဂါတ်အလားအလာများကို Case Study
များဖြင့်လည်းကောင်း ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ သဘာဝ
ပတ်ဝန်းကျင်မထိခိုက်စေရန်စီမံခန့်ခွဲနည်းစနစ်များ၊ လုပ်ငန်းများကို ECO
INNOVATION အကောင်အထည်ဖော်ဆောင်ရန်နည်းဗျူဟာချမှတ် အကောင်အထည်ဖော်ရန်
နည်းစနစ်များကို ကိုရီးယားနည်းပညာရှင်များဖြစ်သည့် Korea Environmental
Industry & Technology Institute မှ Researcher Dr.Lee Joonjae၊ Dr.Cho
Seongmoon၊Foundation of Agri,Tech,Commercialization &Transfer မှ
Principal Researcher Jungin Lee၊ Korea Management Registrar မှ Expert
Adviser Song Gildo တို့မှ ဆွေးနွေးပို့ချပေးခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊
အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များ စုစုပေါင်း(၉၀)
ဦးတတ်ရောက်ခဲ့ကြပါသည်။

From 28-05-2018 to 12-06-2018
11:45 AM
ရန်ကုန်မြို့၊ပုသိမ်မြို့ မန္တလေးမြို့မကွေးမြို့တောင်ကြီးမြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည်
ဂျပန်နိုင်ငံ JICA အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ SME လုပ်ငန်းများတွင်
ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်လာ စေရန်နှင့်
အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန် အတွက် “5 S
Seminar for SME Manufacturing Sector” ကို (၂၉.၅.၂၀၁၈) ရက်နေ့တွင်
ရန်ကုန်မြို့၊ UMFCCI ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းများနှင့် SME
လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ဦး အားလည်းကောင်း၊ (၁.၆.၂၀၁၈) ရက်နေ့တွင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ စက်မှုဝန်ထမ်း နှင့် SME လုပ်ငန်းရှင်
(၉၆) ဦး အားလည်းကောင်း၊ (၅.၆.၂၀၁၈) ရက်နေ့တွင် မန္တလေးမြို့၌
စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၀၀) ဦးအားလည်းကောင်း၊ (၈.၆.၂၀၁၈)
ရက်နေ့တွင် မကွေးမြို့၌ စက်မှု ဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၄၂)
ဦးအားလည်းကောင်း၊ (၁၂.၆.၂၀၁၈) ရက်နေ့ တွင် တောင်ကြီးမြို့၌
စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၉၂) ဦးအားလည်းကောင်း၊
စုစုပေါင်းစက်မှုဝန်ထမ်းနှင့်SME လုပ်ငန်းရှင် (၅၃၀) ဦးတို့အား 5S
ဆိုင်ရာဗဟုသုတ များမျှဝေခဲ့ပါသည်။

From 8-03-2018 to 16-06-2018
11:45 AM
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည်
Genius ကော်ဖီလုပ်ငန်း၊ Maximax Solution နှင့်ပူပေါင်း၍ SME
လုပ်ငန်းရှင်များ အား ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများ
ပိုမိုသိရှိစေရန်နှင့် ချေးငွေလျှောက်ထားရာတွင် တင်ပြဆောင်ရွက်ရမည့်
Financial Statement ဆိုင်ရာ သဘောတရားများကို သိရှိစေရန် "Strategic
Finance for MSMEs" သင်တန်းကို (၈.၃.၂၀၁၈) ရက်နေ့တွင်
မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၃၁)
ဦးကိုလည်းကောင်း၊ (၂၉.၃.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာစက်မှုဇုန်ခန်းမ၌ SME လုပ်ငန်းရှင် (၃၀) ဦး ကိုလည်းကောင်း၊
(၂၉.၅.၂၀၁၈) ရက်နေ့မှ (၃၀.၅.၂၀၁၈) ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့၌ SME လုပ်ငန်းရှင် (၃၀) ကိုလည်းကောင်း၊ (၁၅.၆.၂၀၁၈) ရက်နေ့မှ (၁၆.၆.၂၀၁၈) ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ SME လုပ်ငန်းရှင် (၃၆) ဦး ကိုလည်းကောင်း ဘဏ္ဍာရေးဆိုင်ရာဗဟုသုတ များမျှဝေဆွေးနွေးပို့ချပေးခဲ့ပါသည်။
အဆိုပါ
သင်တန်းများတွင် Maximax Solution ၏ CEO ဆရာဦးသန်းအောင်မှ Introduction to
Strategic Planning၊ Strategic Plan in to Financial Action၊ Building
Financial Statements for a New Business၊ Funding or Financing Plan၊
Operation Plan၊ Capital Expenditure Plan၊ Industry and Market Research
ဘာသာရပ်များကို Presentation များဖြင့်လည်ကောင်း၊ Case Study များဖြင့်လည်းကောင်း ဆွေးနွေးပို့ချပေးခဲ့ရာ
တက်ရောက် လာသည့် လုပ်ငန်းရှင်များမှ ငွေကြေးဆိုင်ရာ
စီမံခန့်ခွဲမှုအကြောင်းအရာများကို ပိုမိုနားလည် ခဲ့ကြပြီး၊
လုပ်ငန်းခွင်တွင် ပိုမိုအကျိုးရှိ၊ ထိရောက်စွာ အသုံးချနိုင်ကြမည်ဖြစ်ပါသည်။

From 26-02-2018 to 17-03-2018
11:30 AM
နေပြည်တော်ကောင်စီ၊ Linn Computer & Service Center
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည်
SME လုပ်ငန်းရှင် များအား ၎င်းတို့၏လုပ်ငန်းများစွမ်းဆောင်ရည်
ကောင်းမွန်စေရန်အတွက် လက်တွေ့ပြင်ဆင် လိုက်နာ ရမည့် အကြောင်းအရာများကို
သိရှိစေရန် ရည်ရွယ်၍ Productivity Improvement သင်တန်း ကို (၂၆.၂.၂၀၁၈)
ရက်နေ့မှ (၂၇.၂.၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျင်းပ
ပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် ( ၃၀) ဦးကိုလည်းကောင်း၊ (၅.၃.၂၀၁၈) ရက်နေ့မှ
(၆.၃.၂၀၁၈) ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ
SME လုပ်ငန်းရှင် (၂၆) ဦး ကိုလည်းကောင်း၊ (၉.၃.၂၀၁၈) ရက်နေ့မှ (၁၀.၃.၂၀၁၈)
ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်ခန်းမ၌
ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၂၆) ဦးကိုလည်းကောင်း၊ (၁၃.၃.၂၀၁၈)
ရက်နေ့မှ (၁၄.၃.၂၀၁၈) ရက်နေ့အထိ မန္တလေးတိုင်း ဒေသကြီး၊ စက်မှုကြီးကြပ်ရေး
နှင့်စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ SME
လုပ်ငန်းရှင် (၃၂) ဦးကိုလည်းကောင်း၊ (၁၆.၃.၂၀၁၈) ရက်နေ့မှ (၁၇.၃.၂၀၁၈)
ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ Linn Computer & Service Center ၌ ကျင်းပ
ပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၂၄) ဦးကိုလည်းကောင်း
လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆွေးနွေး
ပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းများတွင်
နိုင်ငံတကာ၌နာမည်ရထားသည့် Kaizen Method များကို JICA Training Center ၏
Productivity Center Professors များမှ သင်ကြားပို့ချပေးခဲ့သည့်
Productivity Improvement သင်တန်းတက်ရောက်ခဲ့သော ဒေါ်မူမူအေးမှ ပြန်လည်၍
Waste Elimination၊ 5S၊ Small Group Activity များကို
ကုန်ထုတ်လုပ်မှုတိုးတက်စေရန်၊ ကုန်ကျစရိတ်များလျော့ချစေရန်၊
လုပ်ငန်းခွင်အတွင်း လုပ်သားများအန္တရာယ်ကင်းရှင်းစေရန်၊ လုပ်ငန်းခွင်အတွင်း
မလိုလားအပ်သည့် ကင်းရှင်းစေရန်စသည့် ပညာရပ်များကို ဆွေးနွေး
ပို့ချပေးခဲ့ရာ SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများစွမ်းဆောင်ရည်
ကောင်းမွန်စေ ရန်အတွက် လက်တွေ့ပြင်ဆင်လိုက်နာရမည့် အကြောင်းအရာများကို
ပိုမိုသိရှိလာမည် ဖြစ်ပါသည်။

10-02-2018
11:30 AM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှဦးစီး၍
ကိုရီးယားသမ္မတ နိုင်ငံရှိ Ajou University နှင့် Start up Campus တို့တွင်
ဖွင့်လှစ်ခဲ့သည့် ICT Global Start up Program သို့ တက်ရောက်ခဲ့သော
သင်တန်းသား၊ သင်တန်းသူများမှ SME လုပ်ငန်းရှင် များအတွက် ICT နည်းပညာဖြင့်
Start up Business ထူထောင်ခြင်းများ၊ Marketing Strategy များရေးဆွဲခြင်း၊
Business Problem Solving များဖြေရှင်းခြင်း စသည့် ၄င်းတို့ ရရှိခဲ့သည့်
အတွေ့အကြုံများအား Information Sharing ပြုလုပ်၍ တက်ရောက်လာသည့် SME
လုပ်ငန်းရှင်များအား One Stop Service အနေဖြင့် SME Member Card များ
ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ “Information Sharing Workshop” ကို
(၁၀.၂.၂၀၁၈)ရက်နေ့၌ Center of Excellence, Incubation Center (CoE) အမှတ်
(၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်
ကျင်းပပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၉၂) ဦး တက်ရောက်ခဲ့ကြပါသည်။