Business Matching

2023-03-08
11:00
နေပြည်တော်
Health Tourism: Merging Services with Technologies Panel and Virtual Matchmaking ကို (၁၅. ၃. ၂၀၂၃) ရက်နေ့ နှင့် (၂၁. ၃. ၂၀၂၃) ရက်နေ့တွင် Virtual ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် https://www.aseanaccess.com/matchmaking.html တွင် Register ပြုလုပ်၍ တက်ရောက် နိုင်မည်ဖြစ်ပါသည်။ Register ပြုလုပ်ရန်နည်းလမ်းများကို အဆိုပါ Link တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။ ကျင်းပပြုလုပ်မည့် နေ့ရက်နှင့်အချိန်ကို Flyer တွင် ဖော်ပြထားပါသည်။ အဆိုပါ Business Panel နှင့် Matchmaking Events များသို့ တက်ရောက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသည့် Market Trends ဖြစ်ပေါ်နေမှုများအားသိရှိနိုင်ခြင်း၊ Business Partner များနှင့်ချိတ်ဆက်နိုင်ခြင်း၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ Health Tourism: Merging Services with Technologies Panel and Virtual Matchmaking သို့ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ တက်ရောက် နိုင်ရေးအတွက် သတင်းကောင်းပါးအပ်ပါသည်။

2023-03-08
11:00
နေပြည်တော်
Switch to Green: Packaging (Virtual Cross- Border Business Matchmaking & Business Panel) ကို ASEAN Match Platform တွင် (၁၀. ၃. ၂၀၂၃) ရက်နေ့၊ ထိုင်းနိုင်ငံစံတော် (10 am – 6 pm) အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် https://www.aseanaccess.com/matchmaking.html တွင် Register ပြုလုပ်၍ တက်ရောက်နိုင်မည်ဖြစ်ပါသည်။ Register ပြုလုပ်ရန်နည်းလမ်းများကို အဆိုပါ Link တွင် လည်းကောင်း၊ Register ပြုလုပ်နည်းများ၊ Matchmaking Meeting အတွက် Book Meeting ပြုလုပ်ရန် နည်းလမ်းများပါဝင်သည့် Video ဖိုင် နှင့် အသေးစိတ်အချက်အလက်များကို https://www.aseanaccess.com/calendar/eventdetail/563/-/switch-to-green-packaging.html တွင်လည်းကောင်း ဝင်ရောက် လေ့လာနိုင်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြင့် Sustainable Packing နှင့်စပ်လျဉ်းသည့် သိကောင်းစရာများနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား သိရှိနိုင်ခြင်း ၊ Business Partner များနှင့် ချိတ်ဆက်နိုင်ခြင်း၊ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Switch to Green: Packaging ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် Virtual Cross- Border Business Matchmaking & Business Panel သို့ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ တက်ရောက်နိုင်ရေးအတွက် သတင်းကောင်းပါးအပ်ပါသည်။

2022-07-21
1:00 pm
နေပြည်တေ်
ASEAN- Korean Center
(AKC) နှင့် ASEAN Coordinating Committee on MSMEs(ACCMSME)
တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ASEAN-ROK Startup Week
2022 ကို ၂၀၂၂ ခုနှစ်၊စက်တင်ဘာနှင့်
အောက်တိုဘာလများအတွင်း Online ဖြင့်
ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။အဆိုပါASEAN-ROK
Startup Week 2022 တွင်
အောက်ပါ Program
များ ပါဝင်မည်ဖြစ်ပါသည်-(က) Acceleration Programme: ပြိုင်ပွဲဝင် Startups များနှင့် Korean/ Global Startup ကျွမ်းကျင်သူများအား
AKC မှ ချိတ်ဆက်ပေးခြင်း(ခ) Business Meetings: ASEAN Startup များနှင့် Korean/
Global မှ Venture Capital များနှင့် တွေ့ဆုံဆွေးနွေးနိုင်
ရန် စီစဉ်ပေးခြင်း၊(ဂ) Pitching Contest: Startup များမှ ၎င်းတို့၏ Business
Model များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအား အကဲဖြတ် ဒိုင်များ၏
ရှေ့မှောက်တွင် ရှင်းလင်းတင်ပြရမည် ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၃၀,၀၀၀နှင့်Next Rise 2023 တွင် ပါဝင်နိုင်ခွင့်၊ ဒုတိယဆု
အမေရိကန်ဒေါ်လာ ၁၀,၀၀၀၊ တတိယဆုအမေရိကန်ဒေါ်လာ ၅,၀၀၀ အသီးသီးချီးမြှင့်ခြင်း၊ပါဝင်ယှဉ်ပြိုင်မည့် Startup များအနေဖြင့်
အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ဖြစ်ပါသည်--လုပ်ငန်းတည်ထောင်သော သက်တမ်း (၇) နှစ်နှင့်
အောက်ဖြစ်ရမည်။-သုံးစွဲသူများ၏တုံ့ပြန်မှုရရှိရန်အတွက်
ဈေးကွက်အတွင်း စမ်းသပ်ဖြန့်ချိထားပြီး သော(Minimal Viable Product-MVP ထုတ်လုပ်ထားပြီးသော) Startup
များဖြစ်ရန် လိုအပ်ပြီး အဆိုပါထုတ်ကုန်သည်
ထုတ်ကုန်ပစ္စည်းအသစ်သော်လည်းကောင်း၊ ရှိရင်းစွဲထုတ်ကုန်ကို နည်းပညာအသစ်ဖြင့်
ထုတ်လုပ်ထားခြင်းသော်လည်း ကောင်း ဖြစ်ရမည်။-ပါဝင်ယှဉ်ပြိုင်သော Startup ကိုယ်စားလှယ်များသည်
ပိုင်ရှင်(သို့မဟုတ်) စီမံခန့်ခွဲမှု ဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများ (C
Level) ဖြစ်ပြီး အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်။သတ်မှတ်ချက်များနှင့် ကိုက်ညီသော Startup လုပ်ငန်းများ၏ အမည်စာရင်းအား
တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့ရှိ
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှတစ်ဆင့် (၂၉.၇.၂၀၂၂)
ရက်နေ့နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်မည့် Startup များအနေဖြင့် အောက်ဖော်ပြပါ Registration Form တွင် ဖြည့်စွက်၍ybjin@aseankorea.org၊izniza.albakri@asean.orgတို့သို့(၅.၈.၂၀၂၂) ရက်နေ့နောက်ဆုံးထား၍ပေးပို့နိုင်ပါကြောင်းASEAN-ROK
Startup Week 2022 တွင်
ပါဝင်ယှဉ်ပြိုင်ရန် အတွက် Startup
လုပ်ငန်းများအား
ဖိတ်ခေါ်အပ်ပါသည်။

15-05-2015
10:15 AM
International Business Center (IBC)၊ ရန်ကုန်မြို့
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် Japan –
Myanmar Association (JMA) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ
စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများ
ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့်
ဂျပန်နိုင်ငံ၊ Japan Myanmar Association (JMA) တို့ ပူးပေါင်းပြီး SME
Business Matching Workshop အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ (၁၅)
ရက်နေ့တွင် ရန်ကုန်မြို့ရှိ International Business Center (IBC) တွင်
ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ
တက်ရောက်ဆွေးနွေးခဲ့ပါသည်။

22-09-2015
11:30 AM
International Business Center (IBC)၊ ရန်ကုန်မြို့
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် Japan –
Myanmar Association (JMA) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ
စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများ
ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် 3rd Myanmar – Japan Business Matching
အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ရန်ကုန်မြို့ရှိ
International Business Center (IBC) ၌ ကျင်းပပြုလုပ်ပေးခဲ့ရာ
နိုင်ငံပိုင်လုပ်ငန်း(၃)ခု၊ ပုဂ္ဂလိကလုပ်ငန်း(၄၂)ခုတို့မှ လုပ်ငန်းရှင်များ
တက်ရောက်၍ ဂျပန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

23-02-2017
1:00 PM
UMFCCI ၊ ရန်ကုန်မြို့၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် Japan –
Myanmar Association (JMA) တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ
စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများ
ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် 4th Myanmar – Japan Business Matching
အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ပေးခဲ့ရာ
နိုင်ငံပိုင်လုပ်ငန်း(၂)ခု၊ ပုဂ္ဂလိကပိုင်လုပ်ငန်း(၂၆)ခုတို့မှ
လုပ်ငန်းရှင်များ တက်ရောက်၍ ဂျပန်ကုမ္ပဏီ (၉)ခုမှ လုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

6-03-2017
1:00 PM
UMFCCI ၊ ရန်ကုန်မြို့
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်
Japan Myanmar Economy & Investment Center (JMEIC) တို့ ပူးပေါင်း၍
ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ
လုပ်ငန်းရှင်များ တွေ့ဆုံ၍ စီပွားရေးအရ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အတွက်
"Myanmar - Japan SME Business matching 2017" ကို ၂၀၁၇ခုနှစ်၊ မတ်လ
(၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ရာ
မြန်မာ့စီးပွားရေးလုပ်ငန်း(၄၈) ခုမှ လုပ်ငန်းရှင်များ တက်ရောက်၍
ဂျပန်စီးပွားရေးလုပ်ငန်း(၉) ခုမှ လုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

19-03-2018
12:00 PM
UMFCCI Office Tower ၊ ရန်ကုန်မြို့၊
စက်မှုဝန်ကြီးဌာန၊
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ၊
Japan-Myanmar Economic & Investment Center (JMEIC)တို့ ပူးပေါင်းပြီး
SME Seminar & Business Exchangeအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉)
ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ Office Tower ၌
ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊
UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန် SME လုပ်ငန်း(၂၁)ခုမှ
လုပ်ငန်းရှင် (၂၇)ဦးနှင့် မြန်မာလုပ်ငန်းရှင်(၈၅)ဦးတက်ရောက်ခဲ့ကြပါသည်။