လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ၏လုပ်ငန်းတာဝန်များ
(၁) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပကတိအခြေအနေ၊ လိုအပ်ချက်များနှင့် အခက်အခဲများကို လေ့လာသုံးသပ်ခြင်း၊ |
(၂) |
အေဂျင်စီနှင့် အေဂျင်စီရုံးခွဲများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို သုံးသပ်ခြင်း၊ |
(၃) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ သင်တန်းကျောင်းများ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့ အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို သုံးသပ်ခြင်း၊ |
(၄) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်သုံးသပ်ခြင်း၊ |
(၅) |
ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ဆန်းစစ် သုံးသပ်၍ မိမိနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များ ကို နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် သုံးသပ်ခြင်း၊ |
(၆) |
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးတွင် ပါဝင်မှု၊ ပြည်ပသို့ တင်ပို့မှုနှင့် ပြည်ပမှ တင်သွင်းမှုများအပေါ် သုံးသပ်ခြင်း၊ |
(၇) |
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အလုပ်အကိုင်ဖန်တီးပေး နိုင်မှုနှင့် အနိမ့်ဆုံးရရှိသည့် လုပ်ခလစာ၊ လုပ်ငန်းအမျိုးအစားအလိုက် ရင်းနှီး မြှုပ်နှံမှုများနှင့် ထွက်ကုန်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင်ရရှိမှုများ ကို စိစစ်သုံးသပ်ခြင်း၊ |
(၈) |
လုပ်ငန်းသုံးသပ်ချက်များနှင့် သက်ဆိုင်သည့် အစီရင်ခံစာများကို လုပ်ငန်း ကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ တင်သွင်းခြင်းနှင့် အများပြည်သူသို့ အခါ အားလျော်စွာ ထုတ်ပြန်ကြေညာခြင်း။ |