The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

International Market Expension

30-08-2022
10:00 am
နေပြည်တော်
ASEAN Access Webportal(www.aseanaccess.com)နှင့်ASEAN Access Match Webportal (match.aseanaccess.com)တို့ကိုACCMSME၏ ဦးဆောင်မှုဖြင့်ရေးဆွဲခဲ့ပြီးASEAN Access Webportalကို(၁၆.၆.၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ASEAN Access Match Webportalကို(၂၅.၁.၂၀၂၂)ရက်နေ့တွင် လည်းကောင်းLaunchingပြုလုပ်ခဲ့ပါသည်။ASEAN Access Webportalကို ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးဆိုင်ရာသတင်းအချက်အလက်များ၊International Tradeဆိုင်ရာအချက်အလက်များ၊ အာဆီယံနိုင်ငံများမှကျင်းပပြုလုပ်သည့်Eventများအား လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဒေသတွင်းSMEလုပ်ငန်းများကို အထောက်အပံ့ပေးလိုသည့် နိုင်ငံအလိုက်Service Providerများအနေဖြင့်Distribution၊Business Matchmaking၊Co- Working၊Market Access Consultancy၊Law & Regulation၊Intellectual Propertyစသည်ဖြင့် မိမိနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရွေးချယ်၍Registerပြုလုပ်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ASEANဒေသတွင်းSMEများအနေဖြင့်Service Provider Data Bankအတွင်း မိမိချိတ်ဆက်လိုသည့်Service Providerအားရွေးချယ်၍ အကြံဉာဏ်ရယူဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ASEAN Access Match Webportalတွင်လည်း သက်ဆိုင်ရာနိုင်ငံများမှ ကဏ္ဍအလိုက်Eventsများ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာSMEများအနေဖြင့်ASEAN Accessနှင့်ASEAN Access Matchတို့တွင်Registerပြုလုပ်၍Market Talkများ၊Business Matchmakingများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည့်Webinarများစသည်တို့သို့ တက်ရောက် ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ASEAN Accessနှင့်ASEAN Access Matchများသို့ ဝင်ရောက်လေ့လာခြင်းဖြင့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနိုင်ပြီး နိုင်ငံတကာဈေးကွက်သို့ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင်ASEAN Access Matchမှ ကျင်းပပြုလုပ်သည့်Eventsများသို့ မြန်မာSMEများ ပါဝင်တက်ရောက်ခြင်းဖြင့်ASEANဒေသတွင်းနိုင်ငံများမှ လုပ်ငန်းရှင်များနှင့်Networkချိတ်ဆက်နိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါWebportalများကိုRegisterပြုလုပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။-www.aseanaccess.com-https://match.aseanaccess.com
From 8-09-2016 to 9-09-2018
11:45 AM
နေပြည်တော်၊ MICC-2
စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Service (MPS) Co.,Ltd တို့ပူးပေါင်း၍ စက်မှုနည်းပညာများ၊ ထုတ်ကုန်ပစ္စည်းများ၏ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ SME ထုတ်ကုန်များနှင့်မြန်မာနိုင်ငံသားတိုင်း၏ တီထွင်မှုစိတ်ကူးစိတ်သန်းများ တိုးပွားလာစေရန် ရည်ရွယ်၍ “The International Technology & Industry Show” နိုင်ငံတကာနည်းပညာ ပြပွဲကို (၈.၉.၂၀၁၆) ရက်နေ့မှ (၁၀.၉.၂၀၁၆) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ ပထမအကြိမ်အဖြစ်လည်းကောင်း၊ (၂၇.၁.၂၀၁၇) ရက်နေ့မှ (၂၉.၁.၂၀၁၇) ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ (၂၅.၈.၂၀၁၇) ရက်နေ့မှ (၂၇.၈.၂၀၁၇) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ တတိယအကြိမ်အဖြစ်လည်းကောင်း၊ (၂၆.၁.၂၀၁၈) ရက်နေ့မှ (၂၈.၁.၂၀၁၈) ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ (၇.၉.၂၀၁၈) ရက်နေ့မှ (၉.၉.၂၀၁၈) ရက်နေ့အထိ နေပြည်တော် MICC-2 ၌ ပဉ္စမအကြိမ်အဖြစ်လည်းကောင်း၊ ကျင်းပခဲ့ရာ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ အလားအလာရှိသော SME Products များ ပါဝင်ပြသရောင်းချ၍ SME Products များအား Market ချိတ်ဆက်ခြင်းဖြင့် Promotion ပြုလုပ်ခဲ့ပါသည်။ အဆိုပါ နိုင်ငံတကာနည်းပညာပြပွဲတွင် ကချင်ပြည်နယ်မှ မက်လင်ချဉ်သီး ဖျော်ရည်၊ ရှီးပတီးမြစ်၊ ပယင်း ခေါင်းအုံးများ၊ ကယားရိုးရာ အဝတ်အထည်များ၊ ကရင်ရိုးရာ အဝတ်အထည်များ၊ မွန်ပြည်နယ်မှ ယိုမျိုးစုံ နှင့်မှိုခြောက်၊ ပန်းခြောက်များ ဆား ထုတ်ကုန်များ၊ ရှမ်းရိုးရာ အဝတ်အထည်နှင့်လက်ဖက်ခြောက်၊ ချင်း ဒေသထွက် တောင်ပေါ်ကော်ဖီများ၊ မန္တလေးဒေသထွက် ပဲဆီမျိုးစုံနှင့် ကြယ်ပဲများ၊ဧရာဝတီတိုင်းဒေသကြီး မှကြိမ်ထည်ပစ္စည်းများ၊ တနင်္သာရီ တိုင်းဒေသကြီးမှ ငါးပိ၊ ငါးခြောက် နှင့်ငံပြာရည်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကြာဇံနှင့် ဆေးအမျိုး မျိုးအမယ် (၂၀၀) ခန့် ပြသရောင်း ချနိုင်ခဲ့ပါသည်။ ၄င်းနိုင်ငံတကာနည်းပညာ ကုန်စည်ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်း အားဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ Potential ထွက်ကုန်များအား ပြည်တွင်း စားသုံးသူများသိရှိ လာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန်ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။
From 1-01-2014 to 31-12-2015
11:30 AM
SME Center
မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များဖြင့် ဖက်စပ်လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ဂျပန်နိုင်ငံရှိ SME လုပ်ငန်းများ၏ နည်းပညာများရရှိစေရန် ဂျပန်နိုင်ငံတွင် လုပ်ငန်းညှိနှိုင်းဖလှယ်၍ လေ့လာရေးအစီအစဉ်များ သင်တန်းများ ကျင်းပပေးရန်အတွက် ဂျပန်နိုင်ငံရှိ (SMRJ-Small and Medium Enterprises and Regional Innovation, Japan) အဖွဲ့အစည်းမှ SMEs Development Department နှင့် ပူးပေါင်းလျက် Survey မေးခွန်းများကောက်ယူပြီး မြန်မာနိုင်ငံမှလုပ်ငန်းရှင် (၂၂) ဦးကို ရွေးချယ်လျက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ပါ သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံရှိ SME လုပ်ငန်းများ၏ နည်းပညာများနှင့် ထုတ်ကုန် ပစ္စည်းများကိုင်တွယ် ဖြေရှင်းသည့်နည်းလမ်းများ၊ မြန်မာ SME လုပ်ငန်းများအား ဂျပန်နိုင်ငံ နှင့် အာဆီယံနိုင်ငံများသို့ ဖိတ်ခေါ်၍ လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း၊ လုပ်ငန်း ဆိုင်ရာများနှီးနှောဖလှယ်ခြင်း၊ သင်တန်းများပို့ချခြင်း၊ ပညာပေးခြင်း၊ ဂျပန်ကုမ္ပဏီများသို့ လေ့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ပါသည်။ မြန်မာ SMEs များ International Market သို့ Online စနစ်ဖြင့် ဝင်ရောက် နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် "Paving the Way for SME in Myanmar" proposed programme ကို UNESCAP UNIDO Hans Seidel Foundaion UMFCCI တို့ နှင့် ပူးပေါင်း၍ SME များနှင့် ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ Myanmar SME Link Platform မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Platformသည် လုပ်ငန်းရှင်များအတွက် ကိုယ်ပိုင်စာမျက်နှာတစ်ခုရရှိခြင်း၊ စီးပွားရေးအခွင့်အလမ်းများပိုမိုရရှိသေခြင်း၊ အထောက်အပံ့ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအားအလွယ်တကူ လက်လှမ်းမှီစေခြင်း၊ နိုင်ငံတကာစျေးကွက်နှင့် ချိတ်ဆက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
From 20-10-2016 to 22-10-2016
1:00 PM
Yangon
UBM Asia (Thailand) Co.,Ltd နှင့် Myanmar Industrial Association (MIA) တို့ ပူးပေါင်း ၍"Intermach & Subcon Myanmar 2016" ပြပွဲနှင့် Business Matching ကို (၂၀.၁၀.၂၀၁၆) ရက်နေ့မှ (၂၂.၁၀.၂၀၁၆) ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ SME လုပ်ငန်းရှင်များ တက်ရောက် ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၂၂) နိုင်ငံမှ အီလက်ထရွန်းနစ်နှင့် မော်တော်ကားစက်ရုံ များတွင် အသုံးပြုသော စက်ယန္တရားအစိတ်အပိုင်း (၅၀၀) တို့အား ထိုင်းနိုင်ငံမှ ကုမ္ပဏီများ၊ MIA မှ (၂၅) ဦးနှင့် MES မှ (၂၀) ဦးခန့် ပြပွဲတွင်ပါဝင်ပြသခဲ့ပြီး Business Matching ကိုလည်း ပြုလုပ်ခဲ့ပါသည်။ Intermach & Subcon Myanmar 2016 Exhibition နှင့် Business Matching ကျင်းပခြင်းတွင်မြန်မာ SMEs များပါဝင်ခွင့်ရရှိသဖြင့်် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ ရရှိခြင်း၊ Business Partner ရှာဖွေနိုင် သည့် အခွင့်အလမ်းများရရှိခြင်း၊ ထုတ်ကုန်များအား ပါဝင်ပြသနိုင်ခြင်း၊ မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များမှ စက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်မှုများ တိုးတက်စေခြင်း၊ စက်ရုံအလုပ်ရုံများတွင် အသုံးပြုလာခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် စွန့်ဦးတီထွင်သူများ တိုးတက်များပြားစေခြင်းစသည့် အကျိုး ကျေးဇူး များရရှိခဲ့ပါသည်။
From 10-10-2016 to 13-10-2016
1:15 PM
Yangon
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guaungzhou မြို့၌ Secretariat of the Organizing Committee of China Inter-national SME Fairမှ ကြီးမှူး ၍(၁၀.၁၀.၂၀၁၆) ရက်နေ့မှ (၁၃.၁၀.၂၀၁၆) ရက်နေ့အတွင်း ကျင်းပပြုလုပ်သော“13th China International Small & Medium Fair (CISMEF)” ပြပွဲသို့မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များ၏ ထုတ်ကုန်ပစ္စည်းများအား သွားရောက်ခင်းကျင်းပြသနိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ Secretariat of the Organizing Committee of China International SME Fair တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ ပါသည်။ ၄င်း CISMEF ပြပွဲကျင်းပခြင်းဖြင့် မြန်မာSMEများ၏ထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာမှ လုပ်ငန်းရှင်များ သိရှိအောင် မိတ်ဆက်နိုင်ခြင်း၊ အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများ၊ တီထွင်ဆန်းသစ် မှုများနှင့် အရည်အသွေးတို့ ကို လေ့လာနိုင်ခြင်း၊ နိုင်ငံတကာမှ လုပ်ငန်းရှင်များ နှင့်အတွေ့အကြုံ ဖလှယ်နိုင် ခြင်း၊စီးပွားရေးအရချိတ်ဆက် ဆောင်ရွက်ရန် အခွင့်အရေး ရရှိခြင်းစသည့် အကျိုးကျေးဇူး များဖြစ်ထွန်းလာမည် ဖြစ်ပါ သည်။
From 10-10-2017 to 13-10-2017
9:00 AM
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Guangzhou
အစိုးရအဆင့်မြင့်အရာရှိများအား နိုင်ငံတကာပြပွဲ အတွေ့အကြုံများ ရှိစေနိုင်ရန်နှင့် မြန်မာ SME လုပ်ငန်းရှင်များအား International Global Supply Chain သို့ ဝင်ရောက်နိုင်စေရန်အတွက် Bureau of China International SME Fair မှ ကြီးမှူး၍ 14th China International SME Fair (14th CISMEF)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Guangzhou မြို့တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ပြခန်း(၁၀)ခန်းရယူ၍ ဝင်ရောက် ပြသသူ လုပ်ငန်းရှင်(၁၀)ဦးနှင့် သွားရောက်လေ့လာသူ (၁၈)ဦး၊ စုစုပေါင်း(၂၈)ဦး သွားရောက်ခဲ့ ပါသည်။