(၁) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ |
(၂) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် နှစ်ပတ်လည်တိုးတက်မှု အစီရင်ခံစာကို လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ တင်သွင်းခြင်း၊ |
(၃) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ လုပ်ငန်းသဘောသဘာဝ အလိုက် ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များကို လျော့နည်းစေရန် ပံ့ပိုးကူညီ ဆောင်ရွက်ခြင်း၊ |
(၄) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို လိုအပ်သည့် ဝန်ဆောင်မှု များ ပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ အေဂျင်စီရုံးခွဲများ တည်ထောင်ခြင်း နှင့် တစ်နေရာတည်းဝန်ဆောင်မှုပေးသည့်အဖွဲ့များ တည်ထောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ |
(၅) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ဥပဒေ ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
(၆) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကြံဉာဏ်ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် သင်တန်းများပေးခြင်း ၊ |
(၇) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တည်ထောင်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ |
(၈) |
သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များနှင့်ပူးပေါင်း လျက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိစေရန် ငွေကြေးမဟုတ်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း၊ |
(၉) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ပြည်ပစီးပွားရေး လုပ်ငန်းများပူးပေါင်း၍ စီးပွားရေးကွန်ရက်များ တည်ထောင်နိုင်ရန်ဆောင်ရွက် ပေးခြင်း၊ |
(၁၀) |
တီထွင်ကြံဆမှုနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးကို မြှင့်တင်နိုင်ရန်အတွက် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အချင်းချင်း ယှဉ်ပြိုင် ဆောင်ရွက်မှုကို တွန်းအားပေးခြင်း၊ ကုန်စည်နှင့် နည်းပညာပြပွဲများ ကျင်းပပေးခြင်း၊ |
(၁၁) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော အငြင်း ပွားမှုများကို အကြံပေးခြင်း၊ ညှိနှိုင်းဖြန်ဖြေပေးခြင်းနှင့် ခုံသမာဓိနည်းဖြင့် ဖြေရှင်းနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ |
(၁၂) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေအတိုင်ပင်ခံ အဖွဲ့ အစည်းများ၊ လုပ်ငန်းထူထောင်ရေး အတိုင်ပင်ခံ ဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်နိုင်ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊ |
(၁၃) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိန်း ဂဏန်းဆိုင်ရာ စာရင်းများကို ကောက်ယူခြင်း၊ အဆင့်ဆင့် စစ်ဆေးခြင်း၊ မှတ်တမ်း တင်ထားရှိခြင်းနှင့် လိုအပ်ချက်နှင့်အညီ အသုံးပြုခြင်း၊ |
(၁၄) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခွင့် ပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ မှတ်ပုံတင် သက်တမ်း သတ်မှတ်ပေးခြင်း၊ |
(၁၅) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရန် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပြည်တွင်းနှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ |
(၁၆) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်ရေး နည်းလမ်းများ အကောင်အထည်ဖော်ရန်အတွက် ငွေကြေး အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ အကြံဉာဏ် ရယူခြင်း၊ |
(၁၇) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအမျိုးအစားမှ ပြောင်းလဲ ဖြစ်ပေါ် လာပြီး နောက် ၃ နှစ်အထိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း၏ အဆင့်အတန်းကို ထိန်းသိမ်းထားရှိခြင်း။ |