The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

Local Market Expension

15-1-2023
2 pm
နေပြည်တော်
၁။ E-market Place for Myanmar Products Platform ဆိုတာ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း MSME ထုတ်ကုန်များ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်ပေးမည့် Digital Platform ပဲဖြစ်ပါသည်။ ဒီ Platform ကိုအသုံးပြုခြင်းဖြင့် မတူညီသည့်နေရာဒေသများမှ လုပ်ငန်းမျိုးစုံတို့ရဲ့ သတင်းအချက်အလက်များကို တစ်စုတစ်စည်းတည်း လွယ်ကူလျင်မြန်စွာရှာဖွေ နိုင်ပြီး လုပ်ငန်းများနှင့်အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါသည်။ E-market Place for Myanmar Products Platform တည်ထောင်ခြင်းတွင် အထူးအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက် (၃) ရပ်အနက်မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး ပြည်တွင်းဖြစ် ထုတ်ကုန် များစွာ ထုတ်လုပ်လာနိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်ရေးကို ဦးတည် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ပြည်တွင်းထုတ်ကုန် များအားပေးမြှင့်တင်ခြင်းနဲ့ ၎င်းတို့အတွက်ဈေးကွက်များ ချိတ်ဆက်ပေးခြင်းကို ချက်ချင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ Way forward အနေဖြင့် Short Term, Long Term ကာလတို၊ ကာလရှည်မှာလဲ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါသည်။ ၂။ E-market Place for Myanmar Products Platform ကို Mobile နှင့် Cloud Technology အခြေခံသည့် ERP (Enterprise Resource Planning) System ဖြင့် တည်ဆောက်ထားတာ ဖြစ်ပါ သည်။ စီးပွားရေးကဏ္ဍများစီမံခန့်ခွဲရာတွင် အသုံးပြုသည့် System တစ်ခုဖြစ်ပြီး ERP Software System သည် စီမံချက်များ၊ ရောင်းဝယ်မှုများ၊ အရောင်းကိုးကားဖော်ပြချက်များ၊ ငွေကြေးတွက်ချက်မှု များ၊ ဈေးကွက်မြှင့်တင်ရေးများနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ဆောင်ရွက် ရာတွင် လွန်စွာအထောက်အကူဖြစ်စေပါသည်။ တိုးတက်ပြောင်းလဲလာသော ခေတ်နဲ့အညီ စီးပွားရေး လုပ်ငန်းတော်တော်များများမှာ
7-12-2022
10:00 am
နေပြည်တေ်
စက်မှုဝန်ကြီးဌာနထုတ်ကုန်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့ရှိMSMEလုပ်ငန်း (၁၀၀) ခုတို့၏ ထုတ်ကုန်များ ပြသရောင်းချနိုင်ရေးအတွက်E-Market Place for Myanmar Products Platform၏ စတင်မိတ်ဆက်ခြင်း (Launching)အား (၂၆.၁၁.၂၀၂၂) ရက်နေ့တွင်Grand Aster Villa၌ ပြုလုပ်ခဲ့ပါသည်။
25-12-2022
3:00 pm
နေပြည်တေ်
MSME ထုတ်ကုန်များအား လွယ်ကူလျင်မြန်စွာ ရောင်း၀ယ်ခြင်းဖြင့် ဈေးကွက် ပိုမို ကျယ်ပြန့်စွာ ရရှိလာနိုင်ရေးအတွက် "E- Market Place for Myanmar Products Platform(www.emartmmp.gov.mm) အား ၂၆.၁၁.၂၀၂၂ရက်နေ့တွင်စတင် လွှင့်တင်ခဲ့ပြီးဖြစ်သောကြောင့် MSMEsများ၏ထုတ်ကုန်များ နှင့်စက်မှု၀န်ကြီးဌာန၏ထုတ်ကုန်များကို အဆိုပါ platform မှတဆင့် လေ့လာကြည့်ရှု၍ ဝယ်ယူအား‌ပေးနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါး အပ်ပါသည်။
From 11-08-2017 to 13-08-2017
12:45 PM
ရန်ကုန်မြို့၊ တပ်မတော်ခန်းမ
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Bagan Trade.com & Event pro တို့ပူးပေါင်း၍ အာဆီယံနှစ်(၅၀) ပြည့်အထိမ်းအမှတ်အဖြစ် Smart Living Expo 2017 and ASEAN 50 Anniversity ကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ (၁၁.၈.၂၀၁၇) ရက်နေ့မှ (၁၃.၈.၂၀၁၇) ရက်နေ့ထိ ကျင်းပခဲ့ရာ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ အလားအလာရှိသော SME Products များ ပါဝင်ပြသရောင်းချ၍ SME Products များအား Market ချိတ်ဆက် ခြင်းဖြင့် Promotion ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြပွဲရှိ SME ဌာနပြခန်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ MSMEs ထုတ်ကုန်များ စျေးကွက်အခွင့်အလမ်းရရှိရန် အတွက် ပြသရောင်းချပေးခဲ့ပါသည်။
From 21-09-2017 to 23-09-2017
1:00 PM
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park
UBM Myanmar မှ ဦးဆောင်၍ မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များအတွက် Processing and Packaging ဆိုင်ရာများ တိုးတက်စေရန်၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိစေရန်နှင့်စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ Processing and Packaging ပြပွဲ “Propak Myanmar 2017 Trade Exhibition” ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် (၂၁.၉.၂၀၁၇) ရက်နေ့မှ (၂၃.၉.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့် စျေးကွက်မြှင့်တင်ရေးဌာနမှ တိုင်းနှင့်ပြည်နယ် (၁၀) ခုရှိ SME Products များအား ပါဝင်ပြသ ရောင်းချ၍ Market ချိတ်ဆက်ခြင်းဖြင့် စျေးကွက်မြှင့်တင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ၄င်းကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ Potential ထွက်ကုန်များအား ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာ စေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။
From 2-11-2017 to 4-11-2017
1:00 PM
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)
AMB Tarsus Exhibitions (Myanmar) Pte Ltd.မှကြီးမှူး၍ MYANFOOD’ 2017 နှင့် MYANHOTEL’2017 ပြပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) တွင် (၂.၁၁.၂၀၁၇) ရက်နေ့မှ (၄.၁၁.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ တိုင်းနှင့်ပြည်နယ် (၁၀) ခုရှိ SME Product များကို ပါဝင်ပြသရောင်းချ၍ SME Products များအား Market ချိတ်ဆက်ခြင်းဖြင့် Promotion ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ စားသောက်ကုန်နှင့် ဟိုတယ်ကဏ္ဍရှိ SME လုပ်ငန်းများအတွက် ပြည်တွင်း စားသုံးသူများသိရှိ လာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။
From 23-11-2017 to 25-11-2017
1:00 PM
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP)
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park (MEP) တွင် (၂၃.၁၁.၂၀၁၇) ရက်နေ့မှ(၂၅.၁၁.၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သော “MYANWATER’ 17, INTERNATIONAL WATER & WASTE WATER TECHNOLOGY SHOW” ပြပွဲတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် နှင့်အညီ တာဝန်ယူဆောင်ရွက်သည့် SME အဆင့်မြင့် ထွက်ကုန်များ ခင်းကျင်းပြသရာတွင် နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ SME Product များနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားခြင်းနှင့်ပြသရောင်းချခြင်းများပြုလုပ်၍ SME လုပ်ငန်းများ အတွက် စျေးကွက်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ယခုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ရေသန့်နှင့် ရေဆိုးရေညစ်သန့်စင်သည့် SME လုပ်ငန်းများအတွက် ပြည်ပနည်းပညာနှင့် စက်ပစ္စည်းများအကြောင်း ပိုမိုသိရှိ၍ စျေးကွက်ချိတ်ဆက်နိုင်ခြင်း၊ ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ ထုတ်ကုန်များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင်နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။
From 2-02-2018 to 4-02-2018
1:15 PM
ရန်ကုန်မြို့၊ တပ်မတော်ခန်းမ
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ (၂.၂.၂၀၁၈) ရက်နေ့မှ (၄.၂.၂၀၁၈) ရက်နေ့အထိ ပဉ္စမအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (Fifth Myanmar Food Exhibition 2018) ကို ကျင်းပပြုလုပ်ခဲ့ရာ၊ နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနမှ ဝန်ထမ်းများ ပါဝင်ပြီး၊ ပြည်နယ်နှင့်အသီးသီးမှ SME စားသောက်ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များအား ခင်းကျင်းပြသရောင်းချ၍ စျေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုကဲ့သို့ပြပွဲတွင် SME ထုတ်ကုန်များအား ပြသရောင်းချခြင်းအားဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ စားသောက်ကုန်ကဏ္ဍရှိ SME လုပ်ငန်းများအတွက် ပြည်တွင်း စားသုံးသူများသိရှိလာခြင်း၊ Potential ထွက်ကုန်များအားစျေးကွက်ပိုမိုရရှိလာခြင်း၊ ထုတ်ကုန် များ စျေးကွက်အသစ်ရရှိလာခြင်း၊ ထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် ကောင်းလာစေရန် ပြုပြင် နိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိခဲ့ပါသည်။
From 23-02-2018 to 1-07-2018
From 1:15 PM to 11:15 AM
မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ တောင်ကြီး
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှု ဖြင့် MSMEs (Micro, Small & Medium Enterprise) လုပ်ငန်းများ၏ စွန့်ဦးတီထွင်မှု များကို အားပေးမြှင့်တင်ရန်၊ ယှဉ်ပြိုင်မှု အားကောင်းလာစေရန်နှင့် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် "MSME Trade Promotion & Regional Award" ပြပွဲပြိုင်ပွဲအား စက်မှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ (၂၃.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိ အားကစားကွင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ (၂၄.၃.၂၀၁၈) ရက်နေ့မှ (၂၆.၃.၂၀၁၈) ရက်နေ့အထိ မကွေးတိုင်း ဒေသကြီး မြို့တော်ခန်းမနှင့် ကျောက်တိုင်ပန်းခြံကွင်း၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၁၈) ရက်နေ့မှ (၁၄.၅.၂၀၁၈) ရက်နေ့ထိ ဧရာဝတီ တိုင်းဒေသကြီး မြို့တော်ခန်းမနှင့် ကန်သုံးဆင့်ကွင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်း၍ (၂၉.၆.၂၀၁၈) ရက်နေ့မှ (၁.၇.၂၀၁၈) ရက်နေ့ထိ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့တော်ခန်းမနှင့် ကျောက်တိုင်ကွင်း၌ လည်းကောင်း၊ ကျင်းပပြုလုပ်၍ စျေးကွက်ပိုမိုရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။ ၄င်းထုတ်ကုန်ပြိုင်ပွဲများတွင် အငယ်စား၊ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များမှ တီထွင် ဆန်းသစ်မှုများ၊ ခေတ်မီအတွေးအခေါ်များဖြင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ထားသည့် ထုတ်ကုန်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြပွဲပြိုင်ပွဲများတွင် ပါဝင်ပြသကြသူ လုပ်ငန်းရှင် များ၊ ဒေသခံပြည်သူများနှင့်ဒေသအလိုက် MSME များ အားလုံးအတွက် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပါသည်။ အဆိုပါ MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သက်သက် သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ ယဉ်ကျေးမှုများ၊ ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှုစသည့် အကျိုးကျေးဇူးများ ထပ်လောင်းထားသည့် အကျိုးများစွာ ရှိသော ပြပွဲ၊ ပြိုင်ပွဲတစ်ခု ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ (MSMEs) အချင်းချင်း ချိတ်ဆက်ပြီး တီထွင်ဆန်းသစ်မှု၊ ထုတ်ကုန်အသစ်များ၊ အတွေ့အကြုံသစ်များ၊ စိတ်ကူး အသစ်များ အကောင်အထည်ဖော်ရန်နှင့် စီးပွားရေးဈေးကွက်အသစ်များ ချဲ့ထွင်ရန်အတွက် ကျင်းပသော ပြပွဲနှင့်ပြိုင်ပွဲများဖြစ်ပြီး ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူများစွာ ဖြစ်စေသည့်အတွက် MSMEs များအတွက် များစွာ အကိုးကျေးဇူး ရရှိစေခဲ့ပါသည်။