ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းတာဝန်များ
(၁) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အတိုးသက်သာသော ချေးငွေများ ရရှိနိုင်ရေး ၀န်ဆောင်မှု ပေးနိုင်ရန်အတွက် နှစ်စဉ် ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ခန့်မှန်း ခြေငွေစာရင်းတွင် ထည့်သွင်း လျာထားရန်၊ လုပ်ငန်းကော်မတီသို့ တွက်ချက် တင်ပြခြင်း၊ |
(၂) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက် အကူပြု ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေ တစ်ရပ်အား လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ အဆိုပြု တင်ပြခြင်း၊ |
(၃) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကို နိုင်ငံတော်မှ ထောက်ပံ့ငွေ၊ ပြည်တွင်း ပြည်ပ ငွေကြေးအဖွဲ့အစည်းများမှ အကူအညီ ရရှိငွေ၊ အလှူရှင်များမှ လှူဒါန်းငွေ မိမိ၀န်ဆောင်မှု လုပ်ငန်းများမှ ၀န်ဆောင်ခ ရရှိငွေ တို့နှင့် ထူထောင်ထားရှိခြင်း၊ |
(၄) |
ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသော အဖွဲ့အစည်းများနှင့် မှတ်ပုံတင် ထားရှိသော အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ |
(၅) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ အတိုးသက်သာစွာ သတ်မှတ်သော အထူးချေးငွေ တစ်ရပ် နှင့် ပြည်တွင်း ပြည်ပ ဘဏ်များ၊ ငွေကြေး အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများမှ ရရှိနိင်သည့် အတိုးမဲ့ချေးငွေ အတိုး သက်သာသော ချေးငွေ သာမန် အတိုးနှုန်း ချေးငွေ အရပ်ရပ်တို့ကို ရယူပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်နှင့် သက်ဆိုင်ရာဘဏ်များမှ တစ်ဆင့် မှတ်ပုံတင် ထားရှိသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက် ချိတ်ဆက် ချေးယူနိုင်ရန် စီစဉ်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ |
(၆) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ငွေကြေးကျခံသုံးစွဲခြင်း၊ |
(၇) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား သာမန်ချေးငွေ၊ အတိုးနှုန်း သက်သာသောချေးငွေ၊ အတိုးမဲ့ချေးငွေ၊ ပြန်လည် ပေးဆပ်စရာ မလိုသော အကူအညီ ငွေများ ရရှိရန်အတွက် အထောက်အကူပြုရန် ချေးငွေဆိုင်ရာ သတင်းအချက်အလက် ဌာနကို တည်ထောင်ခြင်း၊ |
(၈) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ငွေချေးရာတွင် ဆုံးရှုံးမှု များကာကွယ်နိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ချေးငွေ အာမခံ ကုမ္ပဏီများ၊ ချေးငွေ အာမခံ ကော်ပိုရေးရှင်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခြင်း။ |
- ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် ငွေကြေးဆိုင်ရာ ကိစ္စများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တို့နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရမည်။