The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

Incubation Center Activities

From 1-08-2016 to 31-08-2018
2:45 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Hamsahub ကုမ္ပဏီ နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် အထည်ချုပ်လုပ်ငန်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် Garment HRD Training ကို (၄) ကြိမ်ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၁၄၄) ဦးကိုလည်းကောင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြှင့်နိုင်ရန်အတွက် Garment Productivity Training ကို (၂၄) ကြိမ်ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၂၅၇) ဦးကိုလည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင် ပေးနိုင်ရန်အတွက် "Business Innovation Facility HR and Productivity" သင်တန်း (၂) ကြိမ်ကိုကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၃၇) ဦးကိုလည်းကောင်း၊ "Intervention B Production Training" ကို (၃) ကြိမ် ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် စုစုပေါင်း (၄၁) ဦးကိုလည်းကောင်း သက်ဆိုင်ရာ အသိပညာများ မျှဝေဆွေးနွေး ပေးခဲ့ပါသည်။ ၄င်းအပြင် Global Market တွင် ယှဉ်ပြိုင်နိုင်စွမ်း ရရှိစေရန်အတွက် "Myanmar needs to go global to beat Competition" သင်တန်းများ၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ အတွက် စတိုင်ကျကျ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရန် ရည်ရွယ်၍ "Stylish Sunday : Personal Grooming Class for Business Women" သင်တန်းများ၊ အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ "Internet Literacy for Business Executives" သင်တန်းများ၊ MSMEs Products များအား စျေးကွက်ချိတ်ဆက်နိုင်ရန် အတွက် Marketing Survey အထောက်အကူပြု "Capacity Building" သင်တန်းများ၊ သဘာဝကော်ပြုလုပ်သည့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများကို ဖွင့်လှစ်၍SME လုပ်ငန်းရှင် များအတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများအား ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။
From 28-02-2017 to 26-06-2017
1:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် OECD အဖွဲ့အစည်း ERIA အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ "First National Workshop for ASEAN SME Policy Index 2018" အလုပ်ရုံဆွေးနွေးပွဲ ကို Center of Excellence, Incubation Center (CoE) တွင် (၂၈.၂.၂၀၁၇) ရက်နေ့ တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ (၂၇.၆.၂၀၁၇) ရက်နေ့ တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲများတွင် ASEAN SME Policy Index 2018 တွင် ဖော်ပြ မည့် Policy Index Performance Indicators Dimensions များနှင့် ပတ်သက်၍ OECD မှ Senior Advisor, Mr.Antonio Fanelli, Project Manager, Mr. Max Bulakov skiy နှင့် Junior Policy Analyst, Mr.Kazumasa OBA၊ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်ထွန်းတို့မှ ဦးဆောင်၍ သက်ဆိုင်ရာ Stake holder များနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် Efficient Policy Priorities နှင့် Measure Inputs များထည့်သွင်းရန်အတွက် လိုအပ်ချက်များ သိမြင်လာခြင်းနှင့် မူဝါဒများရေးဆွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာ တိုင်းတာသည့် အချက်အလက်များ သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါ သည်။
From 28-04-2018 to 5-05-2018
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် AMARA KHIT ကုမ္ပဏီနှင့်ပူးပေါင်း၍ မြန်မာအမျိုးသမီးများရဲ့ လုပ်နိုင်စွမ်းများ၊ ပုံရိပ်များကို ထိရောက်စွာ ပြောင်းလဲပေးနိုင်ရန်အတွက် Women Empowerment and Career Development Program ကို (၂၈.၄.၂၀၁၈) ရက်နေ့မှ (၅.၅.၂၀၁၈) ရက်နေ့အထိ Center of Excellence, Incubation Center (CoE) တွင် ကျင်းပပြုလုပ် ခဲ့ရာ အမျိုးသမီး SME လုပ်ငန်းရှင် (၁၇) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါပရိုဂရမ်တွင် မြန်မာအမျိုးသမီးများအနေဖြင့် အပြင်အဆင်၊ အလှအပ နေထိုင်တတ်ရုံ သာမက မိမိ၏အားသာချက်၊ အားနည်းချက်များကို ကိုယ်တိုင်သိမြင်ပြီး မိမိလက်ရှိ လုပ်ကိုင်နေသည့်ဘဝကို ကျေနပ်နှစ်သက်နေစေရန်၊ အကြောင်းကြောင်းကြောင့် အလုပ်ထွက်ရ သော်ငြား မိမိနှစ်သက်ရာ လုပ်ကိုင်ရင်းဖြင့် တစ်ဖက်တစ်လမ်းကဝင်ငွေရရှိရန်အတွက် side business တစ်ခုခု လုပ်ကိုင် တတ်ရန်၊ လက်မှုပစ္စည်းများကို ကိုယ်တိုင်တီထွင်လုပ်ကိုင်ပြီး Amara Khit Company နှင့် ပူးပေါင်း၍ Homepreneur တစ်ယောက်ဖြစ်လာစေရန်နှင့် စစ်မှန်သည့် Self - Esteen တက်လာစေရန်အတွက် Career Development ကိုအခြေခံ၍ မိမိကိုယ်ကို Empower လုပ်နိုင် စေရန် ရည်ရွယ်၍ AMARA KHIT ကမ္ပဏီ၏ Managing Director ဒေါ်ရွှေသီရိခေတ်မှ Self Discover နည်းလမ်းကို အသုံးပြု၍ ဆွေးနွေးပို့ချပေးခဲ့ပါသည်။ ၄င်းသင်တန်းတွင် Understanding a True Value of Yourself : (မိမိ၏လက်ရှိ အနေအထားကို နားလည်အောင် သုံးသပ်ခြင်း)၊ Improving Thinking Power to Grow Your Inner Strength and Creativity (မိမိအားဖိနှိပ်ထားသည့်အရာမျာကို တွန်းကန်ပြီး ကိုယ်ပိုင်အားသာချက် များကို ပျိုးထောင်ခြင်း)၊ Self-paced Reflection Exercises များ၊ Work Sheet Assignment များကို Weekday များတွင် အိမ်မှာတင်လုပ်၍ရနိုင်ရန်အတွက် Online မှ Work Sheet များပေးပို့၍ Assignment တင်ရခြင်း၊ မိမိတွင်လိုအပ်သော ဆုံမှတ်ကိုတွေ့ရှိရန်အတွက် The Art of Self-discovery (မနက်အိပ်ယာမှနိုးထသည့် အခါတိုင်း အသက်ရှင်ရပ်တည်လိုသည့် အကြောင်းအရာများအား ရှာဖွေခြင်း) စသည့် အဓိကခေါင်းစဉ် (၄) ခုဖြင့် အမျိုးသမီးများ၏ လုပ်နိုင်စွမ်းများကို ဖော်ထုတ်၍ ဆွေးနွေး ပို့ချပေးခဲ့ပါသည်။
27-05-2017
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း နှင့်ပူးပေါင်း၍ မိရိုးဖလာလုပ်ငန်းများမှ ဈေးကွက်ဝင် စမတ်ကျသော လုပ်ငန်းများပေါ်ပေါက် လာစေရန် ရည်ရွယ်၍ "Traditional SMEs to Smart SMEs" ​ခေါင်းစဉ်ဖြင့် Saturday SME Talk ဆွေးနွေးပွဲကို (၂၇.၅.၂၀၁၇) ရက်နေ့၌ Center of Excellence, Incubation Center (CoE)၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၁၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလက်ဖက်အသင်း၏ ဥက္ကဌ ဦးကျော်သီဟ၊ U Tin Engineering တည်ထောင်သူ ဦးတင်ဦး၊ ပုသိမ်မြို့ရှိ နေမင်းဆားလုပ်ငန်းပိုင်ရှင် ဦးစိန်မောင်၊ တွင်၊ သံဂဟေ စက်မှုလက်မှုလုပ်ငန်းပိုင်ရှင် ဦးအောင် (မန္တလေး) တို့မှ Panelist များအဖြစ် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်မှ Moderator အဖြစ်လည်းကောင်း ဆောင်ရွက်၍ ခေတ်မှီနည်းပညာများကိုအသုံးပြု၍ မိမိတို့၏ထုတ်ကုန်များအား စျေးကွက် ဝင်ဆံ့ကာရေရှည်တည်တံ့နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပုံများ၊ နိုင်ငံခြားမှ တင်သွင်းသည့် ခေတ်မှီစက်ပစ္စည်းများဝယ်ယူရန် ခက်ခဲပုံများ၊ ပြည်တွင်းလုပ်ငန်းရှင်တချို့မှ စက်ပစ္စည်း များအားကိုယ်တိုင်ထုတ်လုပ်၍ သုံးစွဲခဲ့ရာ အောင်မြင်မှုရရှိပုံများ၊ ၄င်းတို့မှာ ပြည်တွင်းရှိ SME များအား တစ်ဖက်တစ်လမ်းမှ တတ်စွမ်းသ၍ လုပ်ငန်းနှင့်သင့်လျှော်မည့် စက်ပစ္စည်းများကို တီထွင်ဖန်တီးပေးလျှက်ရှိသည့် သတင်းအချက်အလက်များနှင့် လိုအပ်သည့် ကုန်ကြမ်း၊ စက်ပစ္စည်း၊ နည်းပညာစသည်တို့ ရရှိရန်အတွက် ချိတ်ဆက်နိုင်မည့် လမ်းစများကို ဆွေးနွေးခဲ့ ကြပါသည်။
16-09-2017
3:00 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ လ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း နှင့်ပူးပေါင်း၍ အောင်မြင်မှုရရှိနေသည့် SME လုပ်ငန်းရှင်များထံမှ အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ရယူနိုင်ရန်အတွက် “Moving Forward to Digital Economy with Innovation” ​ခေါင်းစဉ်ဖြင့် Saturday SME Talk ဆွေးနွေးပွဲကိုCenter of Excellence, Incubation Center (CoE) တွင် (၁၆.၉.၂၀၁၇) ရက်နေ့၌ ပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၁၃၇) ဦး တက်ရောက် ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာထွန်းသူရသက်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် The First Walls Lab Innovation Idea Competition ၏ Winner ဒေါ်ခင်စန္ဒာဝင်းတို့မှ Panelist များအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ၏CEO ဦးအောင်အောင်မှ Moderator အဖြစ်လည်းကောင်းဆောင်ရွက်၍ Digital Economy ၏အရေးပါမှုများ၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ Digital Economy အသုံးပြုမှုကွာဟချက်များ၊ Digital Economy မှ International Market သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ယှဉ်ပြိုင်နိုင်စွမ်း၊ အခွင့်အလမ်းများနှင့် အရေးပါမှုများကို ဆွေးနွေးခဲ့ ကြပါသည်။
16-09-2017
3:15 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ဒိန်းမတ်နိုင်ငံအစိုးရ၊ ဒိန်းမတ်သံရုံးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့သည် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် Energy Efficiency ကဏ္ဍ၊ Value-Added Food Processing ကဏ္ဍနှင့် Waste Water Treatment ကဏ္ဍများရှိ SME များအား Responsible Business Fund များနှင့် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ "Denmark-Myanmar Country Programme 2016-2020" Responsible Business Fund Project ၏Individual Agreement အပေါ်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုချုပ်ဆိုသည့် အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) မိုင်၊ သလ္လာဝတီလမ်းရှိCenter of Excellence, Incubation Center (CoE) ၌ (၂၅.၁.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ အရာထမ်းများ၊ ဒိန်းမတ်အစိုးရ၊ ဒိန်းမတ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံစက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ RBF နှင့်ပတ်သက်၍ စိတ်ပါဝင်စားသည့် SME လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် Media များနှင့် Journalist များစုစုပေါင်း (၈၃) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား၌ RBF Myanmar ၏ Team Leader Mr. Amarnath Reddy မှ မြန်မာ SME များအတွက် RBF Grant ထောက်ပံ့မှုအကြောင်းများ၊ RBF အထောက် အပံ့ပေးမည့် သတ်မှတ်ချက်များ၊ လျှောက်ထားရန်အတွက် လိုအပ်ချက်များ၊ ပြန်လည်ပေးဆပ် ရမည့် ပုံစံများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ RBF အထောက်အပံ့ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးမှ ၄င်းလျှောက်ထားရရှိမှုအတွက် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။