Financial news

2023-09-21
ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊
ပြည်ပမှစားသုံးဆီတင်သွင်းမှုလျော့ချနိုင်စေရန် နှင့် အရည်အသွေးမီ
စားသုံးဆီများထုတ်လုပ်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ
စံသတ်မှတ်ချက်များနှင့် စိစစ်၍
ပထမအကြိမ်ဆီစက်ချေးငွေများ ပေးအပ်ခဲ့ပြီးဖြစ် ပါသည်။ ယခုအခါ ပထမအကြိမ် ဆီစက်ချေးငွေလျှောက်ထားခဲ့သည့်
လုပ်ငန်းရှင်များအနေဖြင့် ဆီစက် ချေးငွေ လက်ခံရရှိခြင်းမရှိသေးပါက
ဒုတိယအကြိမ် ပြန်လည်လျှောက်ထားနိုင်ပါကြောင်းနှင့်
ဆီစက်ချေး ငွေရယူလိုသော လုပ်ငန်းရှင်များသည် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံဖြင့်
ဖြည့်စွက်လျှောက်ထားရမည် ဖြစ်ပြီး ဆီစက်ချေးငွေအဆိုပြုလွှာပုံစံနှင့် ချေးငွေလျှောက်ထားရာတွင်
လေ့လာပြင်ဆင်နိုင်ရန် ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာစံသတ်မှတ်ချက်များကို
အောက်ဖော်ပြပါ pdf ဖိုင်တွင် Download ရယူနိုင်ပါသည်။ ချေးငွေအဆိုပြုလွှာအတွက် ပိတ်သိမ်းမည့်ရက်မှာ
(၂၃-၁၀-၂၀၂၃) ရက်နေ့၊ ရုံးချိန်အတွင်း ဖြစ်ပါသည်။
ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းပြီး
စာအိတ် ပေါ်တွင် “ဆီစက်ချေးငွေအဆိုပြုလွှာပေးပို့ခြင်း” ဟုဖော်ပြ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောဖြင့် အောက်ဖော်ပြပါ
လိပ်စာသို့ပေးပို့ရမည် ဖြစ်ပါသည်။ အတွင်းရေးမှူး၊ ဆီစက်လုပ်ငန်းများ၏
ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့၊ (ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်၊ ဖုန်း-၀၆၇၃-၄၀၈၃၇၈၊ အီးမေးလ်-disidgoffice@gmail.com)

2023-08-14
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်များအား အောက်ဖော်ပြပါ pdf file တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

2022-12-02
ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ရိုးမဘဏ်လီမိတက်နှင့်ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာလုပ်ငန်း အသီးသီးနှင့် သင့်လျော်သော ဘဏ်ဝန်ဆောင်မှု(ချေးငွေ)ပိုင်းဆိုင်ရာ ကိစ္စရပ်များအား သိရှိဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရိုးမဘဏ်လီမိတက် Business Banking Division မှ MSME ချေးငွေနှင့် Agri Product, Supply Change, Home Loan နှင့်ပတ်သက်သော သိကောင်းစရာများကို MSME လုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားသည့် “ဘဏ်ဝန်ဆောင်မှု(ချေးငွေ)ပိုင်းဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား” ကို (၂.၁၂.၂၀၂၂) ရက်နေ့တွင် အမှတ်(၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ MSME Center (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ MSME ဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ရိုးမဘဏ်မှတာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်(၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။