Financial Information
(က) Two Step Loan (TSL) ချေးငွေအစီအစဉ်
၁။ Two Step Loan (TSL) စီမံချက်ကို မြန်မာ့စီးပွားရေးဘဏ် (ဘဏ္ဍာရေးဝန်ကြီးဌာန)နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းလျက် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ (Working Committee)ကို ဖွဲ့စည်းခဲ့ပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ Two Step Loan ချေးငွေ (Phase I) အစီအစဉ်တွင် ဂျပန်ယန်း (၅)ဘီလီယံနှင့်ညီမျှသောမြန်မာကျပ်ငွေကို Participating Financial Institution များဖြစ်သည့် ပုဂ္ဂလိကဘဏ် (၆)ခုတို့မှတစ်ဆင့် ထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းရှင်များမှ ပြန်လည် ပေးဆပ်သည့် လှည့်ပတ်ရန်ပုံငွေကိုလည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိပါသည်။ အဆိုပါ ချေးငွေနှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)ဆောင်ရွက်သည့်ဘဏ် | - အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊သမဝါယမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် |
(ခ) အတိုးနှုန်း | - ၅.၅ % (အပေါင်ပစ္စည်းတင်ပြနိုင်လျှင်) |
(ဂ) ချေးငွေသက်တမ်း | - ၅ နှစ် (အများဆုံး) |
(ဃ) ချေးငွေပမာဏ | - ကျပ်သန်း ၅၀၀ (အများဆုံး) |
(င) အပေါင်ပစ္စည်း | - မြေနှင့်မြေပေါ်ရှိအဆောက်အဦ |
၂။ ဆက်လက်၍ Two Step Loan (Phase II) အစီအစဉ်အရ ဂျပန်ယန်း (၁၅) ဘီလီယံ နှင့်ညီမျှသော မြန်မာကျပ်ငွေကို ပုဂ္ဂလိကဘဏ် (၁၁)ခုတို့မှတစ်ဆင့် SME လုပ်ငန်းရှင်များသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစတင်၍ ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။ ယင်းအစီအစဉ်တွင် အပေါင်ပစ္စည်း တင်ပြရန်မလုံလောက်သော လုပ်ငန်းရှင်များအနေဖြင့် CGI စနစ်ကို အသုံးပြု၍လည်း ချေးငွေလျှောက်ထားနိုင်ပါသည်။ အဆိုပါ ချေးငွေနှင့်ပတ်သက်သောအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)ဆောင်ရွက်သည့်ဘဏ် | - မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ် |
(ခ) အတိုးနှုန်း | - ၅.၅ % (အပေါင်ပစ္စည်းတင်ပြနိုင်လျင်) ၆ % ~ ၁၀ % (CGI စနစ်ကျင့်သုံးလျှင်) |
(ဂ) ချေးငွေသက်တမ်း | - ၅ နှစ် (အများဆုံး) |
(ဃ) ချေးငွေပမာဏ | - ကျပ်သန်း ၅၀၀ (အများဆုံး) |
(င) အပေါင်ပစ္စည်း | - မြေနှင့်မြေပေါ်ရှိအဆောက်အဦ၊ CGI အာမခံ |
(ခ) မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးသည့် MSME ချေးငွေအစီအစဉ်
၃။ မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူအပ်နှံငွေများမှ SME လုပ်ငန်းရှင်များ အတွက် ငွေကျပ် (၂၅၀) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ထုတ်ချေးပေးလျက်ရှိပါသည်။ ယင်းချေးငွေအစီအစဉ်တွင် အာမခံပစ္စည်းတင်ပြရန် အခက်အခဲရှိသည့် လုပ်ငန်းရှင်များအနေဖြင့် CGI စနစ်ကို အသုံးပြု၍လည်း လျှောက်ထားနိုင် ပါသည်။ အဆိုပါချေးငွေနှင့်ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)ဆောင်ရွက်သည့်ဘဏ် | - မြန်မာ့စီးပွားရေးဘဏ် |
(ခ) အတိုးနှုန်း | - ၆.၅% (အပေါင်ပစ္စည်းပြနိုင်လျှင်) ၇ % ~ ၉ % (CGI စနစ်ကျင့်သုံးလျှင်) |
(ဂ) ချေးငွေသက်တမ်း | - (၃) နှစ် ~ (၅) နှစ် |
(ဃ) ချေးငွေပမာဏ | - ကျပ်သန်း ၃၀၀ (အများဆုံး) |
(င) အပေါင်ပစ္စည်း | - မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ စက်ပစ္စည်းများနှင့် CGI အာမခံ |
(စ) ဦးစားပေးကဏ္ဍများ | - ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ Recycling နှင့် Energy Saving လုပ်ငန်းများ၊ နည်းပညာအခြေခံ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ |
(ဂ) မြန်မာ့အာမခံလုပ်ငန်းနှင့်ပုဂ္ဂလိကဘဏ်များ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် Credit Guarantee Insurance (CGI) အစီအစဉ်
၄။ မရွှေ့ပြောင်းနိုင်သော မြေနှင့်အဆောက်အဦးကို အာမခံအပေါင်ပစ္စည်းအဖြစ်ဘဏ်သို့ တင်ပြနိုင်ခြင်းမရှိသော MSME လုပ်ငန်းရှင်များအနေဖြင့် CGI စနစ်ကိုအသုံးပြု၍ ဘဏ်သို့ ချေးငွေလျှောက်ထားနိုင်ပါသည်-
(က) ချေးငွေသက်တမ်း | - ၁ နှစ် |
(ခ) ချေးငွေပမာဏ | - ကျပ်သန်း ၂၀၀ (အများဆုံး) |
(ဂ) အတိုးနှုန်း | - ၁၃%(တစ်နှစ်ဘဏ်တိုးနှုန်း)+၂%(တစ်နှစ်စာပရီမီယံကြေး) ၁၃%(တစ်နှစ်ဘဏ်တိုးနှုန်း)+၃%(တစ်နှစ်စာပရီမီယံကြေး) |
(ဃ) အပေါင်ပစ္စည်း | - ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်မရွှေ့ပြောင်းနိုင်သောပစ္စည်းများ |
၅။ CGI ချေးငွေလျှောက်ထားရာတွင် ဘဏ်များသို့တင်ပြရန် အထောက်အထားတစ်ခုဖြစ်သည့် အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံစားများကို လျှောက်ထားလာသူ များအား စိစစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှ ထုတ်ပေးလျှက်ရှိပါသည်။