POLICIES AND INTERNATIONAL AFFAIRS FUNCTION
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့်ပြည်ပရေးရာဌာနမှ အောက်ဖော်ပြပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ပံ့ပိုးကူညီ ပေးလျက်ရှိပါသည်-
(၁) | အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ မူဝါဒနှင့်နည်းဥပဒေတို့တွင်ရေးဆွဲချမှတ်ထားသည့် အစီအစဉ်များနှင့်အညီ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ကူညီပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခြင်း၊ |
(၂) | ရေးဆွဲထားသည့်ဥပဒေ၊ မူဝါဒများကိုပြန်လည်သုံးသပ်၍ လိုအပ်ချက်များနှင့်အညီ ပြင်ဆင် ရေးဆွဲနိုင်ရေးဆောင်ရွက်ခြင်း၊ |
(၃) | MSME များ အသိပညာ၊ သတင်းအချက်အလက်များရရှိရန်နှင့် SME ဌာနမှ ပံ့ပိုးဆောင်ရွက် ပေးနေသည့်အစီအစဉ်များကိုသိရှိရန်အတွက် အာဆီယံမှထုတ်ဝေသော SME ဖွံ့ဖြိုးရေး ဆိုင်ရာစာအုပ်များ၊ SME Annual Report နှင့် အတည်ပြုပြီးသော SME Law၊ SME Policy၊ SME Rules တို့ကို ဖြန့်ဝေခြင်း၊ |
(၄) | အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ အေဂျင်စီနှင့်အဖွဲ့များ၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ |
(၅) | MSME ဖွံ့ဖြိုးရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိသော Development Partner များနှင့် ချိတ်ဆက်၍ အသိပညာပေး Workshop, Seminar, Training များ ကျင်းပရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ |
(၆) | အာဆီယံနိုင်ငံများနည်းတူ မြန်မာ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprises – ACCMSME) နှင့် ချိတ်ဆက်၍ဆောင်ရွက်ခြင်း၊ |
(၇) | အာဆီယံစီမံကိန်းဆိုင်ရာ ပြည်ပအလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ SME ဌာနမှ ကိုယ်စားလှယ်များနှင့် မြန်မာ SME လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး စီစဉ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ |
(၈) | ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ပူးပေါင်းဆောင်ရွက်လိုမှုများအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ရလဒ်များကိုတင်ပြ၍ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
(၉) | MSME ဖွံ့ဖြိုးတိုးတက်မှုများအတွက် အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပံ့ပိုးပေး သည့် စီမံကိန်းများရရှိရေးအတွက်ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
(၁၀) | MSME လုပ်ငန်းများ International Market သို့ ဝင်ရောက်နိုင်ရန်အတွက် Online Service ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ |
(၁၁) | New Normal တွင် မြန်မာ MSME များ ရှင်သန်ရပ်တည်နိုင်ရေး၊ ဒီဂျစ်တယ်နည်းပညာများ ကျယ်ပြန့်စွာအသုံးပြုနိုင်ရေးနှင့် သတင်းအချက်အလက် အသိပညာများရရှိရေးတို့အတွက် လိုအပ်သောအထောက်အပံ့များ ပေးနိုင်ရေးချိတ်ဆက်ဆောင်ရွက်ခြင်း၊ |