Capacity Building For SME Staff

From 20-12-2017 to 17-01-2018
12:30 PM
က။ ရုံးအမှတ် (၄၁)၊ နေပြည်တော် ခ။ Center of Excellence (CoE)/ Incubation Center အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် The Sun Institute
နှင့်ပူးပေါင်း၍ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ပေးနိုင်ရန်အတွက်
"Promoting for SME Development Training" ကို (၂၀.၁၂.၂၀၁၇) ရက်နေ့မှ
(၂၂.၁၂.၂၀၁၇) ရက်နေ့ထိ ရုံးအမှတ် (၄၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ
ရုံးချုပ်နှင့် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ SME
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးနေသော အရာထမ်း၊
အမှူထမ်းများ စုစုပေါင်း (၆၄) ဦးကိုလည်းကောင်း၊ (၁၅.၁.၂၀၁၈) ရက်နေ့မှ
(၁၇.၁.၂၀၁၈) ရက်နေ့ထိ Center of Excellence (CoE)/ Incubation Center အမှတ်
(၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ
ပြည်နယ်/ တိုင်းဒေသကြီးများမှ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဝန်ဆောင်မှုပေးနေသော အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၂) ဦးကိုလည်းကောင်း
စွမ်းဆောင်ရည်မြှင့် တင်ခြင်းဆိုင်ရာပညာရပ်များ ပံ့ပိုး ပေးနိုင်ခဲ့ပါသည်။
အဆိုပါသင်တန်းများတွင် The SUN
Institute ၏ Founder & President ဒေါ်အေးမြလှိုင်၊
ဆရာဦးကောင်းမြတ်ထွဋ်နှင့် ဆရာဦးညီညီအောင်တို့မှ Critical Thinking for
Leadership ဘာသာရပ်နှင့်ပတ်သက်၍ Mind Map နှင့် SWOT Analysis
ပြုလုပ်ပုံများ၊ Managing the Future၊ How Do you Design your Creativity?၊
Strategic Negotiation၊ Myanmar Banking Environment၊ Communication at Work Place၊ Time Management စသည်တို့နှင့်ပတ်သက်သည့် ပညာရပ်များကို ဆွေးနွေးပို့ချပေးခဲ့ကြပါသည်။

From 9-01-2017 to 9-02-2017
12:30 PM
SME Center၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Entrepreneurship Development
Network Asia (EDNA) အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်နယ်နှင့်
တိုင်းဒေသကြီး အသီးသီးရှိ SME ဝန်ထမ်းများမှ SME ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စီးပွားရေး လုပ်ငန်းများ မြှင့်တင် နိုင်စေရေးဆိုင်ရာ ဗဟုသုတများအား
လုပ်ငန်းရှင်များထံ မျှဝေနိုင်ရန်၊ စွန့်ဦးစီးပွားလုပ်ငန်းများ
ပေါ်ထွက်လာစေရန်၊ လုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာ အသိအမြင်များ
ပံ့ပိုးနိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်
ရည်ရွယ်၍ (၉.၁.၂၀၁၇) ရက်နေ့ မှ (၉.၂. ၂၀၁၇) ရက်နေ့အထိ ရန်ကုန်မြို့ရှိ SME
Center ၌ “စွန့်ဦးစီးပွားနည်းပညာနှင့် လုပ်ငန်း ဖွံ့ဖြိုးမှုမြှင့်တင်ရေး ToT နည်းပြ သင်တန်း” ကို ကျင်းပခဲ့ရာ SME Branches များမှ ဝန်ထမ်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင်
စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင် ကြုံတွေ့ရလေ့ရှိသော
အခက်အခဲများကို မိတ်ဆက်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို
မူဘောင် များဖြင့် စဉ်းစားတွေးခေါ်ဖြေရှင်းသည့် နည်းလမ်းများ၊
ဖောက်သည်များမှ တဆင့် စျေးကွက် ကိုခွဲခြမ်း စိတ်ဖြာသည့် နည်းလမ်းများ၊
မိမိတွင်ရှိသော အားသာချက်၊ အားနဲချက်များကို ကောင်းစွာအသုံးချနိုင်မည့်
နည်းလမ်းများ၊ လုပ်ငန်းခွင်တွင်း ငွေကြေးစီမံခန့်ခွဲမှု၊ မှတ်တမ်း
များပြုစုထားရှိမှု နည်းစနစ်များနှင့် လုပ်ငန်းခွင် စီမံခန့်ခွဲမှု
နည်းလမ်းများကို EDNA (Myanmar) အဖွဲ့အစည်း၏ Founder
ဒေါ်ကြည်ကြည်ငြိမ်းကိုယ်တိုင် ဦးစီး၍ သင်ကြားပေးခဲ့ပါသည်။
ထို့ပြင်သင်တန်းသားများမှ
မိမိသင်ယူခဲ့သော နည်းလမ်းများ၊ နည်းစဉ်များကို တိုင်းနှင့်
ပြည်နယ်အသီးသီးတွင် ကျယ်ပြန့်စွာရှိနေသော SME များအား
ပြန်လည်မျှဝေနိုင်စေရန် အတွက် Communication ပြုလုပ်ပုံ၊ Facilitator
& Mentor ကောင်းများအဖြစ် SME လုပ်ငန်းများကို အားပေးမြှင့်တင်
လမ်းပြပေးနိုင်မည့် နည်းလမ်းပြသမှုပုံစံများအား သင်ယူခဲ့ ရပါသည်။
သင်တန်းတွင် စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် လုပ်ငန်းအတွင်း
စနစ်ကျ အောင်မြင်သည့် စီးပွားရေးဖြစ်လာစေမည့် ချိတ်ဆက်တွေးခေါ်မှုများကို
သင်ကြားခဲ့ရ သဖြင့် SME လုပ်ငန်းများအား အခြေခံမှစ၍ ရုန်းထလာနိုင်သည့်
စီးပွားရေးလုပ်ငန်း ဖြစ်အောင် နည်းပေးလမ်းပြ ဆောင်ရွက်လာနိုင်မည်
ဖြစ်ပါသည်။
၄င်းအပြင် သင်တန်းသားများမှ
SME လုပ်ငန်းရှင်များအနေဖြင့် မိမိတွင်ရှိသော အရင်းအမြစ် များအပေါ် အခြေခံ၍
မျှော်မှန်းချက် ရောက်ရှိအောင် လုပ်ဆောင်သင့်သည့်အချက်များ၊
ပြင်ပအခြေအနေနှင့် ဖောက်သည်တို့၏ လိုအပ်ချက်များကို
ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ ကောင်းမွန်သော မဟာဗျူဟာ ချမှတ်ရမည့်
နည်းလမ်းများ၊ စီမံခန့်ခွဲမှုနှင့် စာရင်း ဇယားပိုင်းဆိုင်ရာ စနစ်တကျ
ဆောင်ရွက်ရမည့် နည်းလမ်းများကို ထပ်ဆင့်ပံ့ပိုးပေးသွား နိုင်မည် ဖြစ်ပါသည်။

From 6-09-2016 to 7-09-2016
12:30 PM
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ
ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ဝန်ထမ်းများ၏ Capacity
မြှင့်တင်နိုင်ရန် အတွက် Monitoring & Evaluation Training ကို
(၆.၉.၂၀၁၆) ရက်နေ့မှ (၇.၉.၂၀၁၆) ရက်နေ့ထိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား
(၂၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် Result
Based Mangement၊ Clarifying Information Needs, Data Collection Methods
and Tools၊ Monitoring Plan နှင့် Monitoring & Evaluation Action Plan
အကြောင်းအရာများကို သင်ကြားခဲ့ပါသည်။ ၄င်းသင်တန်းမှ
Mentoring ၏ အဓိပ္ပါယ်၊ Data စုဆောင်းခြင်းနည်းလမ်းများနှင့်
အချက်အလက်များ၊ ရလဒ်အမျိုးအစားများနှင့် အညွှန်းကိန်းဆိုင်ရာ ဝိသေသများ
စသည်တို့ကို သိရှိလေ့လာခွင့် ရခဲ့ပါသည်။

From 21-11-2016 to 8-03-2017
12:15 PM
ရန်ကုန်မြို့ရှိ SME Centre Reno Hotel Yangon
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ
ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ SME လုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် Stakeholder အချင်းချင်း အကျိုးရှိထိရောက်စွာ
ပူးပေါင်းဆောင်ရွက် နိုင်ရန် Stakeholder Collaboration Training ကို
(၂၁.၁၁.၂၀၁၆) ရက်နေ့မှ(၂၃.၁၁.၂၀၁၆) ရက်နေ့အထိ ရန်ကုန်မြို့ရှိ SME Centre ၌
လည်းကောင်း၊ (၆.၃.၂၀၁၇) ရက်နေ့မှ (၈.၃.၂၀၁၇) ရက်နေ့အထိ Reno Hotel Yangon
၌လည်းကောင်း ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ SME
ဝန်ထမ်း(၂၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ Stakeholder
Collaboration Training သို့ တက်ရောက်ခြင်းဖြင့် ဝန်ထမ်းများသည်
မိမိရည်မှန်းထားသော လုပ်ငန်းစဉ်ကို ရှင်းလင်းစွာသိမြင် နိုင်ရန် Mapping
နည်းစနစ်ကို သိမြင်လာခြင်း၊ Mapping အဆင့်တိုင်းတွင် မိမိပါဝင်သည့်
အခန်းကဏ္ဍကို သိရှိလာပြီး Target ရောက်အောင် ဆောင်ရွက်နိုင်ခြင်း၊
အခြားဆက်စပ် ဌာနများနှင့် င်ရွက် နိုင်ခြင်းတို့ကြောင့် မိမိတို့
ကိုယ်ပိုင် အရည်အချင်းများ တိုးတက်လာခြင်းစသော အကျိုး
ကျေးဇူးများကိုရရှိပါသည်။

27-04-2018
12:00 PM
ရုံးအမှတ် (၄၁)၊နေပြည်တော်
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ
ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ
ဝန်ထမ်းများအနေဖြင့် အချိန်နှင့်ထိရောက်မှု အချိုးအစား ကျသော၊ ရှေ့နောက်
ဆက်စပ်လျော်ညီသော သတင်းအချက်အလက်များနှင့် အရည်အသွေး ပြည့်ဝသော
ဝန်ဆောင်မှုများအား SME လုပ်ငန်းရှင်များကို ပံ့ပိုးပေးရာတွင် အထောက်
အပံ့ဖြစ်စေရေးအတွက် SME Guidebook Workshop ကို (၂၇.၄.၂၀၁၆) ရက်နေ့တွင်
နေပြည်တော်၊ ရုံးအမှတ် (၄၁) ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်
တိုင်းဒေသကြီးများမှ SME ဝန်ထမ်း (၂၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာရှိ SME များ ကျင့်သုံးလျက်ရှိသော
International Best Practices များနှင့် ဝန်ဆောင်မှုဆိုင်ရာ
အကြောင်းအရာများ၊ SME Guidebook တွင် ပါဝင်မည့် အခြေခံအကြောင်းအရာများ၊ SME
Guidebook ၏ ရည်ရွယ်ချက်များ၊ SME များ ဖွံ့ဖြိုးတိုးတက်စေရန်
ချဉ်းကပ်ဆောင်ရွက်ရမည့် အချက်များ၊ ပြည်တွင်း SME များ၏ စိန်ခေါ်မှုများကို
Identification ပြုလုပ်မှုများ၊ SME Finance Input အကြောင်းအရာ များနှင့်
ရှေ့ဆက်လက်ဆောင်ရွက်ရမည့်အဆင့်များကို ဆွေးနွေးခဲ့ကြပါသည်။
၄င်း Workshop မှ
ထွက်ပေါ်လာသော ဆွေးနွေးချက်များကို အခြေခံ၍ SME ထောက်ပံ့ကူညီမှုဆိုင်ရာ
လက်စွဲစာအုပ် (SME Guidebook) ကို ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း
ထုတ်ဝေခဲ့ပြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးချုပ်၊
နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ SME ရုံးခွဲ များသို့
ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ SME Guidebook (SME ထောက်ပံ့ကူညီမှုဆိုင်ရာ
လက်စွဲစာအုပ်) ရှိလာခြင်းကြောင့် အသေးစား နှင့်အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း
များအနေဖြင့်လုပ်ငန်း SME ကဏ္ဍများကို ပိုမိုနားလည်လာခြင်း၊
တာဝန်နှင့်ပတ်သက်၍ မရှင်းလင်းမှု၊ ရှုပ်ထွေးမှုများအား Reference အဖြစ်
အသုံးပြုနိုင်ခြင်း စသော အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။