NEWS

2025-02-10
ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၀. ၂. ၂၀၂၅) ရက်နေ့တွင်
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အတူ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
ကော်မတီဥက္ကဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်
ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကောင်စီအဖွဲ့ဝင်များနှင့်
ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ
MSME အေဂျင်စီ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊
အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊
တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ကြပါသည်။
ဦးစွာ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊
ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဌ
ဦးသန်းထွန်းဦးတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပါသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
တက်ရောက်လာကြသူများက ကြည့်ရှုအားပေး နှုတ်ဆက်ကြပါ သည်။

2025-01-11
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်(၁၁. ၁. ၂၀၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ရှိ၊
မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို
ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊
ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ
တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

2025-01-10
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၀. ၁. ၂၀၂၅)ရက်နေ့တွင်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မိတ္ထီလာမြို့
ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ
တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

2023-06-23
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၁၂.
၅. ၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် (MSME) များအား ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို
ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့်ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ
တွဲဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊
ပိုးရယ်အောင်သိန်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကို၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊
ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အစိုးရ
အဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ
သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း
သတင်းရရှိပါသည်။

2023-06-23
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၂၉.
၅. ၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသအတွင်းရှိအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်
(MSME) များအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
ဦးစီးရုံးခန်းမ၌ ဒေသဖွံ့ဖြိုး တိုးတက်ရေး
ဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့် ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်
ဦးခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

2023-06-23
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက်
စီးပွားရေးလုပ်ငန်းများထဲမှ
အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့်
အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို
အားပေးမြှင့်တင်ဆောင်ရွက်ခြင်းအားဖြင့်
စီးပွားရေးမောင်းနှင်
အားများကောင်းမွန်လာစေရန်၊
ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများစွာကို
ဖန်တီးပေးနိုင်စွမ်း ရှိခြင်းကြောင့် MSME များ ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့်
ရေရှည်တည်တံ့ခိုင်မြဲလာစေရန်၊
လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ
ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ
ဖြစ်ပေါ်လာသည့် ခေတ်ရေစီးကြောင်းများအရ
ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေ
ရန်၊ မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
သတင်းအချက်အလက်၊ နည်းပညာ နှင့် ငွေကြေးပံ့ပိုးမှုများ
လွယ်ကူစွာရရှိစေရန်၊ ပြည်တွင်းပြည်ပစျေးကွက်များသို့
လက်လှမ်းမီစေရန်နှင့်
ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားတိုးတက်စေရန်၊
ပြည်သူများအလုပ်အကိုင်အခွင့်
အလမ်းသစ်များနှင့်အတူ
ဝင်ငွေတိုးတက်ရရှိလာစေရန်၊
လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့်
အဟန့်အတားများကို လျော့ပါးစေရန် နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်
ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ
အစည်းအဝေး (၁/၂၀၂၃)
ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တက်ရောက်အမှာစကားပြောကြားခဲ့ပြီး
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊
ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီအဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌ၊
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက၊
မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
အထွေထွေအတွင်းရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ
ဝန်ကြီးချုပ်များက ဗီဒီယိုကွန့်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် အောက်ဖော်ပြပါ ဆုံးဖြတ်ချက် (၁၁)ချက်ကို ဆုံးဖြတ်ခဲ့သည်။• စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကို အခြေခံသည့်ထုတ်လုပ်မှု၊ ရော်ဘာကို အခြေခံသည့်ထုတ်လုပ်မှု၊ ဝါကို အခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့် လက်ဖက်ကို အခြေခံသည့်ထုတ်လုပ်မှု ၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေး၊ အသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုနှင့် တိရိစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် သေချာသည့်ကုန်ကြမ်းများကို အခြေခံသည့် ထုတ်လုပ်မှုများဖြစ်၍ ထိုကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်နေသည့် MSME လုပ်ငန်း များ၏ ထုတ်လုပ်မှု (Production) မြင့်မားလာစေရေး ပံ့ပိုးအားပေးမြှင့်တင်ရန်၊• စိုက်ပျိုးမွေးမြူရေးကို အခြေခံထုတ်လုပ်မည့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး လိုအပ်သည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းအချို့ကို ပြည်တွင်းရှိ MSME များမှ ချိတ်ဆက် ပေးသွင်းနိုင်ရေး ပံ့ပိုးကူညီပေးရန်၊ မွေးမြူရေးဇုန်၊ စက်မှုဇုန်များကို ဖော်ထုတ်ပြီး ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများမှ ဖိတ်ခေါ်၍ လုပ်ကိုင်နိုင်ရေးဖန်တီးပေးရန်၊• ဒေသအသီးသီးရှိ ဒေသထွက်ကုန်ကြမ်းများ လယ်ယာ၊ အသား၊ ငါးထွက်ကုန်များကို နည်းပညာ၊ စက်ပစ္စည်းအကူအညီများနှင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပဈေးကွက်များရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် ဦးစားပေးထုတ်လုပ်ရမည့်ထုတ်ကုန် များသတ်မှတ်ပေးရန်၊• ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး အစီအစဉ်၊ သွင်းကုန်အစားထိုးနိုင်ရေး အစီအစဉ်နှင့် ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေး အစီအစဉ်များကို Action Plan များ ရေးဆွဲဆောင်ရွက်ရန်၊• SME ဥပဒေကို ပြင်ဆင်ခြင်းထက် ဥပဒေကို ပယ်ဖျက်ပြီး၊ MSME ဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းရန်နှင့် SME ဥပဒေတွင် မပါဝင်သေးသည့် ဒီဂျစ်တယ်စီးပွားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များ၊ သွင်းကုန်အစားထိုး ကိစ္စရပ်များကို ပါဝင်ထည့်သွင်းရေးဆွဲရန်၊• MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက် ရေးသည် အရေးပါသည့်အတွက် ပညာရေးကွာဟချက် နည်းပါးလာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလာစေရန် အတတ်ပညာ၊ နည်းပညာများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ရန်၊• ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက်၌ အလွှာပေါင်းစုံ (သေး၊ ငယ်၊ လတ်) စီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်သည့် “ အများပါဝင်အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်း” (Inclusive Business) များ ပိုမိုပေါ်ထွန်းလာစေရေးနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန်၊• ကျေးလက်ဒေသများရှိ စိုက်ပျိုး၊ မွေးမြူရေး ထုတ်လုပ်မှုလုပ်ငန်းများကို ကုန်ထုတ်လုပ်မှု သမဝါယမအသင်းများ တည်ထောင်စေပြီး သမဝါယမစနစ်နှင့် ကုန်စည်ဒိုင်များ ချိတ်ဆက်၍ ဈေးကွက်ရရှိရေးဆောင်ရွက်ရန်၊• ရန်ကုန်တိုင်းဒေသကြီးရှိ Trade Center အဆောက်အဦ ဟောင်းကို Developer ခေါ်ယူ ရွေးချယ်၍ MSME များအတွက် Incubation Center တည်ထောင်နိုင်ရေး ဆောင်ရွက်သွားရန်၊• ဒေသအသီးသီးရှိ ကုန်စည်သတင်းအချက်အလက်များနှင့် ပြည်ပပို့ကုန်ဆိုင်ရာ အချက်အလက် များကို MSME လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် နိုင်ငံပိုင်မီဒီယာများတွင် ထည့်သွင်းကြော်ငြာရေး ဆောင်ရွက်ရန်၊• MSME ထုတ်ကုန်အမှတ်တံဆိပ်များတွင် ဖော်ပြထားသည့် အချက်အလက်များအား စနစ်တကျရှိစေရေး တည်ဆဲဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်။

2023-05-30
၂၀၂၃ခုနှစ်၊ မေလ(၃၀)ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်(၃၀. ၅. ၂၀၂၃)ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ
အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်(MSME)များအား
ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးခန်းမ၌ တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲနှင့်
ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်
ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်လှမိုးနှင့်
တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီမံ အုပ်ချုပ်ရေးအဖွဲ့မှ
တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ နှင့်
MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း
သတင်းရရှိပါသည်။

2023-05-22
နိုင်ငံတော်စီမံအုပ်ချုပ်ခွင့်ရကောင်စီဥက္ကဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သဉ် ၂၀၂၃ ခုနှစ် မေလ ၂၂
ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)
လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို
တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ခွင့်ရကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်မှူး ကြီး ရဲဝင်းဦး၊
ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊
ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊
အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

2023-03-20
၂၀၂၃ ခုနှစ်၊ မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၂၀.၃.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မူထန်၊ ဒေါ်ဒွဲဘူနှင့် ဦးမောင်ကို၊
ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊
ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊
မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊
တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

2023-03-15
၂၀၂၃ ခုနှစ် ၊ မတ် - ၁၅နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် (၁၅. ၃. ၂၀၂၃)ရက်နေ့တွင် ကယားပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါသည်။အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးခွန်စံလွင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါကြောင်း သတင်းရရှိပါသည်။

2023-03-07
၂၀၂၃ခုနှစ်၊ မတ်လ ၇ ရက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေး(MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့၊
မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်
စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ
ကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊
ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပါကြောင်းသတင်းရရှိပါသည်။

2023-02-27
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ - ၂၇နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် (၂၇. ၂. ၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီး များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။