ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးမူဘောင်နှင့်ပံ့ပိုးဆောင်ရွက်နေမှုများ


မြန်မာနိုင်ငံတော်အစိုးရသည် အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးမြှင့်တင် နိုင်ရန်အတွက် အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နှင့် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကော်မတီနှစ်ခုမှ ဦးဆောင်၍ မြန်မာနိုင်ငံ တဝှမ်းလုံးရှိအသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရံပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့စသည့်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်မည့် အဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။


အသေးစား၊အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရာတွင် SMEs Development Agencyအနေဖြင့် အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးမှု အတွက် ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊နိုင်ငံတော်အဆင့် National MSMEs Award ဆုများချီးမြှင့်ခြင်း၊ နည်းပညာများဖြန့်ဖြူးပေးခြင်း၊ Business Matching များကျင်းပခြင်း၊ အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်းများ နှင့်ဝန်ထမ်းများအတွက် အရည်အသွေးမြင့်တင်မှုသင်တန်းများကျင်းပခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သော အထောက်အကူများပေးခြင်း၊ အသေးစား၊အငယ်စား နှင့် အလတ်စားလုပ်ငန်း မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများပေးခြင်းစသည့် အဓိက အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကိုပံ့ပိုးပေးလျက်ရှိပါသည်။

Our Structure

နောက်ဆုံးသတင်းများ

2024-11-22
U.S-ASEAN Smart Cities Partnership (USASCP) Business Innovation Fund (BIF) အတွက် Proposal ခေါ်ယူမှုအား သတင်းအချက်အလက် ဖြန့်ဝေပေးပါရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြောင်း ကြားလာပါသည်။ အဆိုပါ Projectသည် အာဆီယံနိုင်ငံများအတွင်းရှိ မြို့ပြစိန်ခေါ်မှုများအတွက် Carbon Neutral Solution နှင့်စပ်လျဉ်း၍ စွန့်ဦးဆောင်ရွက်နေသည့် NGO များ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်ဖြစ်ပြီး US$ 200,000 မှ $400,000 အထိ အထောက်အပံ့ပေးအပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက် အလက်မျာ ကို https://www.usascp.org/apply/ တွင်လည်းဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူများ Proposal တင်သွင်းနိုင်ရေးအတွက် သတင်းအချက်အလက်ဖြန့်ဝေအပ်ပါသည်။
2024-11-08
“ASEAN SME Policy Index (2024) အရ မြန်မာ SMEလုပ်ငန်းများ၏ မူဝါဒအညွှန်းကိန်းနှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ In-person (၈၉) ဦး ၊ Online မှ (၆၄) ဦး၊ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြ ပါသည်။
2024-10-22
Regional Comprehensive Economic Partnership-RCEP သဘောတူစာချုပ် ဆိုင်ရာ အချက်အလက်များ pdf ဖိုင်တွင် လေ့လာဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
2024-10-19
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီများ၏ လက်လီ/လက်ကား ဒေသ ဈေးနှုန်းများ၊ ဝါ၊ ဝါဂွမ်း၊ ဝါစေ့၊ ပြည်တွင်းထုတ်ချည်နှင့် ပြည်ပမှတင်သွင်းသည့် ချည်တို့၏ ဈေးနှုန်းများအား pdf ဖိုင်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကျင်းပရန်စီစဉ်ထားသောပွဲများ

There is no upcoming event.

ပူးပေါင်းဆောင်ရွက်နေသည့်မိတ်ဖက်အဖွဲ့အစည်းများ