ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

From 28-05-2018 to 12-06-2018
11:45 AM
ရန်ကုန်မြို့၊ပုသိမ်မြို့ မန္တလေးမြို့မကွေးမြို့တောင်ကြီးမြို့

နေ့ရက်နှင့် နေရာ           - (၂၉.၅.၂၀၁၈) ရက်နေ့၊ ရန်ကုန်မြို့၊

                                     - (၁.၆.၂၀၁၈) ရက်နေ့၊ ပုသိမ်မြို့

                                     - (၅.၆.၂၀၁၈) ရက်နေ့၊ မန္တလေးမြို့

                                      - (၈.၆.၂၀၁၈) ရက်နေ့၊ မကွေးမြို့

                                      - (၁၂.၆.၂၀၁၈) ရက်နေ့၊ တောင်ကြီးမြို့

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ဂျပန်နိုင်ငံ JICA အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ SME လုပ်ငန်းများတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စနစ်တကျ ဖြစ်လာ စေရန်နှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန် အတွက် “5 S Seminar for SME Manufacturing Sector” ကို (၂၉.၅.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့၊ UMFCCI ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းများနှင့် SME လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ဦး အားလည်းကောင်း၊ (၁.၆.၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ စက်မှုဝန်ထမ်း နှင့် SME လုပ်ငန်းရှင် (၉၆) ဦး အားလည်းကောင်း၊ (၅.၆.၂၀၁၈) ရက်နေ့တွင် မန္တလေးမြို့၌ စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၀၀) ဦးအားလည်းကောင်း၊ (၈.၆.၂၀၁၈) ရက်နေ့တွင် မကွေးမြို့၌ စက်မှု ဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၁၄၂) ဦးအားလည်းကောင်း၊ (၁၂.၆.၂၀၁၈) ရက်နေ့ တွင် တောင်ကြီးမြို့၌ စက်မှုဝန်ထမ်းနှင့် SME လုပ်ငန်းရှင် (၉၂) ဦးအားလည်းကောင်း၊ စုစုပေါင်းစက်မှုဝန်ထမ်းနှင့်SME လုပ်ငန်းရှင် (၅၃၀) ဦးတို့အား 5S ဆိုင်ရာဗဟုသုတ များမျှဝေခဲ့ပါသည်။