RESPONSIBILITY
လုပ်ငန်းကော်မတီ၏လုပ်ငန်းတာ၀န်များ
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာ၀န်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) |
အသေးစား ၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင် ဆောင်ရွက် နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များကို စုဆောင်း၍ ဗဟိုကော်မတီသို့ သုံးသပ်တင်ပြခြင်း၊ |
(ခ) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဟန့်အတားဖြစ်နေသော ကိစ္စရပ်များအား ကျော်လွှားနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ |
(ဂ) |
စျေးကွက်များ ချဲ့ထွင်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပ စီးပွားရေးစျေးကွက် များနှင့် ကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ခြင်း၊ |
(ဃ) |
ကျွမ်းကျင်လုပ်သားများ လိုအပ်ချက် ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ |
(င) |
နည်းပညာ လိုအပ်ချက်များအတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်း အသီးသီးနှင့် ချိတ်ဆက်၍ ပညာပေး မြှင့်တင်ခြင်း၊ |
(စ) |
ပြည်တွင်းပြည်ပမှ ငွေကြေးအကူအညီများ ရယူနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ငွေကြေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း များ၊ ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ |
(ဆ) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အသေးစားငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ |
(ဇ) |
နည်းပညာနှင့်စီးပွားရေးဆိုင်ရာအကြံပြုချက်များ ရယူဖြန့်ဖြူးနိုင်ရန် ပြည်တွင်းပြည်ပ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ |
(ဈ) |
အစိုးရဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများရှိ နည်းပညာ ဆိုင်ရာ သုတေသနဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ |
(ည) |
ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့်ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့တို့ကို ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာ၀န်များကို သတ်မှတ်ပေးခြင်း၊ |
(ဋ) |
ဗဟိုကော်မတီသို့ လုပ်ငန်း အစီရင်ခံစာများနှင့် အခြားလိုအပ်သည့် အစီရင်ခံစာ များကို တင်ပြခြင်း၊ |
(ဌ) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့ခွဲဝေမှုရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
(ဍ) |
ဗဟိုကော်မတီက အခါအားလျော်စွာပေးအပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ |
(ဎ) |
ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှု ကဏ္ဍများအား အချင်းချင်း ချိတ်ဆက်မှုဖြစ်လာစေရန် စီမံဆောင်ရွက်ပေးခြင်း၊ |