ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

From 26-02-2018 to 17-03-2018
11:30 AM
နေပြည်တော်ကောင်စီ၊ Linn Computer & Service Center

နေ့ရက်နှင့်နေရာ         -    (၂၆.၂.၂၀၁၈) ရက်နေ့မှ (၂၇.၂.၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့

                                  -    (၅.၃.၂၀၁၈) ရက်နေ့မှ (၆.၃.၂၀၁၈) ရက်နေ့အထိ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့

                                  -    (၉.၃.၂၀၁၈) ရက်နေ့မှ (၁၀.၃.၂၀၁၈) ရက်နေ့အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်ခန်းမ

                                  -    (၁၃.၃.၂၀၁၈) ရက်နေ့မှ (၁၄.၃.၂၀၁၈) ရက်နေ့အထိ၊ မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊

                                  -    (၁၆.၃.၂၀၁၈) ရက်နေ့မှ (၁၇.၃.၂၀၁၈) ရက်နေ့အထိ  

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် SME လုပ်ငန်းရှင် များအား ၎င်းတို့၏လုပ်ငန်းများစွမ်းဆောင်ရည် ကောင်းမွန်စေရန်အတွက် လက်တွေ့ပြင်ဆင် လိုက်နာ ရမည့် အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ Productivity Improvement သင်တန်း ကို (၂၆.၂.၂၀၁၈) ရက်နေ့မှ (၂၇.၂.၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် ( ၃၀) ဦးကိုလည်းကောင်း၊ (၅.၃.၂၀၁၈) ရက်နေ့မှ (၆.၃.၂၀၁၈) ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၂၆) ဦး ကိုလည်းကောင်း၊ (၉.၃.၂၀၁၈) ရက်နေ့မှ (၁၀.၃.၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၂၆) ဦးကိုလည်းကောင်း၊ (၁၃.၃.၂၀၁၈) ရက်နေ့မှ (၁၄.၃.၂၀၁၈) ရက်နေ့အထိ မန္တလေးတိုင်း ဒေသကြီး၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ SME လုပ်ငန်းရှင် (၃၂) ဦးကိုလည်းကောင်း၊ (၁၆.၃.၂၀၁၈) ရက်နေ့မှ (၁၇.၃.၂၀၁၈) ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ Linn Computer & Service Center ၌ ကျင်းပ ပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၂၄) ဦးကိုလည်းကောင်း လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆွေးနွေး ပို့ချပေးခဲ့ပါသည်။

                  အဆိုပါသင်တန်းများတွင် နိုင်ငံတကာ၌နာမည်ရထားသည့် Kaizen Method များကို JICA Training Center ၏ Productivity Center Professors များမှ သင်ကြားပို့ချပေးခဲ့သည့် Productivity Improvement သင်တန်းတက်ရောက်ခဲ့သော ဒေါ်မူမူအေးမှ ပြန်လည်၍ Waste Elimination၊ 5S၊ Small Group Activity များကို ကုန်ထုတ်လုပ်မှုတိုးတက်စေရန်၊ ကုန်ကျစရိတ်များလျော့ချစေရန်၊ လုပ်ငန်းခွင်အတွင်း လုပ်သားများအန္တရာယ်ကင်းရှင်းစေရန်၊ လုပ်ငန်းခွင်အတွင်း မလိုလားအပ်သည့် ကင်းရှင်းစေရန်စသည့် ပညာရပ်များကို ဆွေးနွေး ပို့ချပေးခဲ့ရာ SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများစွမ်းဆောင်ရည် ကောင်းမွန်စေ ရန်အတွက် လက်တွေ့ပြင်ဆင်လိုက်နာရမည့် အကြောင်းအရာများကို ပိုမိုသိရှိလာမည် ဖြစ်ပါသည်။