NEWS

2023-09-20
နေပြည်တော် စက်တင်ဘာ ၁၃အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ အစည်းအဝေးကို (၂)လ (၁)ကြိမ် ကျင်းပရန် လျာထားသည့်အတွက် (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀-၇-၂၀၂၃ ရက်နေ့မှာ ကျင်းပခဲ့ပြီး ယနေ့တွင် (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့အနေဖြင့် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အမှာစာ(၃)စောင် တင်ပြရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း သုံးသပ်မှုအစီရင်ခံရေး ရုံးလုပ်ငန်းအဖွဲ့က အထောက်အကူပြုလုပ်ငန်းအဖွဲ့များမှ ပေးပို့လာသော အစီရင်ခံစာများကို စုစည်းရေးဆွဲထားသည့် လုပ်ငန်းကော်မတီသို့ အစီရင်ခံစာ တင်ပြမည့် အချိန်ဇယားကို ယနေ့အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အထောက်အကူပြု လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့သို့ အစီရင်ခံစာ (၅)စောင် တင်ပြထားပြီးဖြစ်ကြောင်း၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနမှ လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာန များက ဆောင်ရွက်လျက်ရှိသည့် MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက် များကို တွေ့ရှိရသည့်အတွက် တောင်းခံစုစည်းပြီး လုပ်ငန်းကော်မတီသို့ တင်ပြသွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ပြုစုထားသည့်အစီရင်ခံစာများကို လုပ်ငန်းကော်မတီသို့ တင်ပြခြင်း၊ အေဂျင်စီနဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ကို ဖြန့်ဝေခြင်းအားဖြင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများအနေဖြင့် အခြားဌာန များက ဆောင်ရွက်ချက်များကို သိရှိနိုင်ပြီး အချင်းချင်းချိတ်ဆက်နိုင်မှု ခိုင်မာအားကောင်းလာမှာ ဖြစ်ကြောင်း၊ ထို့အပြင် အခြားနိုင်ငံများ၏ဆောင်ရွက်မှုများကိုလည်း လေ့လာသုံးသပ်ခြင်းဖြင့် မိမိတို့နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် အကျိုးရှိမည်ဟု ယူဆပါကြောင်း၊ လုပ်ငန်းကော်မတီသို့ အစီရင်ခံစာ တင်ပြ မည့် အချိန်ဇယားအပေါ် အထောက်အကူပြုအဖွဲ့များမှ အတည်ပြုပြီးပါက မိမိတို့ အချိန်ဇယား အတိုင်း အစီရင်ခံစာများကို အချိန်မီပြုစုတင်ပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားပါသည်။ထို့နောက် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး ရုံးလုပ်ငန်းအဖွဲ့၊ တွဲဖက်အတွင်းရေးမှူးက လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လုပ်ငန်းကော်မတီသို့ အစီရင်ခံစာတင်ပြမည့် အချိန်ဇယား (မူကြမ်း)နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့၏ လုပ်ငန်းတာဝန်မှာ MSME များ၏ အခြေအနေ၊ MSME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ရန်ဖြစ်သည့်အတွက် အချက်အလက်များ ခိုင်မာမှုရှိရန် အရေးကြီးပါကြောင်း၊ အချက် အလက်များခိုင်မာမှုရှိမှသာ Analysis မှန်ကန်စွာပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်သင့်ကြောင်းနှင့် MSME များ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လျော့နည်းရေး နည်းလမ်းများကို MSME များသို့ အသိပညာပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ် ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

2023-07-20
နေပြည်တော် ဇူလိုင် ၂၀၊ ၂၀၂၃အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏
(၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့
ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ
လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ရှေးဦးစွာ
လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက
အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ အစည်းအဝေးကို
(၂) လ (၁)ကြိမ် ပုံမှန်ကျင်းပခြင်းဖြင့် အထောက်အကူပြုအဖွဲ့(၄)ဖွဲ့၏
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စဉ်ဆက်မပြတ်သိရှိနိုင်ပြီး
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးနိုင်သဖြင့်
လုပ်ငန်းကော်မတီသို့ အစီရင်ခံစာများ တင်ပြခြင်း၊ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပချိန်၌ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ
တင်ပြခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး၊
သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်မြှင့်တင်ရေးဆိုသည့် အချက် (၃) ချက်ကို
မူဝါဒများအဖြစ်ခံယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့အဖွဲ့၏
အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့မှ
တင်ပြထားသည့် ပြည်တွင်းဒေသအသီးသီးရှိ MSME လုပ်ငန်းများ၏ လုပ်ငန်းအမျိုးအစားအလိုက်
ဖြစ်ပေါ်နေသည့်အခြေအနေများကို လေ့လာဆန်းစစ်ချက်နှင့် MSME များ
ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်မှပံ့ပိုးဆောင်ရွက်ပေးရမည့်
လုပ်ငန်းစဉ်များ အစီရင်ခံစာကို လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း၊ အထောက်အကူပြုအဖွဲ့များမှ တင်ပြသည့် အစီရင်ခံစာများကို
လုပ်ငန်းကော်မတီသို့ တင်ပြပြီး လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီကို
ဆက်လက်တင်ပြသွားမှာဖြစ်သည့်အတွက် Integrated and Holistic Timetable ရေးဆွဲပြီး
အဆိုပါ Timetable
ပေါ်မူတည်၍
လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ငန်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊
အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့ အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ
မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လက်ရှိအခြေအနေများကို မျက်ခြည်မပြတ်လေ့လာရန်နှင့် MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသုံးသပ်မှုများပြုလုပ်ပြီး
အစီရင်ခံစာများပြုစုတင်ပြရန် လိုအပ်ကြောင်း၊ လုပ်ငန်းအဖွဲ့အလိုက်
ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်အထောက်အကူပြုလုပ်ငန်းအဖွဲ့
(၄) ဖွဲ့၏ တင်ပြချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြရန်
ပြောကြားပါသည်။ထို့နောက်
လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးရုံးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးက
လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား
ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က
အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊
ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့
ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်မှ MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုနိုင်ရန်အတွက် အခြားနိုင်ငံများရှိ MSME
လုပ်ငန်းများ၏
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လေ့လာသုံးသပ်၍ မိမိနိုင်ငံနှင့်ကိုက်ညီပြီး
လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အကြံပြုချက်များကို တင်ပြရန်နှင့်
ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာန၊
အဖွဲ့အစည်းများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Posted By : editor, Date : 24.07.2023

2023-01-30
၂၀၂၃
ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏
(၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါ်သွေးသွေးချစ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာရဲတင့်ထွန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးသိန်းတိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း၊
အတွင်းရေးမှူး ဦးစိုးဟိန်း၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ထွန်း နှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏
လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊
ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။