NEWS

2023-01-26
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ၁/၂၀၂၂ ကြိမ်မြောက်
အစည်းအဝေးဆုံးဖြတ်ချက်တွင် MSME Talk Show နှင့် ထုတ်ကုန်ပြပွဲ၊
ပြိုင်ပွဲများကျင်းပပြုလုပ်ရန် ပါဝင်ပါသဖြင့် ဒေသဆိုင်ရာအေဂျင်စီတိုမှ
MSME Talk Show နှင့် ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ
ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီ၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်တို့က MSME Talk Show နှင့် ထုတ်ကုန်ပြပွဲ၊
ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။MSME Talk Show နှင့် ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြီးစီးမှုအခြေအနေအား အောက်ဖော်ပြပါ pdf file တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

2023-01-03
၂၀၂၃ ခုနှစ်၊
ဇန်နဝါရီလ (၃)ရက်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃ဝ)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ပြည့်ဝင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးသိန်းတိုး၊ သတင်းအချက်အလက်နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်(MSME) ဦးအောင်မျိုးခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ လုပ်ငန်းတာဝန်(၁၇)ရပ်အား ဥပဒေပြဌာန်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအစည်းအဝေးတွင် အမှာစာပါ တင်ပြချက်များအား ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာအေဂျင်စီများ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးအကြံပြုချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအတွက် အတည်ပြုချက် ရရှိနိုင်ရေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်။