INVESTMENT AND COOPERATION FUNCTION
ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာနအနေဖြင့်
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အပံ့ပေးခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
- SME Member Card များအား လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ရန်နှင့် e-Payment စနစ်ဖြင့် ဝန်ဆောင်ခပေးသွင်းနိုင်ရန်အတွက် Online Registration & e-Payment စနစ် ပါရှိသည့် Webportal အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး SME Member Card များ ထုတ်ပေးနိုင်ရန်အတွက် စိစစ်ဆောင်ရွက်ခြင်း၊
- မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အား ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊
- အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များကို စနစ်တကျ သိမ်းဆည်းနိုင်ရန်နှင့် လိုအပ်သည့်အချိန်တွင် အချက်အလက်များကို လွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်ရန်အတွက် Database စနစ်ဖြင့် အချက်အလက်များ စုစည်းဆောင်ရွက်ခြင်း၊
- e-Government လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ Website/ Webportal များအား ထိန်းသိမ်းဆောင်ရွက်ခြင်း၊ Online Registration System နှင့် Database System များ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ပါက Upgrade ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် အစီအမံများချမှတ် ဆောင်ရွက်ပေးခြင်း၊
- MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှဆောင်ရွက်ပေးနေသည့် Activities များနှင့် MSME လုပ်ငန်းရှင်များသိရှိရမည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ လွယ်ကူလျှင်မြန်စွာရရှိနိုင်ရေးအတွက် Social Media များမှတဆင့် ဖြန့်ဝေဆောင်ရွက် ပေးခြင်း၊
- ASEAN နိုင်ငံများမှ MSME များကို အထောက်အပံ့ပေးနိုင်ရန်ရည်ရွယ်၍ ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME)၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့သည့် ASEAN Access Webportal မှတဆင့် မြန်မာ MSME များ နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ သတင်းအချက်အလက်များ ရရှိနိုင်ရန်၊ Service Provider များထံမှ လိုအပ်သည့်အကြံဉာဏ်နှင့် ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်တို့အတွက် သတင်းအချက်အလက် ဖြန့်ဝေဆောင်ရွက်ပေးခြင်း၊ ASEAN Access တွင် Service Provider များ စုစည်းရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ သတင်းနှင့် Event များ လွှင့်တင်နိုင်ရေး ဆောင်ရွက်ခြင်း၊
- ချေးငွေရရှိမှုနှင့် ပြန်လည်ပေးဆပ်မှုအပေါ် ညွှန်ကြားမှုများနှင့်အညီ Follow Up Action ဆောင်ရွက်ခြင်း၊
- တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မှ ကောက်ယူထားသော စက်မှုလုပ်ငန်းများစာရင်းနှင့် အခြားဌာနများတွင် မှတ်ပုံတင်ထားသော လုပ်ငန်းများစာရင်း ပြုစုခြင်း၊
- MSME များအတွက် ချေးငွေနှင့်ငွေကြေးအထောက်အပံ့များ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း၊
- ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေနိုင်ရေးအတွက် Business Matching များနှင့်ပြပွဲများသို့ လုပ်ငန်းရှင်များတက်ရောက်နိုင်ရေး ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးခြင်း၊
