ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

From 8-03-2018 to 16-06-2018
11:45 AM
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်

နေ့ရက်နှင့်နေရာ            - (၈.၃.၂၀၁၈) ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊

                                     - (၂၉.၃.၂၀၁၈) ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊

                                     - (၂၉.၅.၂၀၁၈) ရက်နေ့မှ (၃၀.၅.၂၀၁၈) ရက်နေ့ထိ၊ ကရင်ပြည်နယ်၊

                                      - (၁၅.၆.၂၀၁၈) ရက်နေ့မှ (၁၆.၆.၂၀၁၈) ရက်နေ့ထိ၊ ကယားပြည်နယ်၊

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Genius ကော်ဖီလုပ်ငန်း၊ Maximax Solution နှင့်ပူပေါင်း၍ SME လုပ်ငန်းရှင်များ အား ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများ ပိုမိုသိရှိစေရန်နှင့် ချေးငွေလျှောက်ထားရာတွင် တင်ပြဆောင်ရွက်ရမည့် Financial Statement ဆိုင်ရာ သဘောတရားများကို သိရှိစေရန် "Strategic Finance for MSMEs" သင်တန်းကို (၈.၃.၂၀၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၃၁) ဦးကိုလည်းကောင်း၊ (၂၉.၃.၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်ခန်းမ၌ SME လုပ်ငန်းရှင် (၃၀) ဦး ကိုလည်းကောင်း၊ (၂၉.၅.၂၀၁၈) ရက်နေ့မှ (၃၀.၅.၂၀၁၈) ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့၌ SME လုပ်ငန်းရှင် (၃၀) ကိုလည်းကောင်း၊ (၁၅.၆.၂၀၁၈) ရက်နေ့မှ (၁၆.၆.၂၀၁၈) ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ SME လုပ်ငန်းရှင် (၃၆) ဦး ကိုလည်းကောင်း ဘဏ္ဍာရေးဆိုင်ရာဗဟုသုတ များမျှဝေဆွေးနွေးပို့ချပေးခဲ့ပါသည်။

                  အဆိုပါ သင်တန်းများတွင် Maximax Solution ၏ CEO ဆရာဦးသန်းအောင်မှ Introduction to Strategic Planning၊ Strategic Plan in to Financial Action၊ Building Financial Statements for a New Business၊ Funding or Financing Plan၊ Operation Plan၊ Capital Expenditure Plan၊ Industry and Market Research ဘာသာရပ်များကို Presentation များဖြင့်လည်ကောင်း၊ Case Study များဖြင့်လည်းကောင်း ဆွေးနွေးပို့ချပေးခဲ့ရာ တက်ရောက် လာသည့် လုပ်ငန်းရှင်များမှ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်းအရာများကို ပိုမိုနားလည် ခဲ့ကြပြီး၊ လုပ်ငန်းခွင်တွင် ပိုမိုအကျိုးရှိ၊ ထိရောက်စွာ အသုံးချနိုင်ကြမည်ဖြစ်ပါသည်။