The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2025-02-14
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ MSMEလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းတိုးခဲ့ဆောင်ရွက်ခြင်း။ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခု တို့မှ ထုတ်ချေးပေးလျက်ရှိသဖြင့် ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာပည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ပါသည်။
2024-10-09
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀(ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေး ပေးလျက်ရှိပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန် အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၅) ဘဏ် တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ပါသည်-(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခ) ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ (ဂ) ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊(ဃ) ပထမပုဂ္ဂလိကဘဏ်လီမိတက်၊(င) ကမ္ဘောဇဘဏ်လီမိတက်၊ (စ) အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊(ဆ) မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊(ဇ) မြန်မာ့ခရီးသွားဘဏ်လီမိတက်၊(ဈ) မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊(ည) သမဝါယမဘဏ်လီမိတက်၊(ဋ) မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊(ဌ) မြန်မာမက်ထရိုဘဏ်လီမိတက်၊(ဍ) ဧရာဝတီဘဏ်လီမိတက်၊(ဎ) သတ္ထုဖွံ့ဖြိုးရေးဘဏ်၊(ဏ) ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ (တ) ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေ လျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာချက်အား pdf ဖိုင်တွင် ဖတ်ရှုနိုင်ပါကြောင်း MSME လုပ်ငန်းရှင်များ သိရှိနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်။
2024-06-28
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အပေါ်ထပ်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (ပဉ္စမ) အကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ (၂၀.၃.၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့သော MSME လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်အရ ချေးငွေကိစ္စရပ်များတွင် ငွေသားအစား စက်ပစ္စည်းဖြင့် ထုတ်ချေးနိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန် အစည်း အဝေးခေါ်ယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ချေးငွေလျှောက်ထား လာသော MSME လုပ်ငန်းရှင်များအနက် သတ်မှတ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းရှင်များကို ချေးငွေ အမြန်ဆုံးထုတ်ချေးနိုင်ရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ (၆.၆.၂၀၂၄) ရက်နေ့အထိ MSME အေဂျင်စီရုံးခွဲများသို့ လာရောက်လျှောက်ထားသော ချေးငွေအဆိုပြုလွှာ (၅၈) ခု ရှိပြီး ချေးငွေ ဆိုင်ရာလုပ်ငန်းအဖွဲ့မှ စိစစ်လျက်ရှိကြောင်း၊ ချေးငွေအဆိုပြုလွှာများအနက် ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့မှစိစစ်ပြီးဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လုပ်ငန်းရှင် (၁၀) ဦးကို ချေးငွေခွင့်ပြုနိုင်ရေးကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုပေးကြရန် ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။ဆက်လက်၍ ချေးငွေဆိုင်ရာကိစ္စရပ်၌ အချို့သောကိစ္စရပ်များအတွက် ငွေသားဖြင့် ချေးပေးခြင်းအစား အခြားလိုအပ်သော စက်ကိရိယာပစ္စည်းများ ထုတ်ချေးနိုင်ရေးနှင့်ပတ်သက်ပြီး ရောင်းချသူသို့ တိုက်ရိုက်ပေးချေသည့်စနစ်၊ KfW ချေးငွေကဲ့သို့ လုပ်ငန်းရှင်၏ရွေးချယ်မှုဖြင့် ဝယ်ယူသောစက်ပစ္စည်းအပေါ် ဘဏ်မှချေးငွေဖြင့် ပေးချေသောနည်းလမ်းတို့ကို ဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌက MSME လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ MSME များလိုအပ်သော ငွေကြေးအရင်းအနှီးများကို လုပ်ထုံးလုပ်နည်း နှင့်အညီ MSME ရန်ပုံငွေမှ ထုတ်ချေးနိုင်ရန်အတွက် ဆောင်ရွက်ရန်နှင့် MSME အေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ ပူးပေါင်း၍ MSME ချေးငွေများ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေး နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
2024-04-29
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များ အသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (စတုတ္ထ) အကြိမ် မြောက် အစည်းအဝေးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို စတင်ဖွဲ့စည်းပြီးချိန်မှစ၍ ချေးငွေများ မြန်ဆန်စွာ ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအား MSME လုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များမှ ချေးငွေ လျှောက်ထားလိုပါက တင်ပြရမည့် လျှောက်လွှာပုံစံ နှင့် ချေးငွေစိစစ်ရေးအဖွဲ့များက စိစစ် ရမည့် အချက်များအား MSME အေဂျင်စီမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အေဂျင်စီများသို့ ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင်လည်း အသိပေးရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း၊ MSME လုပ်ငန်းရှင်များ ချေးငွေစတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်အား (၁၀-၁-၂၀၂၄)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၊ MSME Web Portal နှင့် MOPF Website တို့မှာ ကြေညာခဲ့ပါကြောင်း၊ ဒေသဆိုင်ရာ အေဂျင်စီများမှလည်း ချေးငွေစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး MSME လုပ်ငန်းရှင်များ၏ ချေးငွေအမှုတွဲများကို စိစစ်လျက်ရှိကြောင်း၊ ဆက်လက်၍ (၃၁-၃-၂၀၂၄) ရက်နေ့တွင် ကြေးမုံသတင်းစာနှင့် (၁-၄-၂၀၂၄) ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာတို့၌ ထပ်မံကြေညာခဲ့ကြောင်း၊ MSME လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု ငွေကြေးများ ရရှိစေရန် ချေးငွေသတ်မှတ်ချက်နှင့် ဖြေလျှော့ပေးနိုင်မည့်ကိစ္စရပ်များကို အကြီးအကဲများ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါက MSME များအတွက် လိုအပ်သည့် ချေးငွေများ လွယ်ကူစွာ ရရှိပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အထောက်အကူပြုနိုင်မည် စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။ ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များမှ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့်သက်ဆိုင်သည့်အချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ အာမခံပစ္စည်းသတ်မှတ်ချက်နှင့် ၎င်းတို့အပေါ် ဖြေလျော့မှုများ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇)အား အာမခံအဖြစ် ရယူနိုင်ရေးကိစ္စ၊ Participating Financial Institutions (PFIs) ဘဏ်များ ဖိတ်ခေါ်ရေးကိစ္စနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား PFI ဘဏ်အဖြစ် လက်ခံဆောင်ရွက်နိုင်ရေးကိစ္စ တို့အတွက် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်း လုပ်ဆောင်ရာတွင် ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေစည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း သတ်မှတ်ရာတွင် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ဖို့ လိုအပ်သလို ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုများကို မူဝါဒပိုင်းဆိုင်ရာအချက်များအဖြစ် လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်
2023-09-01
စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “MSME ချေးငွေ ထုတ်ချေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့်အထောက်အထား တို့အား ဒေသဆိုင်ရာအေဂျင်စီများသို့ အသိပေးရှင်းလင်းခြင်းအခမ်းအနား” ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ၌ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဒေသဆိုင်ရာအေဂျင်စီများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် MSME ချေးငွေများထုတ်ချေးရာတွင် ဒေသဆိုင်ရာအေဂျင်စီများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်းများကိုလည်းကောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ချေးငွေထုတ်ချေးရေး ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့်အထောက်အထားများကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသဆိုင်ရာအေဂျင်စီများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ အေဂျင်စီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သတင်းနှင့် မီဒီယာများတက်ရောက်ခဲ့ကြပြီး ဒေသဆိုင်ရာ MSME ဖွံ့ဖြိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားအား ပြုလုပ်ကျင်းပခြင်းကြောင့် MSME ရန်ပုံငွေမှ MSME ချေးငွေများ ထုတ်ချေးရာတွင် လိုက်နာဆောင်ရွက်မည့် MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ ချေးငွေအဆိုပြုလွှာနှင့် တင်ပြရမည့်အထောက်အထားတို့အား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများက မြေပြင်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ဒေသဆိုင်ရာ အေဂျင်စီများသို့ တွေ့ဆုံ ရှင်းလင်းဆွေးနွေးခြင်းဖြင့် MSME လုပ်ငန်းများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ချေးငွေများ လွယ်ကူ လျှင်မြန်စွာရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။
2023-08-24
နေပြည်တော် ၊ ဩဂုတ် ၂၄စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၄.၈.၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေး၌ လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပထမအကြိမ်အဖြစ် လုပ်ငန်းရှင် (၈) ဦးကို ထုတ်ချေးခဲ့ပြီး၊ ဆက်လက်၍လည်း မကွေးတိုင်းဒေသကြီးမှ ဆီစက်လုပ်ငန်းရှင် (၇) ဦးနှင့် ရခိုင်ပြည်နယ်မှ ဆီစက် လုပ်ငန်းရှင် (၄) ဦး၊ စုစုပေါင်းလုပ်ငန်းရှင် (၁၁) ဦးကို ချေးငွေများ ထပ်မံထုတ်ချေးထားပြီဖြစ်၍ ယနေ့ထိ ဆီစက်လုပ်ငန်းရှင် (၁၉) ဦးအား ချေးငွေပမာဏကျပ် (၁၄၉၈) သန်း ထုတ်ချေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဆိုပြုလွှာများ ထပ်မံခေါ်ယူပြီး ချေးငွေစံသတ်မှတ်ချက်များနှင့် အညီ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးရာတွင် ငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ အောင်မြင် စွာ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသောအထောက်အကူပြုအဖွဲ့(၄) ဖွဲ့နှင့် စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (Project Management Unit) တို့က ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရန် မှာကြားခဲ့ပါသည်။ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲ့မှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ချေးငွေမူဝါဒနှင့် ချေးငွေလုပ်ငန်းစဉ်များချမှတ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အခြားအထောက်အကူပြု အဖွဲ့များမှ ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ Project Management Unit ၏ စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပါသည်။အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
2023-08-23
MSME ချေးငွေနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးနိုင်ရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်ရေးအတွက် ရည်ရွယ်၍ MSME ချေးငွေနှင့် ဆီစက်လုပ်များဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၂၃. ၈. ၂၀၂၄) ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ MSME ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ MSME အေဂျင်စီဥက္ကဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ငွေကြေးအထောက်အပံ့ အမှန်တကယ်လိုအပ်လျက်ရှိပြီး အလားအလာကောင်းမွန်သည့် လုပ်ငန်းရှင်များအား ချေငွေများ လွယ်ကူမြန်ဆန်စွာ ထုတ်ချေးပေးနိုင်ရေးအတွက် ဆောင်ရွက်ရန် အချက်များ ဆွေးနွေးခဲ့ပါသည်
2023-07-26
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက ယနေ့ကျင်းပသည့်အစည်းအဝေးသည် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (တတိယ)အကြိမ် အစည်းအဝေးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ စတင်ဖွဲ့စည်းပြီး (၇)လတာ ကာလအတွင်း ချေးငွေများထုတ်ချေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် MSME များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းရေးဆွဲခဲ့ပြီး လုပ်ငန်းကော်မတီသို့တင်ပြ၍ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုခံယူခဲ့ကြောင်း၊ လုပ်ငန်းကော်မတီမှ အတည်ပြုခဲ့ပြီးဖြစ်၍ ဒေသဆိုင်ရာအေဂျင်စီများ၊ သက်ဆိုင်ရာဘဏ်များသို့ ဆက်လက်ဖြန့်ဝေသွားမှာဖြစ်ကြောင်း၊ ဒီလုပ်ထုံးလုပ်နည်းကိုအခြေခံ၍ MSME များမှ လိုအပ်သည့်ချေးငွေများကို စနစ်တကျထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ မတည်ထည့်ဝင်ထားသည့် ကျပ် ၁၇၀ ဘီလီယံမှ ချေးငွေမဟုတ်သည့် ကိစ္စရပ်များအတွက် ကျပ် ၂၀ ဘီလီယံ လျာထားသုံးစွဲမည့်အပေါ် လုပ်ငန်းကော်မတီမှ အတည်ပြုချက် ရရှိပြီးဖြစ်၍ ကျပ် ၂၀ ဘီလီယံအတွက် ရေးဆွဲထားသည့် လုပ်ထုံးလုပ်နည်း (မူကြမ်း)မှာ ဖြည့်စွက်ထည့်သွင်းရေးဆွဲသင့်သည်များရှိပါက အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌမှ “ချေးငွေချေးလိုသူများအနေဖြင့် အတိုးနှုန်းသက်သာစွာဖြင့် ချေးယူလိုကြောင်း၊ ချေးငွေထုတ်ချေးရာတွင် လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် အတိုးနှုန်း (၁) မျိုး၊ လုပ်ငန်းတိုးချဲ့မည် လုပ်ငန်းများအတွက် အတိုးနှုန်း (၁) မျိုး၊ လုပ်ငန်းစတင်မည်သူများအတွက် အတိုးနှုန်း (၁) မျိုး ခွဲခြားသတ်မှတ်ထုတ်ချေးပေးရန်” အကြံပြုချက်ကိုလည်း လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကြရမှာဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မိမိတို့ကဏ္ဍနယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျပ် ၂၀ ဘီလီယံ သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း) တို့ကိုတင်ပြခြင်း၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေစီမံခန့်ခွဲ့မှုအဖွဲ့နှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့တို့ချုပ်ဆိုမည့် Administration Agreement (မူကြမ်း)နှင့် Participating Financial Institutions (PFIs) ဘဏ်များနှင့်ချုပ်ဆိုမည့် Participation Agreement (မူကြမ်း)တို့အား ရှင်းလင်းတင်ပြခြင်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဘဏ္ဍာရေးစည်းမျဉ်းထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင်ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ချေးငွေစည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း သတ်မှတ်ရာတွင် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ဖို့လိုအပ်သလို ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုများကို မူဝါဒပိုင်းဆိုင်ရာအချက်များအဖြစ် လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
2022-12-28
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၄ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ထွန်း၊ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး၊ မြန်မာနိုင်ငံဘဏ်များအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အလားအလာရှိသည့် ဒေသထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောဘဏ္ဍာငွေရရှိသုံးစွဲရေးကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။