စက်မှု ဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ASEM Eco-Innovation Center (ASEIC) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော၊ ဆန်းသစ်တီထွင်သော နည်းလမ်း များဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး၊ ကုန်ထုတ်လုပ်မှုတိုးတတ်၍ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတတ် စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၌ Eco Innovation နည်းလမ်းအသုံးပြု၍ တန်ဖိုးမြှင့်တင် ဆောင်ရွက်ရန် နည်းလမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတတ်ရေး ဆောင်ရွက်နိုင်မည့်အလားအလာများနှင့် Case Study ၊ Eco Innovation နည်းဗျူဟာ၊ SMEs များ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုနည်းလမ်းများ၊ Onsite Clean Tech အကောင်အထည်ဖော်ရေး Eco-Innovation ဗျူဟာများကိုသင်ကြာပို့ချပေးနိုင်ရန် အတွက် ASEM Eco-Innovation Capacity Building Program ၂၀၁၈ နှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲကို (၉.၈.၂၀၁၈) ရက်နေ့တွင် MERCURE Yangon Kaba Aye ဟိုတယ်၊ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန နှင့် ASEIC အကြားနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက်၊ ECO INNOVATION နည်းလမ်း အသုံးပြု၍ တန်ဖိုး မြှင့်တင်ဆောင်ရွက်ရန်နည်းလမ်းများ၊ SMEများ၏ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံခန့်ခွဲမှု နည်းလမ်းများ၊ ONSITE CLEAN TECH နည်းစနစ်ဖြင့် သဘာဝပတ်ဝန်ကျင်ကို မထိခိုက်စေသော လုပ်ငန်းစီမံခန့်ခွဲနည်းစနစ်များ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် Eco Labeling ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သော နည်းစနစ်များ၊ စိုက်ပျိုးရေး အခြေခံသောလုပ်ငန်းများတွင် Eco Innovation နည်းစနစ် ပေါင်းစပ်အသုံးချ၍ တန်ဖိုး မြှင့်တင်ဆောင်ရွက်သောနည်းလမ်းများ၊ ကိုရီးယား၏ Environmental Product Declarations ရလဒ်နှင့်လုပ်ငန်းအစီအစဉ်များ၊ ကိုရီးယား၏ Eco Labelling ရလဒ်နှင့် လုပ်ငန်းအစီအစဉ်များ ၊စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ၏အနာဂါတ်အလားအလာများကို Case Study များဖြင့်လည်းကောင်း ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရန်စီမံခန့်ခွဲနည်းစနစ်များ၊ လုပ်ငန်းများကို ECO INNOVATION အကောင်အထည်ဖော်ဆောင်ရန်နည်းဗျူဟာချမှတ် အကောင်အထည်ဖော်ရန် နည်းစနစ်များကို ကိုရီးယားနည်းပညာရှင်များဖြစ်သည့် Korea Environmental Industry & Technology Institute မှ Researcher Dr.Lee Joonjae၊ Dr.Cho Seongmoon၊Foundation of Agri,Tech,Commercialization &Transfer မှ Principal Researcher Jungin Lee၊ Korea Management Registrar မှ Expert Adviser Song Gildo တို့မှ ဆွေးနွေးပို့ချပေးခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များ စုစုပေါင်း(၉၀) ဦးတတ်ရောက်ခဲ့ကြပါသည်။