The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 22-06-2017 to 19-12-2017
11:30 AM
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပဲခူးတိုင်းဒေသကြီး ၊ ဇီးကုန်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးစက်မှုဇုန်ခန်းမ

နေ့ရက်နှင့်နေရာ         -    (၂၂.၆.၂၀၁၇) ရက်နေ့မှ (၂၅.၆.၂၀၁၇) ရက်နေ့အထိ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့

                                 -    (၁၄.၉.၂၀၁၇) ရက်နေ့မှ (၁၇.၉.၂၀၁၇) ရက်နေ့အထိ၊ ပဲခူးတိုင်းဒေသကြီး ၊ ဇီးကုန်းမြို့နယ်

                                 -    (၁၆.၁၂.၂၀၁၇) ရက်နေ့မှ (၁၉.၁၂.၂၀၁၇) ရက်နေ့အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးစက်မှုဇုန်ခန်းမ

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် FNF အဖွဲ့အစည်းနှင့် ပူးပေါင်း၍ SME များအား လုပ်ငန်းများ ကောင်းစွာစီမံခန့်ခွဲ တတ်စေရန် ထုတ်ကုန်များ စျေးကွက်ရရှိရေးနှင့်  Creative Thinking များ ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်၍ “Idea Platform for Innovation and Strategy Development Training ”ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၂၂.၆.၂၀၁၇) ရက်နေ့မှ (၂၅.၆.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၄၃) ဦးကိုလည်းကောင်း၊ (၁၄.၉.၂၀၁၇) ရက်နေ့မှ (၁၇.၉.၂၀၁၇) ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး ၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၆၉) ဦးကိုလည်းကောင်း၊ (၁၆.၁၂.၂၀၁၇) ရက်နေ့မှ (၁၉.၁၂.၂၀၁၇) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးစက်မှုဇုန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ SME လုပ်ငန်းရှင် (၆၁) ဦးကိုလည်းကောင်း လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ ပံ့ပိုး ပေးနိုင်ခဲ့ပါသည်။

အဆိုပါ သင်တန်းများတွင် Myanmar Leadership and Management Institute ကျောင်း၏ Founder and Principle ပါမောက္ခဆရာကြီး ဦးအေးကျော်မှ (၁) Entrepreneurial Attributes ၊ (၂) Understanding Business Functions၊ (၃) Business Functions and Types of Ownership၊ (၄) Basic Marketing and Customer Service၊ (၅) Important of Human Resource၊ (၆) Innovation Model for SMEs ဆိုင်ရာ ပညာရပ်များ၊ Speaker Cum Counselor တစ်ဦးဖြစ်သည့် ဦးညီညီမှ (၁) Entrepreneurship၊ (၂) What is “innovation”? ၊ (၃) Value added၊ (၄)   Public Innovation၊ (၅) Great Presentations Seven Tips၊ (၆)         Personal Ethics၊ (၇)    Right Management ဆိုင်ရာ ပညာရပ်များ အားဆွေးနွေးပို့ချ၍ ယှဉ်ပြိုင်မှုမြှင့်မားလာသော ယနေ့ခေတ်တွင် မြန်မာ SME များအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များ စျေးကွက်ရရှိရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်အတွက် ၎င်းတို့၏ ထုတ်ကုန်များအား တီထွင်ဆန်းသစ်မှုရှိ စေပြီး  လုပ်ငန်းများ ပိုမိုရှင်သန်ကြီးထွားလာစေရန်အတွက် Capacity မြှင့်တင်ပေးခဲ့ပါသည်။