စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှဦးစီး၍ ကိုရီးယားသမ္မတ နိုင်ငံရှိ Ajou University နှင့် Start up Campus တို့တွင် ဖွင့်လှစ်ခဲ့သည့် ICT Global Start up Program သို့ တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများမှ SME လုပ်ငန်းရှင် များအတွက် ICT နည်းပညာဖြင့် Start up Business ထူထောင်ခြင်းများ၊ Marketing Strategy များရေးဆွဲခြင်း၊ Business Problem Solving များဖြေရှင်းခြင်း စသည့် ၄င်းတို့ ရရှိခဲ့သည့် အတွေ့အကြုံများအား Information Sharing ပြုလုပ်၍ တက်ရောက်လာသည့် SME လုပ်ငန်းရှင်များအား One Stop Service အနေဖြင့် SME Member Card များ ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ “Information Sharing Workshop” ကို (၁၀.၂.၂၀၁၈)ရက်နေ့၌ Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ စိတ်ပါဝင်စားသူ (၉၂) ဦး တက်ရောက်ခဲ့ကြပါသည်။