Cooperations with ASEAN
အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ နောက်ခံသမိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ
အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ(ACCMSME)
သည် အာဆီယံစီးပွားရေးအသိုက်အဝန်းအောက် တွင် ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့အစည်းဖြစ်ပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံအသိုက်အဝန်း၏ စီမံကိန်းများ၊ အစီအမံများနှင့် အခြေခံမူများကို အာဆီယံနိုင်ငံများအနေဖြင့် အတူတကွ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များမှ “Cebu Declaration on the acceleration of the establishment of an ASEAN Community by 2015” တွင် လက်မှတ်ရေးထိုး ကတိကဝတ် ပြုခဲ့ပါသည်။ အဆိုပါ Cebu Declaration အရ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည်လည်း အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ၊ စီမံကိန်းများ၊ အခြေခံမူများကို အခြားသောအာဆီယံနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံစီးပွားရေး အသိုက်အဝန်းကို အတူတကွ အကောင်အထည်ဖော်ရာ၌ ကဏ္ဍ (၁) ခု ဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရန် အာဆီယံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Small and Medium Enterprise Working Group – ASEAN SMEWG) တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုဌာနမှ ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ Focal အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံ စီးပွားရေးအသိုက်အဝန်းကို အတူတကွ အကောင်အထည်ဖော်ရာ၌ အာဆီယံမဏ္ဍိုင် (၃) ရပ်ပါ ကဏ္ဍတစ်ခုဖြစ်သော အာဆီယံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် အာဆီယံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Small and Medium Enterprises Working Group-ASEAN SMEWG) အစည်းအဝေးများကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ASEAN SMEWG ၏ မြန်မာနိုင်ငံဆိုင်ရာ Focal Person အဖြစ် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအောက်ရှိ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် (၃၃) ကြိမ်မြောက် အာဆီယံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်သကဲ့သို့ (၃၂) ကြိမ်နှင့် (၃၃) ကြိမ်မြောက် အစည်းအဝေးများတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာနမှ အလှည့်ကျဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ASEAN SMEWG ကို အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprises – ACCMSME) ဟု အမည် ပြောင်းလဲခဲ့ပြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် မှ မြန်မာနိုင်ငံ၏ ACCMSME Focal အဖြစ် တာဝန်ယူ၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ချိတ်ဆက်လျက် အဖွဲ့ဝင်နိုင်ငံများမှ လိုက်ပါဆောင်ရွက်ရမည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ စီမံကိန်းများ၊ အခြေခံမူများကို အာဆီယံ (၁၀) နိုင်ငံများနည်းတူ လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအဖွဲ့အား ၂၀၁၆ ခုနှစ် အာဆီယံ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprises-ACCMSME) ဟု အမည်ပြောင်းလဲခဲ့ပြီးနောက် 1st ACCMSME Meeting & Related Meetings ကို ၂၀၁၆ ခုနှစ်၊ မေလ၌ စင်ကာပူနိုင်ငံတွင်လည်းကောင်း၊ 2nd ACCMSME Meeting & Related Meetings ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင်လည်းကောင်း၊ 3rd ACCMSME Meeting & Related Meetings ကို ၂၀၁၇ ခုနှစ်၊ မေလ၌ မလေးရှားနိုင်ငံတွင် လည်းကောင်း၊ 4th ACCMSME Meeting and Related Meeting ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ၌ ဖိလစ်ပိုင်နိုင်ငံတွင်လည်းကောင်း၊ 5th ACCMSME Meeting and Related Meetings ကို ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ၌ လာအိုနိုင်ငံတွင်လည်းကောင်း၊ 6th ACCMSME Meeting & Related Meetings ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ၌ မြန်မာနိုင်ငံတွင်လည်းကောင်း၊ 7th ACCMSME Meeting and Related Meetings ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ၌ ဗီယက်နမ်နိုင်ငံတွင်လည်းကောင်း၊ 8th ACCMSME Meeting and Related Meetings ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ ကမ္ဘောဒီးယားနိုင်ငံတွင်လည်းကောင်း၊ (၉) ကြိမ်မြောက်မှ (၁၂) ကြိမ်မြောက်အစည်းအဝေးများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ (၁၃) ကြိမ်မြောက်နှင့် (၁၄) ကြိမ်မြောက် ACCMSME Meeting & Related Meetings များအား ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် နိုဝင်ဘာလတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ACCMSME ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ မေလတွင် စင်ကာပူနိုင်ငံ၌ကျင်းပခဲ့သော 1st ACCMSME Meeting & Related Meetings
အဆိုပါ အစည်းအဝေးများသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာနမှ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ASEAN Blue Print ပါ စီမံကိန်း၊ ASEAN Strategic Action Plan for SME Development (2016-2025) ဆိုင်ရာ (၆) လ/ တစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများ ကြိုတင်ညှိနှိုင်းရေးဆွဲ ခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းနှင့် အတည်ပြုခြင်းတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ သည် အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်မှုလုပ်ငန်းစဉ်အတွင်း အာဆီယံဒေသတွင်းရှိ SMEs လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး Follow-up Action များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ကျင်းပခဲ့သော 6th ACCMSME Meeting & Related Meetings

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့်13th ACCMSME Meeting & Related Meetings