ဗဟိုကော်မတီ၏ လုပ်ငန်းတာ၀န်များ
(၁) |
ဤဥပဒေပါအခြေခံမူများနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်စေရန် မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန် ခြင်း၊ |
(၂) |
နိုင်ငံတော်၏ စီးပွားရေးအင်အားစုများတွင် အချိုးအစားအများဆုံးပါဝင်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးမြှင့်တင်ခြင်း၊ |
(၃) |
ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီများရရှိရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပေးခြင်း၊ |
(၄) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဈေးကွက်များ ကျေးလက်ဒေသ အထိ ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်း၊ |
(၅) |
ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက် ချိတ်ဆက်ရေး လုပ်ငန်းများ ပုံမှန် ဖြစ်ထွန်းတိုးတက်လာစေရန် စီစဉ်ပေးခြင်း၊ |
(၆) |
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် လိုအပ် သည့် လူသားအရင်းအမြစ်များ လေ့ကျင့် ပြုစုပျိုးထောင်ရေးကို အားပေး မြှင့်တင်ခြင်း၊ |
(၇) |
စွမ်းအင် ထုတ်လုပ်ခြင်းနှင့် စွမ်းအင်ကို အကျိုးရှိရှိ ထိရောက်စွာ အသုံးချရေး နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု နည်းပညာများ အသုံးပြုရေး အတွက် လမ်းညွှန်ပံ့ပိုးပေးခြင်း၊ |
(၈) |
တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုရေးအတွက် ဆက်စပ်ညှိနှိုင်း လမ်းညွှန်ခြင်း၊ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာရန် လမ်းညွှန်ပံ့ပိုး ပေးခြင်း၊ |
(၉) |
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေခံအဆောက်အအုံများ နှင့် အထောက်အကူပြုပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ဖြည့်တင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ |
(၁၀) |
လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာ၀န်များ သတ်မှတ်ပေးခြင်း၊ |
(၁၁) |
အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ်သော အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်ရန် လမ်းညွှန်ခြင်း။ |