The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

NEWS

2023-10-28
အသေစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် MSME လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်ခြင်းနှင့် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် MSME များ ပိုမိုရှင်သန် ဖွံ့ဖြိုးလာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရန်၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ဖြစ်ပေါ်လာသည့် ခေတ်ရေစီးကြောင်းများအရ MSME များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးနိုင်ရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်၊ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိစေရန်၊ ပြည်တွင်း/ပြည်ပစျေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ ပြည်သူများအလုပ်အကိုင်အခွင့် အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်နှင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့်လုပ်ငန်းစဉ်များအရ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာချာလီသန်း၊ ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် အောက်ဖော်ပြပါ ဆုံးဖြတ်ချက် (၁၃) ချက်ကို ဆုံးဖြတ်ခဲ့ပါသည်။ “ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်” အချက်(၃)ချက်ကို ရည်ရွယ်၍ MSME များ အားပေးမြှင့်တင်ရေး အစီအစဉ်များ စုစည်းပေါင်းစပ်၍ ပြည်ထောင်စုအဆင့် MSME အားပေးမြှင့်တင်ရေး အစီအစဉ်တစ်ခုအဖြစ် ရေးဆွဲ ဆောင်ရွက်သွားရန်။ စက်မှုချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးအစီအစဉ်များကို MSME အားပေး မြှင့်တင်ရေးအစီအစဉ်11.များနှင့် ချိတ်ဆက် အကောင်အထည်ဖော်ဆောင် ရွက်ရန်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား မှတ်တမ်းတင် ရန်။ အမှာစာအမှတ်စဉ်(၃) ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲ ကျင်းပ ပြုလုပ်ရန် တင်ပြခြင်းနှင့် စပ်လျဉ်း၍ ခန့်မှန်းကုန်ကျစရိတ်များကို သေချာစွာ ပြန်လည်စိစစ်ပြီး နောက်ဆုံးကုန်ကျမည့် ပမာဏပေါ် မူတည်၍ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်နယ်/တိုင်း အေဂျင်စီများနှင့် ပါဝင်ပြသမည့် MSME လုပ်ငန်းရှင်များမှ မည်သည့်အချိုးအစားဖြင့် ထည့်ဝင်ကျခံနိုင် မည်ကို သဘောထားမှတ်ချက်များတောင်းခံပြီး ဗဟိုကော်မတီသို့ တင်ပြအတည်ပြု၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြဆောင်ရွက်သွားရန်။ MSME များ မှတ်ပုံတင်သက်တမ်းတိုးကြေးနှင့် လုပ်ငန်းများတွင် အပြောင်းအလဲများ ပြုလုပ်ခြင်းတို့အတွက် သတ်မှတ်နှုန်းထား (၁၀၀၀) ကျပ် ကောက်ခံ၍ ဖြေလျှော့ဆောင်ရွက်သွားရန်။ သီလဝါ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများက ပြည်တွင်း MSME များထံမှ ကုန်ပစ္စည်းမှာယူမှု အခြေ အနေတင်ပြချက်နှင့်စပ်လျဉ်း၍ စက်တင်ဘာလအထိ ဆောင်ရွက်မှုကို မှတ်တမ်းတင်ရန်နှင့်ဖြန့်ဝေရန်။ MSME ရန်ပုံငွေ ကျပ် (၁၇၀) ဘီလီယံ အနက် MSME ချေးငွေကိစ္စရပ်များအတွက် ကျပ် (၁၅၀)ဘီလီယံနှင့် ချေးငွေမဟုတ်သော MSME ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များအတွက် ကျပ် (၂၀)ဘီလီယံ လျာထား ဆောင်ရွက်ခွင့်ပြုပါရန်ကိစ္စအားMSMEဗဟိုကော်မတီ မှ အတည်ပြုချက်ရရှိရေး တင်ပြသွားရန်။ MSME ချေးငွေ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ MSME အေဂျင်စီများမှတစ်ဆင့်MSMEချေးငွေ လျှောက်လွှာများလက်ခံခြင်း၊ ချေးငွေစိစစ်ခြင်းနှင့် ထုတ်ချေးခြင်း လုပ်ငန်းစဉ်များ စတင် ဆောင်ရွက် နိုင်ရေးအတွက် MSME ဗဟိုကော်မတီ၏ ခွင့်ပြုချက် ရရှိရေးတင်ပြသွားရန်။ ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များသည် စက်မှုဇုန် များ/ အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ပြီး မိမိတို့၏ ထုတ်ကုန်များ (စက်ပစ္စည်း အစိတ်အပိုင်းများ၊ ဝန်ဆောင်မှုများ၊ ထုပ်ပိုးကုန်ပစ္စည်းများ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ကုန်ကြမ်း၊ ကုန်ချောများ)ကိုပေးသွင်း နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။ MSME များအတွက် Digital အသုံးပြုမှုနှင့်စပ်လျဉ်း၍ သင်တန်းများပေးပါက သက်ဆိုင်ရာ ပြည်နယ်/တိုင်း အေဂျင်စီများမှ တာဝန်ရှိသူ (၂) ဦး သို့မဟုတ် (၃)ဦးကို ရွေးချယ်၍ တက်ရောက်စေပြီး၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများတွင် ပြန်လည်၍ Knowledge Sharing ပြုလုပ်ပြီး ပြန့်ပွားအောင်ဆောင်ရွက်သွားရန်။ MSME များ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး (Digital Transformation)ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် MSME အေဂျင်စီအောက် တွင် Team or Task Force ဖွဲ့စည်းဆောင်ရွက် သွားရန်နှင့် ပြည်ထောင်စုအဆင့် MSME ပြပွဲများ ပြုလုပ်ကျင်းပသည့်အခါ Digital Corner ပါဝင်ပြသ နိုင်ရေးဆောင်ရွက်ရန်။ OROP အစီအစဉ်များကို အမျိုးသားရေးရည်မှန်းချက် ဖြစ်သော တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံစေရေးနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားရန်။ MSMEထုတ်ကုန်များကို လူသိများစေရန်နှင့်ဈေးကွက် ပိုမို ရရှိနိုင်ရေးအတွက် မီဒီယာ (ရုပ်ရှင်၊ ဗွီဒီယို ဇာတ်လမ်းတွဲများ)များတွင် ထည့်သွင်းရိုက်ကူးပြီး အကြိမ်ကြိမ် ပြသနိုင်ရေးဆောင်ရွက်ရန်။
2023-06-23
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၃)မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အေဂျင်စီများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်ခရီးစဉ်များတွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လမ်းညွှန်ချက်များ၊ ဒေသခံ MSME လုပ်ငန်းရှင်များမှ တင်ပြချက်များဖြစ်သော နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့် မြေနေရာ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍများအား ဖြည့်ဆည်းပေးနိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အေဂျင်စီများကချိတ်ဆက်ပြီး ကြပ်မတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ချာလီသန်း၊ ဦးလှမိုး၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။ အစည်းအဝေးတွင် အောက်ဖော်ပြပါ ဆုံးဖြတ်ချက် (၁၇) ချက်ကို ဆုံးဖြတ်ခဲ့ပါသည်။• နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် “ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန် အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်” အချက် (၃)ချက်ကို ရည်ရွယ်၍ MSME များကို အားပေးမြှင့်တင်ရေး အစီအစဉ်များ ဒေသအလိုက် ရေးဆွဲဆောင်ရွက်ရန်။• တန်ဖိုးမြှင့်ထုတ်ကုန်များအား သုတေသနပြုလုပ်ပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသည့် အဆင့်မှ စီးပွားဖြစ်အမြောက်အများ (Mass Production) ထုတ်လုပ်နိုင်သည်အထိ သုတေသနပညာရှင်များနှင့် လုပ်ငန်းရှင်များ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်။• တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တင်ပြထားရှိခဲ့သည့် One Region One Product အစီအစဉ်များကို ထုတ်ကုန်အမယ် တစ်ခုချင်းအလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Action Plan များ ရေးဆွဲပြီး လုပ်ငန်းကော်မတီသို့ တင်ပြသွားရန်။• တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆောင်ရွက်မည့် One Region One Product အရ အစည်းအဝေး၌ Online ဖြင့် တင်ပြခဲ့သည့် ထုတ်ကုန်အမယ် အပြင် ထပ်မံတင်ပြလိုသည့် ထုတ်ကုန်အမယ်များရှိပါကလည်း လုပ်ငန်းကော်မတီသို့ စာဖြင့် တရားဝင် တင်ပြသွားရန်။• အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား မှတ်တမ်းတင်ရန်။• MSME ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးအား ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီးသည့် အချိန်ထိ ဆောင်ရွက်ရန်။• မှတ်ပုံတင်ကြေး၊ ဒဏ်ကြေး၊ မှတ်ပုံတင်လက်မှတ် ပျက်စီး၊ ပျောက်ဆုံးခြင်းအတွက် အဆိုပြု နှုန်းထားများအား အတည်ပြုရန်နှင့် သက်တမ်းတိုးကြေး၊ လုပ်ငန်းအပြောင်းအလဲ ပြုလုပ်ခြင်းများကို ဖြေလျှော့ဆောင်ရွက်ရန်။• အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား မှတ်တမ်းတင်ရန်။• အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား မှတ်တမ်းတင်ရန်။• MSME ရန်ပုံငွေတွင် နိုင်ငံတော်မှ မတည်ထည့်ဝင်ထားသည့် ကျပ် (၁၇၀)ဘီလီယံအား ချေးငွေထုတ်ချေးရေးကိစ္စရပ်များအတွက် ကျပ်(၁၅၀) ဘီလီယံ နှင့် ချေးငွေမဟုတ်သည့် အသုံးစရိတ်များအတွက် ကျပ် (၂၀) ဘီလီယံ လျာထား သုံးစွဲခွင့်ပြုရန်။• MSME လုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း)အား အတည်ပြုရန်နှင့် ဒေသဆိုင်ရာအေဂျင်စီများ၊ သက်ဆိုင်ရာဘဏ်များအား ဖြန့်ဝေပေးရန်။• အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြနေမှုများအား မှတ်တမ်းတင်ရန်နှင့် OROP နှင့်သက်ဆိုင်သော Program အသစ်များ ရိုက်ကူး ထုတ်လွှင့်သွားရန်။• အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးများ ဆောက်လုပ်ခြင်းနှင့် ရန်ပုံငွေမှကျခံသုံးစွဲရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စိစစ်ပြီး လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ မူဝါဒတောင်းခံသွားရန်။• ချင်းပြည်နယ်မှ နွားနောက်အသား ထုတ်လုပ်မှု/ ရောင်းချမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ထုပ်ပိုးမှုစနစ်၊ ပြည်တွင်းဈေးကွက် ဖြန့်ချိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် ဒေသအလိုက် အေးခဲအသားများ ထုတ်လုပ်ခြင်းကို ဦးစားပေးဆောင်ရွက်သွားရန်။• နွားနောက်ကောင်ရေများ စဉ်ဆက်မပြတ် တိုးပွားမွေးမြူလာနိုင်စေရေးအတွက် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာများ ကူညီဆောင်ရွက်ပေးရန်။• တနင်္သာရီတိုင်းဒေသကြီးမှ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ GAP နှင့်အညီ စနစ်တကျဖြစ်စေရေး ကူညီဆောင်ရွက်ပေးရန်။• ပီလောပီနံ ထုတ်ကုန်အား စိုက်ပျိုးထွက်ရှိသည့် နယ်မြေများ၌ One Region One Product ဒေသထုတ်ကုန်အဖြစ် ဆောင်ရွက်ရန်နှင့် နည်းပညာပံ့ပိုးပေးရန်။ 
2023-01-27
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဗဟိုကော်မတီဖွဲ့စည်းပြီးနောက် ဗဟိုကော်မတီမှချမှတ်ပေးသော မူဝါဒ၊ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် MSME လုပ်ငန်းကော်မတီကို (၂၆.၁၁.၂၀၂၁) ရက်နေ့တွင် လုပ်ငန်းကော်မတီအဖွဲ့ဝင် (၄၀) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ လုပ်ငန်းကော်မတီမှ ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ကို အဖွဲ့ဝင် (၁၇) ဦးဖြင့်လည်းကောင်း၊ အေဂျင်စီကို အဖွဲ့ဝင် (၂၄) ဦးဖြင့်လည်းကောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးဖြင့်လည်းကောင်း ဆက်လက်၍ဖွဲ့စည်းခဲ့ပါသည်။ အေဂျင်စီ၏ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဒေသဆိုင်ရာအေဂျင်စီများကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို (၁၅.၁၁.၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အောက်ဖော်ပြပါဆွေးနွေးဆုံးဖြတ်ချက် (၂၅) ချက်တို့ကို ချမှတ်ခဲ့ပါသည်-အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ (၁/၂၀-၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၁၆) အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်အချက်များကို လုပ်ငန်းကော်မတီသို့ ပြုစုတင်ပြသွားရန်၊ ထုတ်လုပ်မှုကဏ္ဍ ဦးစားပေးလုပ်ငန်း (၁၂) ခုကို အားပေးမြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းတူ အစုအဖွဲ့အလိုက်နှင့် စက်မှုလုပ်ငန်းများအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲချမှတ်ဆောင်ရွက်ရန်၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအား MSME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအဖြစ် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ ဥပဒေပြင်ဆင်ရေးအဖွဲ့အား အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ရန်နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အစား ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရန်၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ဗဟိုအေဂျင်စီနှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့များ၏ အဆိုပြုအမည်စာရင်းအား လုပ်ငန်းကော်မတီအဖွဲ့ဝင်များထံ သဘောထားမှတ်ချက် တောင်းခံပြီး ဖွဲ့စည်းသွားရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI) များ၊ အကြီးစားစက်မှုလုပ်ငန်းများနှင့် MSME များ ချိတ်ဆက်ပေးနိုင်မည့် စက်မှုချိတ်ဆက်ဆောင်ရွက်မှုအစီအစဉ် (Industrial Linkage Plan) တစ်ရပ်အား လုပ်ငန်းတူအစုအဖွဲ့အလိုက်သော်လည်းကောင်း၊ စက်မှုလုပ်ငန်းများ ကဏ္ဍအလိုက်သော်လည်းကောင်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း (MWEA) အသင်းအဖွဲ့များမှ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သုံးသပ်အကြံပြုချက်များပါဝင်သည့် စာတမ်းပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြသွားရန်၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် TVET အစီအစဉ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ဒေသများအလိုက် ပညာရှင်များစုဖွဲ့၍ အစီအမံများရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ MSME Webportal တွင် လုပ်ငန်းကော်မတီဆိုင်ရာ သတင်းအချက်အလက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လုပ်ငန်းရှင်များအားပေးလိုသည့် သတင်းအချက်အလက်များကို စုစည်း၍ တင်ပြနိုင်ရေးဆောင်ရွက်ရန်၊ MSME များအတွက် လိုအပ်သော သတင်းအချက်အလက်များ အလွယ်တကူရရှိစေရေး၊ ဒီဂျစ်တယ်နှင့် IT နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်စေရေး၊ အီလက်ထရောနစ် ရောင်းဝယ်မှုစနစ်များ အားကောင်းလာစေရေးတို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရား (Coordination and Cooperation Mechanism) တစ်ရပ် ထူထောင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ MSME ဆိုင်ရာ Unit များ ဖွဲ့စည်းပြီး Contact Person များ သတ်မှတ်၍ Contact Person များ ပါဝင်သော အဖွဲ့အစည်းတစ်ခု (ဥပမာ-Viber Group) ဖွဲ့စည်းဆောင်ရွက်သွားရန်၊ MSME များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Online Registration & e-Payment စနစ်အသုံးပြုနိုင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဒေသဆိုင်ရာအေဂျင်စီများ ပြန်လည်ဖွဲ့စည်းမှုတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုတည်းသာကျန်ရှိနေ၍ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများအား တီထွင်ဆန်းသစ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာအထောက်အပံ့များ ပေးနိုင်ရေးနှင့် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ အောင်မြင်မှုများ၊ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် (၂) လ တစ်ကြိမ် (သို့) (၃) လ တစ်ကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို ကျင်းပဆောင်ရွက်ရန်နှင့် အစည်းအဝေးတွင် ဆွေးနွေးတင်ပြမည့် အချက်များကို အမှာစာများအဖြစ် ပြုစု၍ အစည်းအဝေးမတိုင်မီ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပေးပို့ရန်၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ အလားအလာကောင်းသည့်ဒေသထွက်ကုန်ပစ္စည်းများအား ထုတ်ကုန်များအဖြစ်ရွေးချယ်သတ်မှတ်၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်များဆောင်ရွက်သွားရန်၊ MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲများ ကျင်းပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးကဏ္ဍရှိ MSME လုပ်ငန်းများကို အထောက်အကူပြုစေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည့် အစီအစဉ်များဆောင်ရွက်ရန်၊ MSME လုပ်ငန်းများအတွက် သတင်းအချက်အလက်နည်းပညာများ၊ စက်မှုလက်မှုဆိုင်ရာနည်းပညာများ၊ စံချိန်စံညွှန်းကိစ္စရပ်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လုပ်ငန်းကော်မတီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ဖွဲ့စည်းသွားရန်၊ ဒေသဆိုင်ရာ အေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ငန်းကော်မတီသို့ လစဉ်တင်ပြသွားရန်နှင့် လုပ်ငန်းကော်မတီမှ စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားရန်၊ MSME များအတွက် လက်ရှိရင်ဆိုင်နေရသော အခက်အခဲများဖြစ်သည့် ငွေကြေးအရင်းအနှီး၊ လျှပ်စစ်မီးရရှိမှု၊ ကျွမ်းကျင်လုပ်သားလိုအပ်မှု၊ မြေယာလိုအပ်မှုများ၊ နည်းပညာလိုအပ်ချက်၊ ဈေးကွက်ကျယ်ပြန့်စွာရရှိနိုင်ရေး၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား လွယ်ကူစွာဖြန့်ဖြူးနိုင်ရေးကို ပံ့ပိုးဆောင်ရွက်ရန်၊ MSME ရန်ပုံငွေတည်ထောင်ပြီးပါက ဦးစားပေးကဏ္ဍမှ လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချေးငွေများ ထုတ်ချေးမည့်အစီအစဉ်များဆောင်ရွက်သွားရန်၊ MSME များ ပြည်တွင်းဈေးကွက်တည်ငြိမ်မှုရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ဈေးကွက်ထိန်းကျောင်းပေးမည့် အစီအစဉ်များဆောင်ရွက်ပေးရန်၊MSME များအား အထောက်အကူပြုနိုင်ရန်အတွက် တက္ကသိုလ်များမှ သုတေသနစာတမ်းများအား အသိပညာဖြန့်ဝေခြင်း (Knowledge Sharing) အစီအစဉ်များဆောင်ရွက်ရန်နှင့် Government, University & Industry ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးဆောင်ရွက်ရန်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သည့် စီးပွားရေးဝန်းကျင်ကောင်း (enabling ecosystem) တစ်ခုဖြစ်ပေါ်လာစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ (၁) ကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ (၂) ဝင်ငွေများ ပိုမိုတိုးတက်ရရှိလာစေရေးနှင့် (၃) အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေးစသည့် အချက် (၃) ချက်အား အဓိကအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ဘဏ်များတွင် MSME များအား ဝန်ဆောင်မှုပေးနိုင်မည့် MSME Section/Unit တစ်ခု သီးသန့်ထားရှိပြီး ဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်ရန်၊