Q&A
အာမခံပစ္စည်းလုံလောက်စွာ မပေးနိုင်သူများနှင့် လုံးဝမပေးနိုင်သော လုပ်ငန်းများ အတွက် မြန်မာ့အာမခံလုပ်ငန်းမှ ထောက်ခံသည့်ပမာဏအတွက် ချေးငွေအာမခံလက်မှတ်(CGI) ကို ရယူ ၍ ထုတ်ချေးသွားမည်ဖြစ်ပါသည်။ CGI စနစ်ဖြင့်ထုတ်ချေးရာတွင်ဘဏ်ချေးငွေအပေါ် အတိုးအပြင် CGI အပေါ် ပရီမီယံကြေးကိုလည်း ငွေချေးသူကပေးဆောင်ရပါမည်။ CGI စနစ်ဖြင့် ထုတ်ချေးငွေကို လက်ရှိအခြေအနေတွင် အများဆုံးကျပ်သိန်း(၂၀၀) အထိသာသတ်မှတ်ထားပါသည်။
အတိုးကိုသုံးလပတ်တစ်ကြိမ်ပုံမှန်ပေးဆပ်ရပါမည်။ အရင်းကို (၃)နှစ်ဖြစ်ပါက(၁)နှစ် ဆိုင်းငံ့၊ (၂)နှစ်အတွင်း(၄)ရစ်ဆပ်ဖြင့်လည်းကောင်း၊ (၄)နှစ်ဖြစ်ပါက (၁)နှစ်(၆)လဆိုင်းငံ့၊ (၂)နှစ် (၆)လအတွင်း(၅)ရစ်ဆပ်ဖြင့်လည်းကောင်း၊ (၅)နှစ်ဖြစ်ပါက (၂)နှစ်ဆိုင်းငံ့၊ (၃)နှစ်အတွင်း (၆)ရစ်ဆပ်ဖြင့်လည်းကောင်းပေးဆပ်နိုင်ပါသည်။
ထုတ်ချေးငွေများအနက် ချေးငွေ၏အနည်းဆုံး(၅၀%)အား ပုံသေရင်းနှီးငွေ(Fixed Capital) အဖြစ်ရင်းနှီးရန်ဖြစ်ပြီး ချေးငွေ၏အများဆုံး (၅၀%) ကို လုပ်ငန်းလှည်လည်ငွေအဖြစ် အသုံးပြုနိုင်ပါသည်။
လုပ်ငန်းဆက်စပ်ဆောင်ရွက်ထားသည့် အဝယ်အမှာစာ(Purchase Order) ကဲ့သို့ သော သက်သေအထောက်အထားများတင်ပြရန်လိုပါသည်။
အပေါင်ပစ္စည်းလုံလောက်မှုအပေါ်မူတည်၍ အတိုးနှုန်းပြောင်းလဲနိုင်ပြီး အနိမ့်ဆုံး အတိုးနှုန်းထက် ပိုများနိုင်ပါသည်။ ငွေချေးသူမှ CGI ကို အသုံးပြုပါက မြန်မာ့အာမခံလုပ်ငန်းသို့ CGI ကြေးထပ်မံပေးဆောင်ရပါမည်။ အခြား(ချေးငွေပမာဏ၊ သက်တမ်း၊ အသုံးပြုမှု) တို့သည် ပုံမှန်ချေးငွေအတိုင်းဖြစ်ပါသည်။
MSME လုပ်ငန်းရှင်တစ်ဦးအတွက် အများဆုံးမြန်မာကျပ်သန်း(၅၀၀) သတ်မှတ်ထား ပါသည်။ လုပ်ငန်းရှင်အတွက် ၎င်းပမာဏမကျော်လွန်ပါက ထပ်မံလျှောက်ထားနိုင်ပါသည်။
ပထမဦးစွာ သက်ဆိုင်ရာတစ်ဘဏ်ချင်းစီမှ MSME စံညွှန်းများနှင့်အညီရွေးချယ်ပါ သည်။ ထို့နောက် မြန်မာ့စီးပွားရေးဘဏ်မှ အရည်အချင်းပြည့်မီသည့်အချက်များနှင့်အညီ ထပ်မံ ရွေးချယ်ပါသည်။
လယ်သမားဆိုသည်မှာ လယ်ယာမြေပိုင်ဆိုင်သောသူဖြစ်ပါသည်။ လယ်သမား မဟုတ်သူသည် ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း(သို့မဟုတ်) စိုက်ပျိုး ရေးဆက်စပ်ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။
အိမ်ခြံမြေ၊ ဘဏ္ဍာရေးနှင့် အာမခံ၊ အဖိုးတန်သတ္ထုရောင်းဝယ်ရေး၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံများ၊ ဖြေဖျော်မှု၊ တင်ဆက်မှု(ခရီးသွားလုပ်ငန်းအတွက်ချွင်းချက်)၊ လက်နက်များ၊ ခဲ ယမ်းမီးကျောက်၊ လယ်သမားများ၊ လူမှုရေးရာတည်ငြိမ်မှုကို ထိခိုက်စေသောမည်သည့်ကဏ္ဍမျိုး မဆိုဖြစ်ပါသည်။
မလျှောက်ထားနိုင်ပါ၊၊ ပရောဂျက်(လုပ်ငန်း) တစ်ခုအတွက် တစ်ဘဏ်ကိုသာ ရွေးချယ်၍ လျှောက်ထားရမည်ဖြစ်ပါသည်။ လျှောက်လွှာတစ်ခုတည်းကို ဘဏ်တစ်ဘဏ်ထက် ပို၍ တစ်ပြိုင်တည်းလျှောက်ထားပါက လက်ခံမည်မဟုတ်ပါ။
ဘဏ်တစ်ဘဏ်ချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်ပါသည်။ သို့သော်ပုံမှန်အားဖြင့် ဘဏ်များ မှ အပေါင်ပစ္စည်းလိုအပ်ပါသည်။ အကယ်၍ MSME များမှ အပေါင်ပစ္စည်းမလုံလောက်ပါက မြန်မာ့အာမခံလုပ်ငန်းမှ ချေးငွေအာမခံကိုအသုံးပြုနိုင်ပါသည်။ ဘဏ်များနှင့် မြန်မာ့အာမခံ လုပ်ငန်းတွင် အသေးစိတ်မေးမြန်းနိုင်ပါသည်။
ပုံသေပိုင် ရရန်ပိုင်ခွင့်ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံရာတွင် အဓိကထား၍ အသုံး ပြုရန်သတ်မှတ်ထားပါသည်။ (ဥပမာ၊ စက်ပစ္စည်းဝယ်ယူခြင်း၊ အလုပ်ရုံတည်ဆောက်ခြင်း၊ ဆန်စက်အဆင့်မြှင့်တင်ခြင်း၊ စားသောက်ဆိုင်ချဲ့ထွင်ခြင်း၊ စသည်) လုပ်ငန်းလှည့်လည်ငွေအဖြစ်လည်းအသုံးပြုနိုင်ပါသည်။ သို့ရာတွင်ချေးငွေ၏ ၂၀% အထိသာ အသုံးပြုခွင့်ရှိပါသည်။
MSME လုပ်ငန်းအားလုံးလျှောက်ထားနိုင်ပါသည်။
သက်ဆိုင်ရာဘဏ်များနှင့် ရုံးချုပ်/တိုင်း/ပြည်နယ်/ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ MSME ရုံးခွဲများတွင် စုံစမ်းသိရှိနိုင်ပါသည်။ ဤဝက်ဆိုက်၏ (ချေးငွေဆိုင် ရာအချက်အလက်များ Sub Menu) တွင်လည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
JICA Two Step Loan ချေးငွေအစီအစဉ်နှင့် MEB MSME Loan ချေးငွေ အစီအစဉ် တို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ (၂၃.၁.၂၀၂၃) အထက်ပါ MSME ချေးငွေ အစီအစဉ် များအပြင် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေတို့ကို ထုတ်ချေးပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
SME Member Card ကို ယခု Webportal မှတဆင့် လျှောက်ထားနိုင်ပြီး လုပ်ငန်းရှင်၏ ဓာတ်ပုံ( Passport Size) (၄) ပုံ ၊ အိမ်ထောင်စုဇယားမိတ္တူ၊ သက်ဆိုင်ရာဌာနမှ ရရှိထားသည့် လိုင်စင်၊ ခွင့်ပြုချက် (သို့မဟုတ်) မှတ်ပုံတင် လက်မှတ် တို့ လိုအပ်ပါသည်။