2023-03-14
11:00
နေပြည်တော်
၂၀၂၃ ခုနှစ်၊ မတ်လ ၁၄
မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို (၁၄.၃.၂၀၂၃)ရက်နေ့တွင် ပုသိမ်စက်မှုစီမံကိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့မှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာ သက်ဝင်ခြင်း ဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှ တိုင်းဦးစီးမှူးနှင့် အရာထမ်း(၁၀)ဦး၊ လုပ်ငန်းရှင်(၅၁)ဦး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်း အဖွဲ့များ၊ စုစုပေါင်း(၁၂၆)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။