The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

Capacity Building For SME

From 20-11-2018 to 1-12-2018
From 10:45 PM to 1:00 PM
ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Panna Online School တို့ပူးပေါင်းပြီးSME လုပ်ငန်းရှင်များအတွက် Online Training များ ဖွင့်လှစ်သင်ကြားမည့်အစီအစဉ် မြန်မာနိုင်ငံမှ SME လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Panna Institute, Panna Online School တို့ပူးပေါင်းပြီး SME လုပ်ငန်းရှင်များ၊ လုပ်ငန်းစတင်တည်ထောင်လိုသူများနှင့် SME Staff များအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို Online မှနေ၍ ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ Panna Online School ကို ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် SME လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို စရိတ်အနည်းဆုံးဖြင့် သင်ကြားနိုင်ခြင်း၊ မိမိတို့အားလပ်သည့်အချိန်၌ အချိန်မရွေး လေ့လာသင်ယူနိုင်ခြင်း၊ သင်တန်းတက်ရောက်ရန် သွားလာရခက်ခဲဝေးလံသည့် ဒေသများမှ လူငယ်နှင့် လုပ်ငန်းရှင်များအတွက် အဆင်ပြေလွယ်ကူစွာ လေ့လာသင်ကြားနိုင်ခြင်း၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် လိုအပ်သောပညာရပ်များကို အလွယ်တကူလေ့လာ သင်ယူခြင်းဖြင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။အဆိုပါ Panna Online Training Website အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် အများပြည်သူထံသို့ စတင် မိတ်ဆက်ချပြပေးသွားမည်ဖြစ်ပြီး Website မှတဆင့် စတင်လေ့လာသင်ယူနိုင်မည့် ဘာသာရပ်များမှာ 1. Human Resources Management 2. Finance for SMEs 3. Bookkeeping for Manufacturing 4. Fundamentals of Marketing 5. Social Media Marketing 6. Business Communicative English 7. Family Business Management 8. IT for Business. တို့ကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်မည့် Application Apk ကိုလည်း အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အထူးအစီအစဉ်တရပ်အနေဖြင့် စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ (SME Member Card ရရှိထားသည့် လုပ်ငန်းရှင်များ)နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ပုံမှန်သင်တန်းကြေးထက် သက်သာသည့် နှုန်းထားဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်စာရင်းသွင်းလေ့လာသင်ကြားနိုင်ပါကြောင်းနှင့် Website မိတ်ဆက်ပွဲ အခမ်းအနားနှင့် အသုံးပြုပုံအသေးစိတ်ရှင်းလင်းပြောကြားမည့်အစီအစဉ်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ SME Center တွင် ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည်(၁)နာရီမှ (၃) နာရီထိကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
From 9-02-2019 to 11-02-2019
From 9:30 AM to 1:30 PM
ဧရာရွှေဝါခန်းမ၊ ပုသိမ်မြို့
"Financial Services and Management Training for Myanmar SMEs" သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် သတင်းပေးခြင်း ဘဏ်(သို့မဟုတ်) ချေးငွေရရှိနိုင်မည့် အခြားအခွင့်အလမ်းများနှင့် လုပ်ငန်းရှင်ကိုယ်တိုင် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ချေးငွေရယူနိုင်ခြင်း၊ ချေးငွေများအား လုပ်ငန်းခွင်အတွင်း စနစ်တကျ အသုံးပြုနိုင်ခြင်း နှင့် ချေးယူထားသော ငွေကို အသုံးပြုလျက် လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သည့် အကြံဉာဏ်များ ဆက်လက်ရယူနိုင်စေရန် " Financial Services and Management Training for Myanmar SMEs" သင်တန်းကို 2019ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့မှ (၁၁) ရက်နေ့ထိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် Matrix Institute of Professionတို့ပူးပေါင်းကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် 09-5148688 သို့ဆက်သွယ်စာရင်းပေးပါရန်နှင့် လျှောက်လွှာများရယူလျှောက်ထားနိုင်ပါရန် သတင်းကောင်းပါးအပ်ပါသည်- #သင်တန်းကျင်းပမည့်နေရာ# ဧရာရွှေဝါခန်းမ၊ ပုသိမ်မြို့ #RegistrationFee - (20000) ကျပ် #နေ့ရက်- (9.2.2019)ရက်နေ့တွင် အကြိုဆွေးနွေးပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး (10.2.2019)ရက်နေ့မှ (11.2.2019)ရက်နေ့ထိ သင်ကြားမည့် Document များ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ပါသည်၊ Lunch နှင့် Tea Break (၂) ချိန်ပါဝင်ပါသည်၊
From 7-11-2019 to 8-11-2019
From 9:30 AM to 4:30 PM
ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့
ကချင်ပြည်နယ်မှ လုပ်ငန်းရှင်များအတွက် Human Resources Management သင်တန်း ကျင်းပမည့်အစီအစဉ် ===================================================== ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်မိမိတို့၏လုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲတတ်စေရန်ရည်ရွယ်၍ Human Resources Management သင်တန်း အားကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။  သင်တန်းအမည် - Human Resources Management သင်တန်း  ပို့ချမည်ဆရာ - ဦးပြည့်စိုးဦး (Certified License Trainer of ILO SIYB Program)  နေ့ရက် - (၇.၁၁.၂၀၁၉) ရက်နေ့မှ (၈.၁၁.၂၀၁၉)ရက်နေ့အထိ  နေရာ - ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့  သင်တန်းကြေး - (၃၀၀၀၀)ကျပ် (သင်တန်းကာလအတွင်း သင်ထောက်ကူပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ကော်ဖီ၊ Lunch များပါဝင်မည်ဖြစ်ပြီး Certificate ချီးမြှင့်ပါမည်။ ဆက်သွယ်ရန်လိပ်စာ - ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့ ဖုန်း - ၀၇၄၂၅၂၂၄၁၅
From 23-01-2021 to 25-01-2021
From 5:30 PM to 8:30 PM
Online Training
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် "Management Role of Kaizen and Waste Elimination Course" Online သင်တန်းသို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း။ >>COVID-19 ကာလအတွင်းမှာ MSMEs လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းခြင်း၊ ကျဆင်းခြင်း တွေနဲ့ရင်ဆိုင်နေရတယ် အခုလို ရပ်ဆိုင်း၊ကျဆင်းနေဖို့ဆိုတာလဲရေရှည်အတွက်လည်းမဖြစ်နိုင်ပါ သာမန်အခြေအနေနဲ့မတူတဲ့အချိန် ,ပုံမှန်မဟုတ် သည့်အချိန်တစ်ခုမှာ Management Role ယူထားသည့်သူများအနေဖြင့် လုပ်ငန်းတစ်ခုအတွင်း ဘယ်လို ပြောင်းလဲကျင့်သုံးမှာလဲ နှင့် မိမိလုပ်ငန်းအတွင်းအလေအလွင်ဆုံးရှုံးမှုနဲပြီး နှင့်မိမိလုပ်ငန်းအတွင်းမှာမလိုအပ်သည့်အလအလွင့်များကြောင့် ကုန်ကျစရိတ်များခြင်း၊အရည်အသွေးမကောင်းခြင်း ၊ အချိန်အလေအလွင့်ဖြစ်ခြင်း လုပ်ငန်းခွင် safety မဖြစ်မှုတို့ကြောင့် ငွေကုန်၊အချိန်ကုန်မှုများမဖြစ်စေနိုင်သည့် စီမံခန့်ခွဲမှုကို ပြုလုပ်ရန် လိုအပ်နေပါသည် --------------------++++-------------------- ဒါဆိုရင်တော့ >>Japan နိုင်ငံ ၏ Kaizen နည်းစနစ်တွေမှ “ Management Role of Kaizen and Waste Elimination “ Online သင်တန်းကို တက်ဖို့ဖိတ်ခေါ်ပါရစေ >>ဒီသင်တန်းမှာပါဝင်မဲ့အကြောင်းအရာများကတော့ ၁။ ဂျပန်နိုင်ငံ၏နာမည်ကြီးစီမံခန့်ခွဲမှု ကိုင်ဇင်ဆိုတာဘာလဲ? ၂။ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ လုပ်ငန်းတိုးတက်အောင်ဘယ်လိုပြောင်းလဲကျင့်သုံးရမည့် နည်းလမ်းများ? ၃။ လုပ်ငန်းခွင်အတွင်းဖြစ်နေသည့်ပြဿနာကိုအဖြေရှာသောနည်းလမ်းများနှင့်အလေအလွင့်လျော့ချသောနည်းလမ်းများနှင့် လုပ်ငန်းခွင်တိုးတက်ရန်အဓိက အခြေခံလိုအပ်ချက် 5s အကြောင်းအရာများပါဝင်မှာဖြစ်ပါတယ်။ >>ဒီသင်တန်း ဟာလေ့လာမှုအတွက်သာမကပဲ မိမိလုပ်ငန်းခွင်အတွင်း မလိုလားအပ်သည့် အလေအလွင့်များကို လျော့ချခြင်းဖြင့်ကုန်ကျစရိတ်သက်သာပြီးဝင်ငွေတိုးနိုင်စေနိုင်သည့်အကြောင်းအရာများကို အဖွဲ့လိုက်ဆွေးနွေးခြင်း များ ၊ success stories များပါဝင်မှာဖြစ်သည့်အတွက် မိမိလုပ်ငန်းအတွက်အမှန်တကယ်လက်တွေ့အသုံးဝင်သည့် အစီအစဉ်များကို လည်းသိရှိနိုင်မည်ဖြစ်ပါသည် --------------------++++-------------------- သင်ကြားမည့်ဆရာမ: ဒေါ်မူမူအေး ILO SIYB Certified UNIDO Certified Trainer MPC Kaizen Consultant Covid -19 Safety for SMEs Registration fee : ၁၅,၀၀၀ ကျပ်/ person (သင်ကြားရန်လိုအပ်သည့် facilitiesများအတွက်) >>သင်တန်းပြီးမြောက်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အသိအမှတ်ပြု Electronic-Certificate ကို ပေးအပ်သွား မည်ဖြစ်ပါသည်။ --------------------++++-------------------- သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက, သင်တန်းကိစ္စများဆက်သွယ်ရန်ဖုန်း − (၀၉−၇၉၈၂၉၀၈၀၂) --------------------++++-------------------- KBZ pay & Wave Money - (၀၉−၅၁၄၂၉၁၂) သို့ ဆက်သွယ်၍ သင်ထောက်ကူကြေး ပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ --------------------++++-------------------- "သင်တန်းအချိန်ဇယား" ကျင်းပမည့်နေ့ရက်- ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃,၂၄,၂၅)ရက် ကျင်းပမည့်အချိန်- ညနေပိုင်း - ၅း၃၀ နာရီမှ ၈း၃၀ အထိ။ ကျင်းပမည့် Platform- Online Zoom Meeting ---------------------------+++++--------------------------- သင်တန်းကို တက်ရောက်မည့်သူများအနေဖြင့် အောက်မှာဖော်ပြထားပါသော Link ကိုနိပ်ပြီး စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။ https://forms.gle/y8Uk4adNkufZt1d26 မှတ်ချက်။ တက်ရောက်မည့်သင်တန်းသားဦးရေ ကန့်သတ် ထားပါသည်။ ကျင်းပမည့် Platform- Online Zoom Meeting