ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

နည်းပညာလွှဲပြောင်းခြင်း

6-12-2022
9:30 am
နေပြည်တေ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဠ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ရန် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်တွင် MSME လုပ်ငန်းများတင်ပြခဲ့သည့် စားသုံးဆီများသန့်စင်သည့် နည်းပညာများ ပံပိုးပေးရန်အတွက် “စားသုံးဆီများသန့်စင်သည့် Refinery နည်းပညာများ ကူညီပံပိုးပေးသည့် တွေ့ဆုံဆွေးနွေးပွဲကို” ဆက်စပ်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပညာရှင်များ၊ ဆီထွက်သီးနှံစိုက်ပျိုးလုပ်ကိုင်နေသူများ၊ သက်ဆိုင်ရာစားသုံးဆီ ထုတ်လုပ်ရောင်းချသော MSME များပါဝင်သော Hybrid တွေ့ဆုံဆွေးနွေးပွဲကို (၂၈.၁၀.၂၀၂၂)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများမှ တာဝန်ရှိသူများ၊ အစာအဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်းမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှုးများ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ ဦးစီးဌာနမှူးများ၊ MSME Head များ၊ MSME ဆီလုပ်ငန်းရှင်များ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
2022-08-23
2:07 pm
နေပြည်‌တေ်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “Pre-Orientation Workshop on Technology Transfer” (မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်) အခမ်းအနားကို (၁၉.၁.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Online Zoom ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သုသေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နည်းပညာတောင်းခံလာသော MSME လုပ်ငန်းရှင်များ၊ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့ပါသည်။ Pre-Orientation Workshop အခမ်းအနား ကျင်းပခဲ့ပြီး ပထမအသုတ် နည်းပညာပံ့ပိုးပေးမှု အနေဖြင့် ဒေါ်တင်တင်ယု၊ “ဖိုးထောင်လက်ဖက်နှင့် ပဲကြော်လုပ်ငန်းသို့ လက်ဖက်အစိုနှပ်ကို ကြာရှည် ထားခံနိုင်အောင်ပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ “ဆွေမျိုးမေ့” ယိုစုံလုပ်ငန်း အသီးများသို့ Preservation နည်းပညာကိုလည်းကောင်း၊ “Unique Lawksawk Mango Public Co.,Ltd” စိန်တလုံးသရက်သီးများအား နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အအေးခန်းစနစ်ဖြင့် သရက်သီးများ သိုလှောင်ရာတွင် အအေးခန်းတွင် ထားရှိရမည့် အပူချိန်တို့တွင် ထားရှိရမည့် အခြေ အနေနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အခက်အခဲကိုဖြေရှင်းရန်ကိုလည်းကောင်း၊ “K 99” သောက်ရေသန့်နှင့် စားသောက်ကုန်လုပ်ငန်းသို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့အား အခြောက်ခံ၍ အမှုန့်ဖြစ်သည်အထိပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ “တင့်တင့်” မြန်မာ့ရိုးရာ မုန့်မျိုးစုံလုပ်ငန်း၊ အုန်းရေမှ အမှုန့်ပြုလုပ်သော နည်းပညာကိုလည်းကောင်း၊ “Soe Family” လုပ်ငန်းသို့ ဂျင်းနက်၊ ပျားသံပုရာပြုလုပ်သောနည်းပညာကိုလည်းကောင်း၊ “ရတနာရွှေမိုး” စိုက်ပျိုး ရေးခြံသို့ သံပုရာယို၊ သံပုရာ ပေါင်း ပြုလုပ်သော နည်းပညာနှင့် သစ်သီးများ စက်ဖြင့် အခြောက်ခံခြင်း နည်းပညာကိုလည်းကောင်း၊ “လက်ဖက်နှင့် တောင်ယာမြေ စိုက်- ထုတ်-စားသုံးရောင်းချသူများ အသင်း”သို့ သစ်သီးများစက်ဖြင့် အခြောက်ခံခြင်း နည်းပညာကိုလည်းကောင်း၊ MSME လုပ်ငန်း (၉) ခု အား နည်းပညာများပံ့ပိုးလွှဲပြောင်းပေးခဲ့ပါသည်။
From 24-08-2015 to 13-05-2016
2:30 PM
ပုသိမ်မြို့ ၊ မော်လမြိုင်မြို့ ၊ စစ်တွေမြို့ ၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expert အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဆားထုတ်လုပ်ငန်းရှင်များ၊ ဆား ထုတ်တောင်သူများအတွက် ပြည်ပမှ တင်သွင်းလာသည့် ဆားများနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရရှိစေရန်၊ အရည်အသွေး ကောင်းမွန် သည့် ဆားကြမ်း၊ ဆားချောများ စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စာတွေ့/ လက်တွေ့ နည်းပညာပေးအပ်သည့် သင်တန်းအား (၂၄.၈.၂၀၁၅) ရက်နေ့မှ (၆.၉.၂၀၁၅) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်းကောင်း၊ (၁.၅.၂၀၁၆) ရက်နေ့မှ (၆.၅.၂၀၁၆) ရက်နေ့အထိကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌လည်းကောင်း၊ (၈.၅.၂၀၁၆) ရက်နေ့မှ (၁၁.၅.၂၀၁၆) ရက်နေ့အထိကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လည်းကောင်း၊ (၁၃.၅.၂၀၁၆) ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်းကျင်းပပြုလုပ်ခဲ့ရာ ဆားလုပ်ငန်းရှင် စုစုပေါင်း (၁၇၈) ဦး အား စျေးကွက်ဝင်၊ အရည်အသွေးကောင်း ဆားကြမ်း၊ ဆားချောထုတ်လုပ်မှုနည်းပညာများ ပံ့ပိုးပေးခဲ့ပါသည်။ PUM Netherlands Senior Experts အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင်မှ အဆိုပါဒေသများရှိ ဆားထုတ်လုပ်ငန်းရှင်များအား စျေးကွက်ယှဉ်ပြိုင်နှိုင်စွမ်းရရှိစေရန်နှင့် ဆားအရည်အသွေး ကောင်းမွန်လာစေရန်အတွက် ဆားကြမ်းအား လူဖြင့်ဆေးကြောခြင်း အစား လွန်လိမ်စက်ဖြင့် ဆေးကြောပုံနည်းစဉ်များ၊ ဆားပွင့်ကို လိုအပ်သည့် အရွယ်အစား ရရှိနိုင်ရေးအတွက် Grinder များ ဖြင့်ချိန်ညှိ၍ အသုံးပြုပုံများ၊ ဖြူဖွေးသောအရောင် ရရှိစေသည့် Pre-washing နည်းစနစ်များနှင့် လုပ်သားများ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာများကို ဖြန့်ဝေခဲ့ပါ သည်။ နည်းပညာပံ့ပိုးမှုကြောင့် ဆားထုတ်လုပ်ရေးလုပ်ငန်းများတွင် ဆားအရည်အသွေး ကောင်းမွန်စေ သည့် အဓိကအချက်အလက်များကို သိရှိလာခြင်း၊ ဆားသန့်စင်မှုတိုးတက်လာခြင်း၊ ဆားဆေးကြော မှုတွင် လွန်လိမ်စက်များဖြင့် အသုံးပြုလာနိုင်၍ ထုတ်လုပ်မှုနှုန်းမြင့်မားလာခြင်း၊ ပြည်တွင်း စျေးကွက်ရရှိလာခြင်း စသည့် အကျိုး ကျေးဇူးများရရှိခဲ့ပါသည်။ pum_netherland_senior_experts_salt_production.pdf
From 13-07-2017 to 4-08-2017
2:30 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ပူးပေါင်း၍ အုန်းသီး ထုတ်ကုန်များထုတ်လုပ်လျက်ရှိသည့် SME လုပ်ငန်းများအား စျေးကွက်အတွင်း ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အရည်အသွေးမီ Value-Added အုန်းသီး ထုတ်ကုန်သစ်များ ထုတ်လုပ်လာ နိုင်စေရန် ရည်ရွယ်၍ အုန်းသီးမှ တန်ဖိုးမြှင့်လက်မှုနည်းပညာ လူသုံးကုန်ပစ္စည်း ထုတ်လုပ် သည့် သင်တန်းကို Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြိုတွင် (၃၁.၇.၂၀၁၇) ရက်နေ့မှ (၄.၈.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ SME လုပ်ငန်းရှင် များနှင့်ဝန်ထမ်း၊ စုစုပေါင်း (၂၁) ဦးအား အုန်းသီးမှ တန်ဖိုးမြှင့်လက်မှုနည်းပညာ လူသုံးကုန် ပစ္စည်း ထုတ်လုပ်သည့် နည်းပညာများ သင်ကြားပေးခဲ့ပါသည်။ hand_made_coconut_report_final_2.pdf
From 28-08-2017 to 8-09-2017
2:30 PM
Center of Excellence, Incubation Center (CoE) အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
မြန်မာနိုင်ငံ ကြိမ်/ဝါးလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဗေဒါပင်များမှ တန်ဖိုးမြှင့် လက်မှုနည်းပညာ လူသုံးကုန်ပစ္စည်းပြုလုပ်နိုင်စေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင် တတ်ခြင်းဖြင့် ဝင်ငွေများရရှိလာစေရန် ရည်ရွယ်၍ “ဗေဒါမှ တန်ဖိုးမြှင့် လက်မှု နည်းပညာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် သင်တန်း”ကို Center of Excellence, Incubation Center (CoE) တွင် (၂၈.၈.၂၀၁၇) ရက်နေ့မှ (၈.၉.၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ SME လုပ်ငန်းရှင်များနှင့် ဝန်ထမ်း၊ စုစုပေါင်း (၂၈) ဦးအားဗေဒါမှ တန်ဖိုးမြှင့်လက်မှုနည်းပညာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် နည်းပညာ သင်ကြားပေးခဲ့ပါသည်။ baydar_report_2.pdf
From 1-06-2018 to 2-06-2018
2:45 PM
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအစည်းအဝေးခန်းမ၊ အမှတ်(၆)၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပညာရေးဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့်ပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် အသီးသီးမှ နည်းပညာတောင်းခံလာသည့် SME လုပ်ငန်းရှင်များအတွက် Value-added Product များ ထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နည်းပညာများဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို (၁.၆.၂၀၁၈) ရက်နေ့မှ (၂.၆.၂၀၁၈) ရက်နေ့အထိ (၂) ရက်ကြာ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန အစည်းအဝေးခန်းမ၊ အမှတ်(၆)၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ SME လုပ်ငန်းရှင် များအတွက် နည်းပညာ (၁၁) မျိုး ဖြန့်ဝေခြင်းနှင့် လွှဲပြောင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ပို့ချခဲ့မှုသည် စိုက်ပျိုးရေးကိုအခြေခံပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများ မှ စက်မှုထွန်းကားသည့်နိုင်ငံအဖြစ် တက်လှမ်းနိုင်သော ထုတ်လုပ်မှုစွမ်းအားများ တိုးတက်ကာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသော၊ ကျေးလက်ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထွက်ကုန် များအဖြစ် ထုတ်လုပ်နိုင်ရေးကိုတွန်းအားပေးကူညီနိုင်သော ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ updated_11_technology_knowledge_sharing_report_prepare_1.pdf
From 25-09-2018 to 26-09-2018
From 11:45 AM to 12:45 PM
Yangon
Technology Advice and Solution from Korea (TASK) Program အရ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သည့်လုပ်ငန်းရှင်များအား Technical know- how ဆိုင်ရာများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ မြန်မာနိုင်ငံရှိ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့်ကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖော်ထုတ်ပြီး ဖြေရှင်းခြင်း၊ အကြံပြုခြင်းနှင့်လိုအပ်သည့် Technical Know-how များလွှဲပြောင်းပေးခြင်းများ ပြုလုပ်နိုင်ရန် Technology Advice and Solution from Korea (TASK) Program ကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စက်မှုဝန်ကြီးဌာနနှင့် KIATတို့အကြား MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ TASK Program ကို အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှိလယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများမှ သတ်မှတ်ထားသည့် Criteria နှင့် ကိုက်ညီ သည့် အောက်ပါလုပ်ငန်းစုစုပေါင်း(၉) ခုကို Korea Agricultural Machinery Industry Cooperate (KAMICO) မှရွေးချယ်ခဲ့ပါသည်။ စဉ် လုပ်ငန်းအမည် ထုတ်ကုန်အမျိုးအစား ပြည်နယ်/တိုင်းဒေသကြီး ၁။ ထိပ်တန်းစက်မှု၊ လက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5,GBM-7, GBM-7Plus) ဧရာဝတီတိုင်းဒေသကြီး ၂။ အောင်ပြည့်စုံစက်မှုလက်မှုကုမ္ပဏီလီမိတက် ချွေလှေ့စက်၊ သမန်းနှိုး စက်၊ ထွန်စက်သံဘီး၊ ရေတင်စက် ဧရာဝတီတိုင်းဒေသကြီး ၃။ လွင်ရှီလာစက်မှုလက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) ဧရာဝတီတိုင်းဒေသကြီး ၄။ စိန်ရွှေငွေစက်မှုလက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) ဧရာဝတီတိုင်းဒေသကြီး ၅။ Good Brother’s Machineries Co., Ltd လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) မန္တလေးတိုင်းဒေသကြီး ၆။ မန္တလာရွှေသီဟ စက်ရုံ လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) မန္တလေးတိုင်းဒေသကြီး ၇။ Sparrow ပဲ၊ စပါး၊ ပြောင်းဖူး၊ မြေပဲ ချွေလှေ့ စက်လုပ်ငန်း လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) ပဲခူးတိုင်းဒေသကြီး ၈။ တံခွန် စပါး၊ ပဲ၊ နေကြာချွေလှေ့ သန့်စင်စက် လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) ပဲခူးတိုင်းဒေသကြီး ၉။ ထိပ်တန်း (Top) စက်မှုလက်မှုကုမ္ပဏီ လီမိတက် လက်တွန်းထွန်စက်/သယ်ယူပို့ဆောင်ရေး ယာဉ် (GBM-5, GBM-7, GBM-7Plus) စစ်ကိုင်းတိုင်းဒေသကြီး KAMICO မှစေလွှတ် ခဲ့သည့် ကိုရီးယားပညာရှင်များသည် ရွေးချယ်ခဲ့သည့် လုပ်ငန်းများဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးမှလုပ်ငန်း (၄)ခု၊ မန္တလေးတိုင်းဒေသကြီးမှလုပ်ငန်း (၂)ခု၊ ပဲခူးတိုင်းဒေသကြီးမှလုပ်ငန်း (၂)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လုပ်ငန်း (၁)ခု တို့၏ လုပ်ငန်းခွင်များသို့ ၂၀၁၇ခုနှစ်တွင် ပထမအကြိမ် Diagnosis Study ပြုလုပ်ခဲ့ပါ သည်။ စက်ရုံများသို့ Onsite Diagnosis Study ပြုလုပ်ခဲ့သည့်အခြေအနေပေါ်မူတည်၍ ၄င်းတို့၏ထုတ်လုပ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် Technical know-how ဆိုင်ရာ ပြဿနာများ ကိုဖြေရှင်းပေးနိုင်ရန်အတွက် ၂၀၁၈ခုနှစ်တွင် Onsite Technical Consultation ကို (၂) ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထိုအပြင် KAMICO မှ မြန်မာနိုင်ငံရှိ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကို ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်နည်းပညာဖြင့် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်နေသည့် လုပ်ငန်းများကို လေ့လာနိုင်ရန် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် ကိုရီးယား- မြန်မာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ခုနှစ်၊ ဇွန်လအတွင်း ကိုရီးယားနိုင်ငံသို့ (၁)ပတ် ကြာသွားရောက်လေ့လာ ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ကိုရီးယားပညာရှင်များမှ Onsite Technical Consultation များပံ့ပိုးပေးခဲ့သည့် အတွက် အောက်ပါလုပ်ငန်းရှင် အချို့ မှ မိမိတို့လုပ်ငန်းခွင်အခက်အခဲများ အောက်ပါအတိုင်း ဖြေရှင်းနိုင်ခဲ့ခြင်း၊ ပညာရှင်များမှ အကြံပေးသည့် နည်ပညာများအတိုင်း ပြောင်းလဲထုတ်လုပ်ခဲ့သဖြင့် ဆေးသုတ်ခြင်း၊ ဂဟေဆက်ခြင်း၊ Design ပိုင်းတို့တွင် ပိုမိုကောင်းမွန်လာပြီး စျေးကွက်တွင် အရည်အသွေးပိုမိုကောင်းမွန်သည့် လယ်ယာသုံးစက်ပစ္စည်များကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ (က) အောင်ပြည့်စုံစက်မှုလက်မှုကုမ္ပဏီလီမိတက် အောင်ပြည့်စုံ (လယ်ယာသုံးစက်ကိရိယာအလုပ်ရုံ) သည် လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်လျှက်ရှိရာ၊ လယ်ထွန်သည့် သမန်းနှိုးစက်များတွင်Alignment များလွဲနေသည့် အခက်အခဲများတွေ့နေရပြီး၊ ကိုရီးယားပညာရှင်များမှ သမန်းနှိုးစက် Chain ကြားတွင်ရှိသည့် Screw (၂) ခု ကြားတွင် Springထည့်ခိုင်းခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် Chain ကြားတွင် Alignmentများမှန်လာပြီး၊ အခက်အခဲများ ပြေလည်သွားခဲ့ပါသည်။ (ခ) တံခွန် စပါး၊ ပဲ၊ နေကြာချွေလှေ့ သန့်စင်စက် -တံခွန် (လယ်ယာသုံးစက်မှု၊လက်မှုလုပ်ငန်း) သည် စပါး၊ ပဲ၊ ပြောင်းတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာ၊ ၄င်းတို့ကို ခြွေလှေ့သည့် ခြွေလှေစက်အရည်အသွေးညံ့သည့်အတွက် အထွက်နှုန်းနည်းသည့် အခက်အခဲများတွေ့နေရပါသည်။ -ကိုရီးယားပညာရှင်များမှ ၄င်းတို့လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့စဉ် ခြွေလှေ့ စက်များ၌ ထုတ်ကုန်များထည့်သည့်အပေါက်ကို ယခင်ကအလယ်ဗဟိုတည့်တည့်မှဖောက်ထားခဲ့သည်ကို ခြွေလုံးလည်သည့်အလာဘက်သို့ စောင်း၍ဖောက်ခိုင်းခဲ့ပါသည်။ -ထို့နောက် ယခင်က ခြွေလုံးနှင့်အပြင်မှ Cover စကာအကျဲအကွာအဝေးကိုLevel တူထားခံရာမှ ယခုအခါ အဝင်ဘက်သို့ကျယ်စေပြီး၊ အတွင်းဘက်သို့ ကျဉ်းစေခဲ့ပါသည်။ -၄င်းပညာရှင်များပေးသည့် နည်းပညာများအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့် အတွက် ယခင်ကတစ်ရက်လျှင် တင်း (၆၀) မှ (၈၀) ကြားထွက်ရာမှ ယခုအခါ တစ်ရက်လျှင် တင်း (၈၀) မှ (၁၀၀) ကြားအထွက်နှုန်းတိုးခြင်း၊ ပြောင်းဖူးများ ကိုလည်း အူတံအကုန်စင်အောင် ခြွေနိုင်ခြင်း၊ သန့်ရှင်းမှုပိုမိုရရှိသည့်အတွက် စျေး ကောင်း ရရှိခြင်း၊ Alignment အဝင်၊ အထွက်မှန်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိခဲ့ပါသည်။ (ဂ)စိန်ရွှေငွေစက်မှုလက်မှုကုမ္ပဏီ လီမိတက် -စိန်ရွှေငွေ (လယ်ယာသုံးအလုပ်ရုံ)သည် စပါး၊ ပဲ၊ ပြောင်းတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာ၊ ၄င်းတို့ကို ခြွေလှေ့သည့် ခြွေလှေ့စက်အရည်အသွေး မကောင်းသည့်အတွက် အထွက်နှုန်းနည်းပြီး၊ လေလွင့်မှုများနှင့် ကြုံတွေ့နေရပါသည်။ -ကိုရီးယားပညာရှင်များမှ ၄င်းတို့လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့စဉ် ခြွေလှေ့စက်များ၌ခြွေသည့်ဆူးတံအရွယ်အစားအား ယခင်ကအရှည် ၅" လုံးပတ် ၁/၂" ဟောင်းလောက်ပေါက်အစား ယခုအခါအရှည် ၄ ၁/၂" အရင်ပိုင်းအကျယ် ၂ ၁/၂" အဖျားပိုင်းအကျယ် (၁)လက်မအပိတ် အနေအထားဖြစ်အောင် ပြင်ခိုင်းခဲ့ပါသည်။ -စစ်ချသည့်ဇကာကိုလည်း ယခင်ဇကာကျဲသုံးသည့်အစား ယခုဇကာအစိတ်သုံးခိုင်းခဲ့ပါသည်။ -၄င်းပညာရှင်များပေးသည့် နည်းပညာများအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့်အတွက် အစေ့၊ အစသေးသေးလေးပါမကျန် (၁) ကြိမ်ထဲနှင့်အကုန် ခြွေနိုင်ပြီး၊ လေလွင့်မှုနည်းပါးခြင်း၊ အထွက်နှုန်းတိုးလာခြင်း၊ လုပ်ကိုင်မှုနည်းစနစ် မှန်ကန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အပြင် နိုင်ငံတော်အဆင့် MSMEsထုတ်ကုန်ပြိုင်ပွဲတွင်တတိယဆုရရှိခဲ့ပါသည်။ (ဃ)မန္တလာရွှေသီဟ စက်ရုံ -မန္တလာရွှေသီဟလုပ်ငန်းသည် လယ်ထွန်စက်၊ ဒိုဇာစသည့် စက်ယန္တရားများ ထုတ်လုပ်ရောင်းချလျက်ရှိရာ၊ ထိုယန္တရားများကို Assembly တွဲဆက်သည့် Welding Process များ Jig & Figure များနည်းစနစ် လွဲမှားနေသည့် ပြဿနာများကြုံတွေ့နေရပါသည်။ -ကိုရီးယားပညာရှင်များမျ Welding ပြုလုပ်သည့်အခါ Frame နှင့် Press Partများကိုဖမ်းသည့် Jig & Figure များကိုအထည့်၊ အထုတ် လွယ်ကူစေရန် တစ်ဘက်စီကို ၁/၂" စီအတိုး၊ အလျော့လုပ်မည့် အစားနေရာမလွဲအောင် Fittingထားသင့်ကြောင်းနှင့် ဆေးသုတ်သည့်အခါ သံချေးလုံးဝမရှိစေရန်၊ ဆေးသားမထပ်စေရန် ဂရုစိုက်သင့်ကြောင်း ထောက်ပြပေးခဲ့ပါသည်။ -၄င်းပညာရှင်များ ထောက်ပြသည့် နည်းပညာအတိုင်း ပြင်ဆင်ထုတ်လုပ်ခဲ့သည့်အတွက် Assembly တွဲဆက်ရာ၌ နေရာမလွဲဘဲအရည်အသွေး ပိုမိုကောင်းမွန်လာခဲ့ပါသည်။ (င)Good Brother’s Machineries Co., Ltd -Good Brother’s Machineries သည် လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ်ရောင်းချလျက်ရှိရာ၊ ထွေလာဂျီထုတ်လုပ်ခြင်း၌ Parsting နှင့်Assembly လိုင်းများသေသပ်မှုမရှိသည့် ပြဿနာများကြုံတွေ့နေရပါသည်။ -ကိုရီးယားပညာရှင်များမှ Painting ပိုင်းနှင့်ပတ်သက်၍ ယခင်က Body တစ်ခုလုံးအားတောက်လျှောက်ဆေးမှုတ်သည့်အစား 3" (သို့) 4" တဖြတ်စီခွဲ၍ဆေးသားမထပ်စေအောင် ဆေးမှုတ်သင့်ကြောင်းနှင့် Assembly လိုင်းနှင့်ပတ်သက်၍လည်း Sector တစ်ခုချင်းခွဲ၍ တွဲဆက်သင့်ကြောင်းထောက်ပြခဲ့ပါသည်။ -ထိုသို့ ပြင်ဆင်ပြုလုပ်ခြင်းဖြင့် ဆေးသားနှင့် Assembly တွဲဆက်မှုများ သေသပ်မှုရှိပြီး၊ နည်းစဉ်များမှန်ကန်သွားခဲ့ပါသည်။ (စ)Sparrow ပဲ၊ စပါး၊ ပြောင်းဖူး၊ မြေပဲချွေလှေ့ စက်လုပ်ငန်း -Sparrowလုပ်ငန်းသည် ပဲအမျိုးမျိုး၊ စပါး၊ ပြောင်း ခြွေလှေ့စက်များထုတ်လုပ်ရောင်းချလျက်ရှိရာ၊ အရည်အသွေးမထိန်းသိမ်းနိုင်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ -ကိုရီးယားပညာရှင်များမှ ယခင် Welding တွဲဆက်ရာ၌ Scale မထားဘဲတွဲဆက်နေမည့်အစားScale သေချာထား၊ ကျင်တွယ်နှင့်ဖမ်း၍ တွဲဆက်ရန် ညွှန်ကြားခဲ့ပါသည်။ -ထိုသို့ ပြင်ဆင်ထုတ်လုပ်ခြင်းဖြင့် Scale မှန်ခြင်း၊ ချို့ယွင်းမှုနည်းခြင်း၊ လုပ်ငန်းတည်ငြိမ်၍ အရည်အသွေးထိန်းထားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။ (ဆ)ထိပ်တန်းစက်မှု၊ လက်မှုကုမ္ပဏီ လီမိတက် (ဧရာဝတီတိုင်း) -စက်ပစ္စည်းများ၏ Quality ပိုင်းဆိုင်ရာများစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများဆောင်ရွက်ရန် နည်းပညာများ လိုအပ်လျက်ရှိနေပါသည်။ - တရုတ်မှလာသောစက်များ၏ဘီးများအားအစားထိုးသည့် သံဘီးများထုတ်လုပ်ရာတွင် သံခွေဝိုင်းများထုတ်လုပ်သည့် နည်းပညာများလိုအပ်နေပါသည်။ -ခြွေလှေ့စက်များ၏ ကိုယ်ထည်ဆေးမှုတ်သည့်အပိုင်းတွင် နည်းပညာအခက်အခဲရှိပါသည်။ -ကိုရီးယားပညာရှင်များမှ စက်ရုံအနေဖြင့် ထုတ်လုပ်သည့် လုပ်ငန်းစဉ်များစနစ်တကျထားရှိရန်လိုအပ်ပြီး ကုန်ကြမ်းပစ္စည်းများ၊ ထုတ်လုပ်သည့်ပစ္စည်းများ၏ အရည်အသွေးကို မျက်မြင်ဖြင့် စစ်ဆေးခြင်းထက် စက်ကိရိယာများဖြင့်စစ်ဆေးသင့်ကြောင်း၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းများကို အရည်အသွေးကောင်းသောပစ္စည်းများကိုသာသုံးစွဲပြီး၊ မိမိစက်ရုံအမည်ကို ထိန်းသိမ်းရန်လိုအပ်ကြောင်းဆွေးနွေးအကြံပေးခဲ့ပါသည်။ -စက်ရုံအနေဖြင့် ကိုရီးယားလေ့လာရေး ခရီးစဉ်တွင် စက်မှုပစ္စည်းထုတ်လုပ်ရေးProcess တွင် စနစ်တကျထုတ်လုပ်ပုံ၊ သိုလှောင်ပုံ၊ ထုတ်ပိုးပုံ၊ ဖြန့်ချိပုံများကို အတုယူလေ့လာခွင့်ရရှိခဲ့ပြီး၊ လယ်ယာလုပ်ငန်းတွင် ကောက်စိုက်ရာ၌ တိုက်ရိုက်မျိုးစေ့ အစေ့ချစက်ဖြင့် စိုက်ပျိုးရေးအားသာချက်များအား လေ့လာသိရှိခဲ့ရပါသည်။ ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်စနစ်ဖြင့် ထုတ်လုပ်နေသည့် လယ်ယာသုံးစက်ပစ္စည်များ ထုတ်လုပ်သည့် လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခဲ့ရသဖြင့် မိမိတို့ဒေသတွင် လယ်ယာသုံးစက် ပစ္စည်းကိရိယာများ တီထွင်ထုတ်လုပ်နိုင်ရန် အထောက်အကူပြုသည့် နည်းပညာကောင်းများ ရရှိခဲ့ပါ သည်။ ထို့အပြင် မြန်မာလုပ်ငန်းရှင်အချို့မှ မြန်မာ့စျေးကွက်နှင့် ကိုက်ညီသည့် ကွမ်းသီး အခွံခွာစက်၊ တပိုင်တနိုင်ဆန်စက်ငယ်များ၊ မြန်မာ့ဆန်၊ မြေအနေအထားနှင့်ကိုက်ညီသည့် လယ်ယာသုံးစက် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများကိုလည်း ထပ်မံတောင်းဆိုခဲ့ပါသည်။ ထို့ကြောင့် Task Program သည်လယ်ယာသုံးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် များစွာအကျိုးရှိ သည့် Program တစ်ခုဖြစ်ပါသည်။
23-01-2021
From 2:00 PM to 4:00 PM
Online Training
Jam the Yogurt: Food Innovation Series - Episode 1 ကို ပါဝင်တက်ရောက်နိုင်ကြောင်း သတင်းအချက်အလက်မျှဝေခြင်း
3-02-2021
From 1:30 PM to 4:30 PM
Online Training
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနနှင့်မြိတ်ခရိုင်၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနတို့ပူးပေါင်း၍ 2021ခု နှစ်၊ဖေဖော်ဝါရီလ(3)ရက်နေ့တွင် အွန်လိုင်းမှ နည်းပညာများဖြန့်ဝေပေးသွားမှာဖြစ်ပါသည်။ #တက်ချင်သူများ အောက်က registration link မှာ registration အရင်လုပ်ရပါမည်။ #Registration link : https://docs.google.com/forms/d/10tVjkcE2DRUQOWhvDzB8GwIU-YfXF_9EfGhVb8w... ဖြန့်ဝေမည့်နည်းပညာများ - တန်ဖိုးမြှင့်ဝဥထုတ်ကုန်များထုတ်လုပ်ခြင်းနည်းလမ်းများ (ဒေါက်တာသဇင်ဟန်) ငှက်သိုက်ပေါင်းရည်ကြာရှည်ခံပြုလုပ်ခြင်း (ဒေါက်တာသင်းသင်းဝါ)