Advisory Service

2024-01-18
2:45
နေပြည်တော်
နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်များနှင့်
MSME များ၏ လိုအပ်ချက်များကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် (၁၂.၁၂.၂၀၂၃)
ရက်နေ့တွင် Virtual ပုံစံဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲ၏ ဆွေးနွေးညှိနှိုင်းချက်များအရ
ဝိုင်လုပ်ငန်းများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုဖြင့် ရပ်မနေဘဲ ဒေသနှင့်တိုင်းပြည်ကိုယ်စားပြုသော
ထုတ်ကုန်ဖြစ်အောင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံစီးပွားရေးကို
မြှင့်တင်လာနိုင်စေရန် ရည်ရွယ်၍ (၁၈.၁.၂၀၂၄) ရက်နေ့၊ ကြာသပတေးနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၇)၊ အစည်းအဝေးခန်းမ၌ “ အရည်အသွေးကောင်းမွန်ပြီး
ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းသော ဝိုင်များထုတ်လုပ်နိုင်ရေး အသိပညာပံပိုးခြင်း”
အခမ်းအနားကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှဦစကား
ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့ ဤဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊
အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ အစာအဟာရဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်း၊ ပြည်နယ်/
တိုင်းဒေသကြီးများရှိ SME ဌာနမှ
တာဝန်ရှိသူများနှင့် MSME ဝိုင်လုပ်ငန်းရှင်များ စုစုပေါင်း
(၁၀၁) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် (၁၀း၀၀) နာရီအချိန်တွင်
ရုတ်သိမ်းခဲ့ပါသည်။
2023-12-12
5:00
နေပြည်တော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် (၉.၁၂.၂၀၂၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ် “ကော်ဖီစိုက် ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေ ဆောင်ရွက်သွားရမည်” ဟု လမ်းညွှန်မှုပြုခဲ့သည့်အပေါ် လျှင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ (၁၂.၁၂.၂၀၂၃) ရက်နေ့တွင် Online Zoom တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြင်ဦးလွင်ဒေသခရီးစဉ်လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော် တင်စားခေါ်ဝေါ်နိုင်လောက်သည်အထိ ကော်ဖီအထွက်နှုန်း တိုးတက်လာစေရန်နှင့် MSME များ၏ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်၊ FDA လက်မှတ်နှင့် W1 လိုင်စင်များ လျှောက်ထားရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲမှ ကော်ဖီထုတ်လုပ်မှု၊ ထုပ်ပိုးမှုတို့အတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများ၊ ကော်ဖီပန်းဖူးကာလ နွေရာသီတွင် ရေဓါတ်မပြတ်လပ်စေရေးအတွက် ကော်ဖီပင်များ ရေလောင်းရန် စက်သုံးဆီလိုအပ်ချက်များ၊ ဝိုင်လုပ်ငန်းများ (W1) လိုင်စင် သက်တမ်းတိုးရန် အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ နမူနာပေးပို့၍ ဓါတ်ခွဲစမ်းသပ်ရာတွင် သက်ဆိုင်ရာ (W1) လိုင်စင်ထုတ်ပေးရမည့် ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အပေါ်စာ လိုအပ်ချက်များနှင့် FDA ဘက်မှ စစ်ဆေးဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအား သက်ဆိုင်ရာ Stakeholder နှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးများ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး MSME Agency နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် ဝိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက နိဂုံးချုပ်စကားပြောကြား၍ ဆွေးနွေးပွဲကို ညနေ (၄:၀၀) နာရီ တွင် ရုတ်သိမ်းခဲ့ပါသည်။

2023-10-21
11:00
နေပြည်တော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်တို့၏ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော
လမ်းညွှန်မှာကြားချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် ကော်ဖီလုပ်ငန်းများ၏ လိုအပ်ချက်များကို
ဖြည့်ဆည်းပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊
လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား
ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြင်ဦးလွင်ဒေသရှိ
ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချို) အစုအဖွဲ့မှ
အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၁.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင်
ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးအောင်က
အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ
ဆွေးနွေးပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ
ညွှန်ကြားရေးမှူးတို့မှ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများနှင့် မြေလွတ်၊ မြေလပ်၊
မြေရိုင်းများနှင့်ပတ်သက်သည့် အချက်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ကော်ဖီလုပ်ငန်းများ၊ ကော်ဖီစိုက်ပျိုးရေးခြံများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့်
မန္တလေးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့် ပြင်ဦးလွင်ဒေသရှိ
ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း
(ပြင်ဦးလွင်နောင်ချို) အစုအဖွဲ့မှ အသင်းသားများ၊MSME ကော်ဖီလုပ်ငန်းရှင်များအပါအဝင်စုစုပေါင်း (၁၀၀) ဦး တက်ရောက်၍
ဆွေးနွေးပွဲကို ညနေ (၆:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

2023-08-15
2:00
နေပြည်တော်
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ
၁၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ ၄.၁၀.၂၀၂၂ ရက်နေ့ ပြည်မြို့ခရီးစဉ်နှင့် ၂၂.၅.၂၀၂၃ ရက်နေ့ ပဲခူးမြို့ခရီးစဉ်တွင်
ကဝမြို့နယ်၊ သပြုကျေးရွာရှိ သတ္တု လုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ
အဓိကကြုံတွေ့နေရသော အခက်အခဲ ဖြစ်သည့် ကုန်ကြမ်းဈေးကြီးမှုနှင့် ရှားပါးမှုအားပံ့ပိုးပေးနိုင်ပါရန်
တင်ပြတောင်းဆိုခဲ့ခြင်းနှင့် သပြုစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့်
အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် မှ လုပ်ငန်းရှင် (၆၅) ဦး၏ တင်ပြတောင်းဆိုလာသော
ကုန်ကြမ်းပစ္စည်းများအား ဆက်စပ်ဌာန ဆိုင်ရာများ၊ အဖွဲ့ အစည်းများဖြင့်
ပူးပေါင်းပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ “သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်း လုပ်ငန်းရှင်များလိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲ” ကို
၁၅.၈.၂၀၂၃ ရက်နေ့၊ (အင်္ဂါနေ့) တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်တွင် Hybrid Meeting ကျင်းပပြုလုပ်ခဲ့ရာ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားပြောကြား၍ ညှိနှိုင်း ဆွေးနွေးပွဲကို
စတင်ကျင်းပခဲ့ပါသည်။ အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင်
ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့မှ အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအတွင်းရေးမှူးနှင့်
တွဲဖက်အတွင်းရေးမှူးများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထားလုပ်ငန်း၊
စက်မှုလယ်ယာဉီးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂)
သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဉီးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်
(၂) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊
မြန်မာစီးပွားရေးကော်ပို ရေးရှင်းတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊
မန္တလေးတိုင်း ဒေသကြီး စက်မှုဇုန်များနှင့် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များမှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက
သတ္တုလုပ်ငန်းရှင်များနှင့် သံရည် ကျိုပုံလောင်းလုပ်ငန်းရှင်များလိုအပ်လျက်ရှိသည့်
ကုန်ကြမ်းများဖြစ်သည့် ဘီယာစွန့်ပစ်ပစ္စည်း များ၊ ကားနံပါတ်စွန့်ပစ်သတ္တုပြားများ၊
သတ္တုတွင်စာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ် သံ/ ဒါန် သတ္တုများအစရှိသည့် ကုန်ကြမ်းကို
ကဏ္ဍအသီးသီးမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက်
အကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့
ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင် ညွှန်ကြားရေးမှူးများ၊
အထွေထွေမန်နေဂျာများ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်
ညွှန်ကြား ရေးမှူးများ၊
ပုဂ္ဂလိကအဖွဲ့အစည်း၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊
ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ
ဦးစီးဌာနမှူးများနှင့် MSME လုပ်ငန်းရှင်များ စုစုပေါင်း (၁၂၇)
ဦး တက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြပါသည်။

2023-02-21
2:10
နေပြည်တော်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ခင်ခင်လင်းယိုစုံလုပ်ငန်းသည် ဒေသထွက် ကုန်သီးနှံများဖြစ်သည့် ကတွတ်၊ သရက်၊နာနတ်၊ ရှောက်၊ မရမ်း၊ စောင်းလျား၊ ချဉ်ပေါင်ဖူးစသည့် သီးနှံများမှ ယိုစုံထုတ်လုပ်၍ ပြည်မြို့၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မုံရွာမြို့များသို့ ဖြန့်ဖြူးရောင်း ချလျက်ရှိရာ နိုင်ငံတော်မှ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးငွေ၊ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြလာပါသဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (SSID) နှင့် စပါးကြိတ်ခွဲစက်နှင့် သီးနှံ အခြောက်ခံစက်များ ထုတ်လုပ်သည့် NYC CO.,Ltd. တို့၏ ကူညီပံ့ပိုးမှုဖြင့် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို (၂၁.၂.၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ (၁၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှ MSME လုပ်ငန်းရှင် ခင်ခင်လင်းယိုစုံလုပ်ငန်းမှတင်ပြသည့် လုပ်ငန်းအခြေအနေများ၊ ပညာရှင်များမှ ဆွေးနွေးရှင်းလင်းမှုများအရ အောက်ဖော်ပြပါ အကျိုးရလဒ်များကို ဖော်ထုတ်နိုင်ခဲ့ပါသည်-ယိုစုံလုပ်ငန်းအတွက် အခြောက်ခံနည်းပညာတောင်းခံလာသော လုပ်ငန်းရှင်အနေဖြင့် ယခုတွေ့ဆုံဆွေးနွေးပွဲမှ သီးနှံအခြောက်ခံ နည်းပညာများနှင့်အသုံးပြုသင့်သည် စက်ပစ္စည်းများကို သိရှိလာခြင်း၊လုပ်ငန်းရှင်အနေဖြင့် သီးနှံအမျိုးအစားအလိုက် အရောင်၊ အနံ့၊ အရသာမပျက် အခြောက်ခံနည်းစနစ်များ၊ အခြောက်ခံစက်ပစ္စည်းများ၊ ရာသီအလိုက် ပြုလုပ် ဆောင်ရွက်ရမည့် နည်းပညာများရရှိလာခြင်း၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာနများမှ လုပ်ငန်းရှင်များ၏ လိုအပ်လျက်ရှိသော သီးနှံအခြောက်ခံ နည်း ပညာနှင့် အသုံးပြုရမည့် စက်ပစ္စည်းများအား Knowledge Sharing ပေးနိုင်ခြင်း၊MSME လုပ်ငန်းများ လျှောက်ထားရယူနိုင်သည့် ချေးငွေအမျိုးအစားများ အကြောင်း သိရှိလာခြင်း၊နည်းပညာနှင့်ဈေးကွက်မြှင့်တင်ရေးဌာနအနေဖြင့် လုပ်ငန်းရှင်များတင်ပြတောင်းခံလာသော နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကိုခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့်စားရေးရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းတိုးတက်ရေးအတွက် Quality နှင့် Healthy ဖြစ်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရန် မိမိကိုယ်တိုင် စနစ်တကျ လေ့လာ သုံးသပ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာများနှင့်ချိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိလာနိုင်ခြင်း။

2022-08-17
1:59
နေပြည်တေ်
ကိုဗစ်ကာလနှင့်ကိုဗစ်အလွန်ကာလများတွင် MSME လုပ်ငန်းများ ရှင်သန်ရေးနှင့်ဖွံ့ဖြိုးရေး အတွက် မဟာဗျူဟာချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်
အလားအလာရှိသော စီးပွားရေး လုပ်ငန်းအလိုက် သက်ဆိုင်ရာ Stakeholder များပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲများ
ကျင်းပပြုလုပ်ပြီး Action Plan များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ရာ
ဦးစွာအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးရန်၊ အထူးသဖြင့်
စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ SME များကို အလေးပေးဆောင်ရွက်ရန်ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် အညီဌာနဆိုင်ရာများ၊
ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား
ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် “ပြည်တွင်းထုတ်ကုန်များအား ပေးမြှင့်တင်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲ” များကို
ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် (၇) ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး၊ ဆွေးနွေးပွဲများမှ
SME လုပ်ငန်းရှင်များ
တောင်းဆိုထားသည့် နည်းပညာပံ့ပိုးမှုအစီအစဉ်အနေဖြင့် ရလဒ်အကောင်အထည်ဖော်ခြင်းဆွေးနွေးပွဲ
(၂) ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြည်နယ်/
တိုင်းဒေသကြီးများအလိုက် ကျင်းပပြုလုပ်ခဲ့သော “ပြည်တွင်း ထုတ်ကုန်များ အားပေးမြှင့်တင်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲ” များတွင် MSME လုပ်ငန်းများ၏ ဆွေးနွေးချက်များအရ MSME များအနေဖြင့်
ဆေးဝါး/စားသောက်ကုန်လက်မှတ် FDA နှင့်
ပတ်သက်သော ကိစ္စရပ်များ၊ ဈေးကွက်/ သတင်းအချက်အလက်ရရှိရေးဆိုင်ရာများ၊ ထုပ်ပိုးမှု/
စက်ကိရိယာဆိုင်ရာကိစ္စရပ်များ၊ ဘဏ်စနစ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောကိစ္စရပ်များ၊မြေ/
စက်မှုဇုန်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်သော
ကိစ္စရပ်များ၊ ရေထွက်ကုန်/ မွေးမြူရေးနှင့် ပတ်သက်သော ကိစ္စရပ်များ၊ နည်းပညာ/ သင်တန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ချည်မျှင်/ အထည်လုပ်ငန်းနှင့်ပတ်သက်သောကိစ္စရပ်များ၊
လျှပ်စစ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့်ပတ်သက်သော
ကိစ္စရပ်များ၊ Contract Farming စနစ်နှင့်
ပတ်သက်သောကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ စသည့်အခက်အခဲများ/ လိုအပ်ချက်များ ရှိနေပါ ကြောင်း တွေ့ရှိရပါသည်။ ပြည်တွင်းထုတ်ကုန်များ
အားပေးမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်းဖြင့်
တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ MSME
လုပ်ငန်းရှင် များအနေဖြင့် သိရှိလိုသော အကြောင်းအရာများ၊ အခက်အခဲများကို
စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူ
ရေးရာဦးစီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက်
စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း
ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့မှတာဝန်ရှိပုဂ္ဂိုလ်များထံသို့
ဆွေးနွေးတင်ပြနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာ
ဌာနများ၊ အသင်းအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းရှင်များသိရှိလိုသည့် နည်းပညာဆိုင်ရာ
အခက်အခဲ များ၊ ငွေကြေးဆိုင်ရာ အခက်အခဲများ၊ အထွေထွေလိုအပ်ချက်များကို
ဆွေးနွေးအကြံပေးနိုင်ခြင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး
ဌာနအနေဖြင့်လည်း ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ MSME များ
တင်ပြလာသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အစီ အစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
ထို့အပြင် ပြည်တွင်း SME
လုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်ကုန်များအား သမာရိုးကျ မိရိုး ဖလာနည်းဖြင့် ထုတ်လုပ်နေမည့်အစား နည်းပညာသစ်များပေါင်းစပ်ကာ
တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့်
သွင်းကုန်အစားထိုး (Import Product Substitution) ဆောင် ရွက်နိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ခြင်း၊
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူငယ်နှင့် အမျိုး သမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊
ဆင်းရဲမွဲတေမှုလျော့ကျလာခြင်း၊ Standardization
နှင့်အညီ ထုတ်လုပ်လာနိုင်သဖြင့် ဒေသတွင်း အာဆီယံဈေးကွက်နှင့်
အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လာနိုင်ခြင်းထို့ကြောင့် တိုင်းပြည်ဝင်ငွေတိုးတက်မှုအတွက်
အထောက်အပံ့ကောင်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

2022-08-23
1:29 pm
နေပြည်တေ်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်
(၅) ရပ်ချမှတ်ရာတွင် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” ဟူသောအချက်ကို ထည့်သွင်းချမှတ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့်
MSME
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီဆောင်ရွက်သွားရန်အတွက်
“ကိုဗစ်ကာလနှင့်
ကိုဗစ်အလွန်ကာလ များတွင် MSME လုပ်ငန်းများ ရှင်သန်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ”
ကို စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများမှ
ပြည်ထောင်စုဝန်ကြီးများ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှဥက္ကဋ္ဌများ၊ MSME လုပ်ငန်း ရှင်များပါဝင်လျက် (၁၄.၁၀.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၀.၂၀၂၁) ရက်နေ့တို့တွင် စက်မှုဝန်ကြီး ဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်တွင် Hybrid
Meeting ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့်
MSME လုပ်ငန်းရှင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်
အသင်းအဖွဲ့များမှ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး
နိုင်ငံတော်၏ မူဝါဒဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် ကိုက်ညီသည့် လုပ်ငန်း
နယ်ပယ်များအနက်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးနှင့်
မွေးမြူရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့်
ဒေသအလိုက် အလားအလာရှိသော (Potential) လုပ်ငန်းများမှ တင်ပြသည့် လုပ်ငန်းအခြေအနေများအရ
ဦးစားပေးဆောင်ရွက်ရမည့် အချက်များ ထွက်ပေါ်ခဲ့ပါသည်။

2021-12-06
1:00 pm
နေပြည်တေ်
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း မြို့နယ်ရှိ MSME Center တွင် အစပျိုး (Start-up)
လုပ်ငန်းများနှင့် MSME များအား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ပြည်တွင်းရှိသက်ဆိုင်ရာနယ်ပယ်အလိုက်ပညာရှင်များက အကြံဉာဏ်များ ပံ့ပိုးပေးသည့်Consultative
Service အစီအစဉ်ကို၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ဆောင်
ရွက်လျက်ရှိရာ(၃၁.၈.၂၀၂၁) ရက်နေ့အထိ MSME(၁၆၅)ဦးအား
လုပ်ငန်းဖွံ့ဖြိုးမှုအထောက်အကူပြု အကြံဉာဏ် များ ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။ Consultative
Service အစီအစဉ်တွင် သက်ဆိုင်ရာနယ်ပယ်အလိုက်ပညာရှင်များ
မှထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အစားအစာလုံခြုံစိတ်ချရမှု၊ Packaging ထုပ်ပိုးမှု၊ ငွေကြေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍအလိုက် အကြံဉာဏ်များ
ပံ့ပိုးပေးလျက်ရှိပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ပတ်သက်သည့်အကြောင်းအရာများ၊
ရေသန့်စင်မှု နည်းစနစ်များ (RO, UV စနစ်များ) ၊ Product
Formulation နည်းပညာဆိုင်ရာ ဗဟုသုတများ၊ GMP , GHP , GAP ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ Product Innovation စဉ်းစားပုံများ
စသည့်ထုတ်လုပ်မှုနှင့်သက်ဆိုင်သော ပံ့ပိုးပေးမှုများအပြင် Packaging နှင့်ပတ်သက်၍Packaging & Labelling ပုံစံများ/နည်းစနစ်များ၊
Brand Name ခိုင်မာစေရေးတည်ဆောက်မှုများ၊ Design
& Logo ကိစ္စရပ်များ၊ Recyclable Packaging ပြုလုပ်ရေးကိစ္စရပ်များအား ဆွေးနွေးအကြံပေးခဲ့ပါသည်။ ၎င်းအပြင် Food
Safety နှင့်ပတ်သက်၍ Fungus နှင့် Bacteria
ပေါက်ဖွားခြင်းမှကာကွယ်ရန်နည်းလမ်း များ Food Safety ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ Moisture ထိန်းသိမ်း
နိုင်သော နည်းလမ်းများ၊ FDA လျှောက်ထားရန် လိုအပ်ချက်များ ၊ Shelf
Life ပိုမို ရရှိစေရေး နည်းလမ်းများ ၊ ထုတ်ကုန်များတွင်Nutrition
Facts ထည့်သွင်းဖော်ပြသင့်သည့်အချက်များ၊ စားသောက်ကုန်များတွင် Aflatoxin
မပါရှိစေရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ထုတ်ကုန်များအား Sterilization
ပြုလုပ်ရန် နည်းလမ်းများ နှင့် Preservative အသုံးပြုခြင်း
နည်းလမ်းများ ၊ Food Addictive နှင့် Expiry Date များနှင့်ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးအကြံပေးခဲ့ပါသည်။ ထို့အပြင်Marketing
Plan၊ Business Planရေးဆွဲခြင်း၊Supportive
Partner ရှာဖွေချိတ်ဆက်ပုံ၊ကုန်ကြမ်း/ ကုန်ချောစနစ်တကျ
၏သိုလှောင်ထိန်သိမ်းမှုများ၊ Online Marketing ရှာဖွေပုံ၊ Customer
Service ပုံစံများ၊ သင်ထောက်ကူ ပစ္စည်းရှာဖွေမှုပုံစံများ၊ Advertising
နည်းလမ်းများနှင့် Credit ၊ Payments ၊ Sale and Promotion ဆိုင်ရာအရောင်းဝန်ထမ်းပြဿနာကိုင်တွယ်ဖြေရှင်းနည်းများ၊
Tour Operation ဆောင်ရွက်ပုံများနှင့် Ticketing ဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ အကြံဉာဏ်များ ပံ့ပိုးပေးခဲ့ပါသည်။
လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ဝန်ထမ်းများ၏ Personal
Hygiene ဆိုင် ရာများ၊ ဘဏ်ချေးငွေလျှောက်ထားရာတွင်လိုအပ်သောအချက်များ၊အသင်းအဖွဲ့တစ်ခုအားရေရှည်တည်တံ့လည်
ပတ်နိုင်မည့် နည်းလမ်းများ၊ Organization Structure Development ဆိုင်ရာများ၊ SME Member Card လျှောက်
ထားရန်လိုအပ်ချက်များ၊Curriculum Developmentရေးဆွဲပုံများ၊TOT
Trainerများမွေးထုတ်နည်းများ၊Employee Job Description ချမှတ်ပုံများ ၊ ပြည်ပပို့ကုန်များ၏ Law and Regulations ဆိုင်ရာ ကိစ္စရပ်များ ၊ စားသုံးဆီ Refining ပြုလုပ်နည်းစဉ်များ၊
လုပ်ငန်းခွဲများလုပ်ကိုင်ရန်လိုအပ်ချက်များ၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာများနှင့် Financial
နှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း
အကြံဉာဏ်များပေးခဲ့ပါသည်။

18-07-2018
11:00 AM
Center of Excellence, Incubation Center (CoE အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Hamsahub ကုမ္ပဏီ၊ KBZ Bank တို့နှင့်ပူးပေါင်း၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်
ကမ္ဘောဇဘဏ်မှ စီးပွားရေးလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီသော
ငွေကြေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးမည့် အစီအစဉ်တွင်
ပါဝင်နိုင်ရန်အတွက် အကြံဉာဏ်ကောင်းများဖြင့် ကူညီထောက်ပံ့ပေးနိုင်ရန်
ရည်ရွယ်၍ “Interface Between Banks and SMEs Business for Breakfast” ကို (၁၈.၇.၂၀၁၇) ရက်နေ့၌ Center of
Excellence, Incubation Center (CoE)၊ အမှတ် (၅)၊ သလ္လာဝတီလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ SME
လုပ်ငန်းရှင် (၅၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကမ္ဘောဇဘဏ်၏တာဝန်ရှိသူတစ်ဦးမှ ၄င်းတို့ဘဏ်၏
Product များ၊ ငွေကြေးဝန်ဆောင်မှုများရှင်းလင်းပြောကြားခဲ့ပြီး၊ Hamsahub
ကုမ္ပဏီ၏ Managing Director ဦးသုတအောင်မှ
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်ကောင်းများမျှဝေ
ဆွေးနွေးခဲ့ပါသည်။