Knowledge Sharing For Technology

2021-12-6
1:00 pm
နေပြည်တေ်
စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ SME များကို အားပေး ဆောင်ရွက်ရန်၊
စားသောက်ကုန်များကို ပြည်တွင်း၌ ကုန်ကျ စရိတ်သက်သာစွာ ဝယ်ယူ စားသုံး နိုင်ရန်၊
ကျေးလက်နေတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေပိုမိုရရှိလာပြီး
လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်မှစိုက်ပျိုးရေးအခြေခံ MSME
များ စိတ်ပါဝင်စားပြီး ဝယ်လိုအား ကောင်းမွန်သော“ဂျင်းနု(သို့မဟုတ်) Export
ဂျင်းစိုက်ပျိုးထုတ်လုပ်ရောင်းချရေးနှင့်ပတ်သက်သောသိကောင်းစရာများအားရှင်းလင်း
ဆွေးနွေးခြင်း”အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနကကြီးမှူး၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့်
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှပညာရှင်များဖြင့်ပူးပေါင်း၍
(၂၅.၉.၂၀၂၁)ရက်နေ့တွင် Online Zoom အသုံးပြု၍
ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာချာလီသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ
ဦးညီညီအောင်က ဂျင်းစိုက်ပျိုးရေးဆိုင်ရာသိကောင်းစရာများအားလည်းကောင်း၊
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အထွေအထွေအတွင်း
ရေးမှူး၊ ဦးရဲမြင့်မောင်က ဂျင်းနု (သို့မဟုတ်) Export ဂျင်း
စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းချမှု၊ ဈေးကွက်ရရှိမှုဆိုင်ရာ သိကောင်းစရာများနှင့်
ပတ်သက်၍ လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်
တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က
ဂျင်းထုတ်လုပ်မှုဆိုင်ရာ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)
အကြောင်းနှင့် ထုတ်ကုန်အဆင့်ဆင့်ဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း
အသီးအသီး ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍
ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ရှမ်းပြည်နယ်မှစိုက်ပျိုးရေးအခြေခံ MSME လုပ်ငန်းရှင်များမှသိရှိလိုသည်များ မေး မြန်းလာမှုအပေါ်ဘာသာရပ်ကျွမ်းကျင်ပညာရှင်များမှ
ပြည်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်က
နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည် ။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်မှ
စိုက်ပျိုးရေး အခြေခံ စားသောက်ကုန်ထုတ်လုပ်သည့် MSME (၅၀)
ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြင့်
ဂျင်းနုနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ (ဂျင်းတွင်
မန်းဂနိစ်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် အစရှိသည့် သတ္တု ဓာတ်များ
ကြွယ်ဝစွာပါဝင်ခြင်း၊ ဗိုက်တာမင် အီး၊ စီ နှင့် အေ ကြွယ်ဝစွာပါဝင်ခြင်းတို့ကြောင့်
ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်မှုများကိုအားပေး၍ကိုယ်ခံအားစနစ်ကိုလည်းအတိုင်းအတာတစ်ခုအထိတိုးတက်စေနိုင်၍ကျန်းမာရေးအတွက်
အထူးကောင်းမွန်သည့် အာနိသင်များပါရှိပါသည်။ ထို့အပြင်
အစာအိမ်နှင့်အူလမ်းကြောင်းဆိုင် ရာ ဝေဒနာများကို သက်သာစေနိုင်သည့် အာ
နိသင်ရှိခြင်း၊ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးခြင်းသည် ကိုယ်အလေးချိန်
ကျဆင်းစေရန်ကူညီပေးနိုင်ခြင်း) စသည်တို့ကိုသိရှိနိုင်ပြီး ဂျင်းနှင့်ဆက်စပ် Value
Added Product များဖြစ်သည့် နိုင်ငံတကာတွင် ဈေးကွက်
ဝယ်လိုအားမြင့်မားသည့်Ginger Tea, Ginger Powder, Ginger Syrup, Ginger
Pulp, Ginger Bread, Ginger Sticks အစရှိသည့်ထုတ် ကုန်များ
ထုတ်လုပ်နိုင်ရန် အားပေးကူညီခြင်းဖြင့် ပြည်တွင်း MSME လုပ်
ငန်းများဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး လူမှုဘဝတိုးတက်
မြင့်မားလာမည်ဖြစ်ပါသည်။

2021-12-29
1:00 pm
နေပြည်တေ်
တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍမှ
ကုန်ကြမ်းများအား စက်မှုလုပ်ငန်းသုံးကုန်ကြမ်းများအဖြစ်
အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စျေးကွက်ချိတ်ဆက်နိုင်ရန် အသေးစား၊ အငယ်စား
နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ အကြီးစားစက်မှုလုပ်ငန်းများနှင့်
ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ
တိုးမြှင့်ထုတ်လုပ်လာနိုင်ရန် ရည်ရွယ်၍ မော်လမြိုင်ကုန်စည်ဒိုင်နှင့် National Enlightenment Institute တို့မှ
ပူးပေါင်းစီစဉ်၍ ရန်ကုန်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏
ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ရာဘာလုပ်ငန်းကဏ္ဍအထူးပြုစက်ရုံ အလုပ်ရုံနှင့် နည်းပညာလေ့လာရေးခရီးစဉ်ကို
(၁၅.၁၂.၂၀၂၁) ရက်နေ့မှ (၁၇.၁၂.၂၀၂၁)ရက်နေ့အထိ သွားရောက်လေ့လာခဲ့ကြပါသည်။ စက်ရုံများသို့
နည်းပညာလေ့လာရေးခရီးစဉ် (ပထမနေ့) (၁၅.၁၂.၂၀၂၁) ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုံရှိ
ရန်ကုန်တာယာစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြပြီး စက်ရုံမှတာဝန်ရှိပုဂ္ဂိုလ်များမှာ
စက်ရုံကုန်ချောစက်ချောထုတ်လုပ်မှုနှင့် ကုန်းကြမ်းဝယ်ယူမှု အခြေအနေများ
ကုန်ကြမ်းဝယ်ယူရာတွင် အရည်သွေးသတ်မှတ်ချက်များကို အသေးစိတ်ရှင်း လင်းပြသခဲ့ကြပြီး၊
လိုက်ပါလေ့လာသူများမှလည်း သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ စက်ရုံများသို့
နည်းပညာလေ့လာရေးခရီးစဉ် ဒုတိယနေ့ (၁၆.၁၂.၂၀၂၁) ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ One
Star ဖိနပ်လုပ်ငန်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ KKK ဖိနပ်လုပ်ငန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ OK
Rubber Roller လုပ်ငန်းတို့အား သွားရောက်လေ့လာခဲ့ကြပါသည်။ စက်ရုံများသို့
နည်းပညာလေ့လာရေးခရီး တတိယနေ့ (၁၇.၁၂.၂၀၂၁) ရက်နေ့တွင် ရွှေပေါက္ကံ၊
မြောက်ဥက္ကလာပမြို့နယ်ရှိ ဖိနပ်အောက်ခံဆိုးပြား ထုတ်လုပ်ရေးလုပ်ငန်းနှင့်
မရမ်းကုန်းမြို့နယ်ရှိ ရာဘာသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနသို့
သွားရောက်လေ့လာခဲ့ကြပြီး သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ ထိုသို့လေ့လာရေးခရီးသွားရောက်ခဲ့ကြရာတွင်
မွန်ပြည်နယ်အတွင်းမှ ရာဘာလုပ်ငန်းရှင်(၁၄)ဦး၊ မော်လမြိုင်ကုန်စည်ဒိုင် နှင့်National
Enlightenment Institute တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊
အထွက်တိုးရာဘာစိုက်ပျိုးကြသူများအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ
စုစုပေါင်းလေ့လာရေးအဖွဲ့ဝင် (၂၅)ဦး လိုက်ပါလေ့လာခဲ့ကြပြီး လုပ်ငန်းရှင်များမှ
နည်းပညာ၊ ကုန်ကြမ်းစျေးကွက်နှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို
လေ့လာခွင့်ရရှိခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

2022-01-05
1:00 pm
နေပြည်တေ်
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနသည်အာဆီယံ-ဟောင်ကောင် (တရုတ်) လွတ်လပ်သော
ကုန်သွယ်မှုဒေသရန်ပုံငွေဖြင့်
မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများအတွက်
ဆန်းသစ်တီထွင်မှုအလေ့အကျင့်ကောင်းများ မျှဝေခြင်း စီမံကိန်း“Innovative Products Practices for Food processing
in Myanmar”ကို ၂၀၂၁ ခုနှစ် ၊
နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ အာဆီယံ-ဟောင်ကောင်ဒေသတွင်းရှိ
စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံပေါင်း (၆) နိုင်ငံမှ
လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကွန်ရက် တိုးချဲ့ရန်၊
မြန်မာလုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်လုပ်ငန်းများနှင့် ပတ်သက်သည့် innovation အသိပညာအတွေ့အကြုံများ၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သွင်းကုန်လုပ်ငန်းများ
အပေါ်တွင် အခြေခံ၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာပြီး
ပြည်တွင်း၊ ပြည်ပ စျေးကွက်ဝင် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန် ၊ International Norms ၊
Innovation idea နှင့် Design
Thinking များ စနစ်တကျ
တွေးခေါ်လုပ်ကိုင်တတ်စေရန်တို့ဖြစ်ပါသည်။ စီမံကိန်း အကောင်အထည်ဖော်မှုအားအဆင့်
(၃) ဆင့်ဖြင့် သတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ
အလားအလာရှိသော အသေးစား၊ အငယ်စား နှင့်အလတ်စား စားသောက်ကုန် လုပ်ငန်းများကို
ပြိုင်ပွဲပြုလုပ်၍ ရွေးချယ်ခြင်း၊
ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် MSME များအား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ပြုပြင်ပြောင်းလဲနိုင်စေရန်
ကျွမ်းကျင်ပညာရှင်များဖြင့် အနီးကပ်လမ်းညွှန်ခြင်း (Mentoring) များ
ဆောင်ရွက် ပေးခြင်း၊ နည်းပညာနှင့် စက်ပစ္စည်းများ (လိုအပ်ပါက) ကို
ပံ့ပိုးပေးခြင်းနှင့် တတိယအဆင့် အနေဖြင့် အာဆီယံနှင့်ဟောင်ကောင်ဒေသမှ စားသောက်ကုန်
MSME များနှင့် အစိုးရဌာနများမှ တာဝန်ရှိသူများ အား virtual ဖိတ်ကြား၍
လည်းကောင်း၊ မြန်မာနိုင်ငံမှ MSME များအား physical
ဖိတ်ကြား၍ လည်းကောင်း တီထွင်ဖန်တီးမှုနှင့်စပ်လျဉ်းသည့်
အတွေ့အကြုံ၊ အသိပညာများ ဖလှယ်ခြင်း hybrid
seminar ကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊
ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ စီမံကိန်းပထမအဆင့်အဖြစ်
ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ Criteria
သတ်မှတ် ချက်များနှင့်ကိုက်ညီပြီး အလားအလာရှိသော
စားသောက်ကုန်လုပ်ငန်း (၃)ခုစီကို ရွေးချယ်ပြီး အကဲဖြတ်ဒိုင်များဖြင့်
အကောင်းဆုံးဆုရွေးချယ်၍ Innovation Idea Awards for Food Processing ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။ ဧရာဝတီ တိုင်းဒေသကြီး၊
ပုသိမ်မြို့တွင် (၃.၁၂.၂၀၂၁) ရက်နေ့၌
ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ရာ
နေမင်းဆားစက်၊ Green Toddy ထန်းသကြားလုပ်ငန်းနှင့် MoMoKo
ဓနိဖူးခြောက် လုပ်ငန်းတို့မှ
လည်းကောင်း၊ (၆.၁၂.၂၀၂၁) ရက်နေ့၌
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်
ကျင်းပသော ပြိုင်ပွဲတွင် ရွှေဝါမြေ ဝဥခြောက်လုပ်ငန်း၊ JJY မှိုစားသောက်ကုန်
ထုတ်လုပ်ငန်း၊ ပြည်မြန်မာကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းတို့မှလည်းကောင်း ပထမ၊
ဒုတိယ၊ တတိယဆုများ အသီးသီး ရရှိခဲ့ကြပါသည်။ လက်ရှိအခြေအနေတွင် စီမံကိန်းဒုတိယအဆင့်အဖြစ်
ရွေးချယ်ထားသည့် MSME များအား ၎င်းတို့၏ထုတ်လုပ်မှုအဆင့်ဆင့်တွင်
တီထွင်ဆန်းသစ်မှုအလေ့အကျင့်များ မြှင့်တင်ပေးရန်နှင့် လိုအပ်ချက်များ
ပြုပြင်ပြောင်းလဲနိုင်စေရန်အတွက် ကျွမ်းကျင်ပညာရှင်များဖြင့်
အနီးကပ်လမ်းညွှန်ခြင်း (Mentoring) များ ဆောင်ရွက်ပေးလျက်ရှိပါသည်။

2022-02-21
1:00 pm
နေပြည်တေ်
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနသည်အာဆီယံ - ဟောင်ကောင် ဒေသတွင်းရှိ
စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန်ထုတ်လုပ်မှု
လုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှု အလေ့အကျင့်ကောင်းများ မျှဝေရန်ရည်ရွယ်၍ ASEAN-Hong Kong Free
Trade Agreement ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် Innovative Products
Practices for Food Processing in Myanmarစီမံကိန်း၏တတိယအဆင့်အဖြစ်“Hybrid Seminar onInnovative
Products Practices for Food Processing in Myanmar”ကိုM Gallery Hotel, Nay Pyi
Taw၌၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် မှ (၂၈) ရက်ထိကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲသို့ အာဆီယံနှင့်ဟောင်ကောင်တို့မှကိုယ်စားလှယ်များကVirtual ဖြင့်လည်းကောင်း၊တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်တို့မှMSME လုပ်ငန်းရှင်များနှင့်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ SME ဌာနမှ တာဝန်ရှိသူများ ကphysical ဖြင့်လည်းကောင်း
တက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် အာဆီယံ
အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်တို့ကအသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များမှ ဆုရလုပ်ငန်းရှင်များအား
အနီးကပ် လမ်းညွှန်ခြင်း (Mentoring) ပြုလုပ်ပေးခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ပြည်တွင်း/ ပြည်ပ မှ Panelist
များ ပါဝင်သည့် Panel Session ကို Innovative
Products Practices for Food Processing ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စီမံကိန်း ပထမအဆင့်တွင် ရွေးချယ်ခဲ့သည့် ဆုရလုပ်ငန်းရှင်များမှ
ယခင်လုပ်ငန်းအခြေအနေနှင့် Mentoring ပြုလုပ်ပြီးနောက်
တိုးတက်လာသည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ ပြည်ပမှ MSME များမှ လုပ်ငန်းများအလိုက် ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများကို
လည်းကောင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
Innovative Products Practices for Food Processing in Myanmar စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ အသေးစား၊
အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ
အသိပညာ ဗဟုသုတများ၊ စွမ်းရည်များတိုးတက်လာခြင်း၊ အခြားနိုင်ငံများတွင်
ကျင့်သုံးဆောင်ရွက် လျက်ရှိသော ဆန်းသစ်တီထွင်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ
ပိုမိုကျယ်ပြန့်စွာ သိရှိလာခြင်း၊စားသောက်ကုန်လုပ်ငန်းများနှင့် ပတ်သက်သည့်innovationအသိပညာအတွေအကြုံများအပေါ်တွင်
အခြေခံ၍ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းဗျူဟာများ ပိုမိုရရှိလာပြီး
နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ အရည်အသွေးမီ ထုတ်ကုန်များ
ထုတ်လုပ်လာနိုင်ခြင်း၊ အာဆီယံ - ဟောင်ကောင် ဒေသတွင်းရှိ
လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကွန်ရက် ကျယ်ပြန့်လာပြီး၊ ဒေသတွင်းMSMEများအကြား
စီးပွားရေး ချိတ်ဆက်မှုများ၊ ဈေးကွက်ချဲ့ထွင်မှု အခွင့်အလမ်းများ မြင့်မားလာခြင်းစသည့်
အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသည်။

2022-08-17
1:00 pm
နေပြည်တေ်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနသည်ဒေသတွင်း နိုင်ငံများရှိလူငယ်စွန့်ဉီးတီထွင်လုပ်ငန်းရှင်များအကြားဆန်းသစ်တီထွင်သည့် အလေ့ အကျင့် ကောင်းများပေါ်ပေါက်လာစေရန်၊အောင်မြင်သည့်လူငယ် စွန့်ဉီးတီထွင်လုပ်ငန်းရှင် များအကြားအတွေ့အကြုံကောင်းများ မျှဝေကြရန် နှင့် ဒေသတွင်းစွန့်ဉီးတီထွင်လုပ်ငန်းရှင် များ၊နိုင်ငံဝန်ထမ်းများအချင်းချင်းချိတ်ဆက်မိစေရန်ရည်ရွယ်၍မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေ ဒုတိယအသုတ်(၂၀၁၈)ဖြင့်ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Hybrid Seminar on Innovation and Young Entrepreneurship for Regional Development)စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။စီမံကိန်းကို(၃) ကြိမ်ခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ဆွေးနွေးပွဲသို့ မဲခေါင်လန်ချန်းနိုင်ငံများမှ ကိုယ်စားလှယ်(၇၅) ဦးခန့်တက်ရောက်ခဲ့ပြီးinnovation and entrepreneurshipဆိုင်ရာအတွေ့အကြုံများဖလှယ်ခြင်းနှင့်တီထွင်ဆန်းသစ်မှု အမျိုးအစား (၁၀) မျိုး ရှိသည့် အနက်လုပ်ငန်းဖွဲ့စည်းပုံစနစ်များ ပြောင်းလဲခြင်း၊ထုတ်ကုန် ဖြန့်ဖြူးရေးကွန်ရက် ချိတ်ဆက်မှုများ အားကောင်းလာခြင်း စသည့် အကျိုး ကျေးဇူး များရှိသောProfit Model, Network, Structure , Process, Product Performance, Product Systemစသည့် တီထွင် ဆန်းသစ် မှု (၆) မျိုး ကို ဆွေးနွေးသင်ကြားခဲ့ပါသည်။ဆွေးနွေးပွဲများကို (၂၀၂၀)ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားခဲ့သော်လည်းCOVID-19ရောဂါပျံ့နှံ့မှု အခြေအနေများကြောင့် ခေတ္တဆိုင်းငံ့ထားခဲ့ပါသည်။ဒုတိယအကြိမ်ဆွေးနွေးပွဲကိုHybrid Seminarအဖြစ်၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ (၂၂) ရက် မှ (၂၄) ရက် အထိ ရုံးအမှတ်၊(၃၀) ၊စက်မှုဝန်ကြီးဌာန၊နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင်ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားလှယ်(၃၀) မှvirtualဖြင့်လည်းကောင်းး၊မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များဖြစ်ကြသည့်တိုင်းဒေသကြီး/ ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တို့မှSMEဌာန တာဝန်ရှိသူများနှင့်MSMEလုပ်ငန်းရှင်များ ၊စက်မှုဝန်ကြီးဌာနမှ အရာထမ်းများ စုစုပေါင်း(၇၀) ဦးခန့်in-personဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။ဆွေးနွေးပွဲတွင်ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များမှ ဦးဆောင်၍ ပထမအကြိမ်ဆွေးနွေးပွဲမှ ရရှိခဲ့သည့်အတွေ့အကြုံများနှင့်အားနည်းချက် / အားသာချက် များ ၊ သင်တန်းသားများ၏feedbackများအပေါ်ပြန်လည်ဆွေးနွေးခြင်း၊ ဆန်းသစ် တီထွင်မှု အမျိုးအစားများအနက်မှ လူ့စွမ်းအား အရင်းအမြစ်ကို ဉီးတည်သောဆန်းသစ်တီထွင်မှုများနှင့် စပ်လျဉ်းသောဝန်ဆောင်မှုပေးခြင်း၊ ထုတ်ကုန်တံဆိပ်ခိုင်မာရေး၊စားသုံးသူများနှင့် ခိုင်မာစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊MSMEလုပ်ငန်းများ ဒီဂျစ်တယ်စနစ်ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်နှင့်လူ့စွမ်းအားအရင်းအမြစ်ကို ဦးတည်သည့်တီထွင်ဖန်တီးမှုများဆောင်ရွက်နိုင်စေရန်အတွက် အသိပညာများမျှဝေခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင်Collaborationbetween Public, Private & Government for Entrepreneurship Developmentခေါင်းစဉ်ဖြင့်Panel Discussionပြုလုပ်ခဲ့ရာ စွန့်ဦးတီထွင်မှုစိတ်ဓါတ်များ အားကောင်း လာစေရန် ပံ့ပိုးပေးသင့်သည့်အချက်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် တွေ့ကြုံရ သည့် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်မှုစိတ်ဓါတ်များ အားကောင်းလာစေရန် အစိုးရ၊ စွန့်ဦးတီထွင်သူများ၊NGOsများနှင့် အခြားဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲမှတဆင့် မဲခေါင်-လန်ချန်းဒေသမှ လူငယ်လုပ်ငန်းရှင်များအကြား စွန့်ဦး တီထွင်မှုနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာကိစ္စရပ်များ သိမြင်လာခြင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ အချင်းချင်း အသိပညာ ဝေမျှနိုင်လာခြင်း၊ ဆန်းသစ်တီထွင်မှုအလေ့အထကောင်းများကို လူငယ်များကြား ပေါ်ပေါက်လာစေခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက် လာခြင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လုပ်ငန်းရှင်များအကြား ချိတ်ဆက် ဆောင်ရွက်မှုများရှိလာခြင်း၊ ဒေသတွင်းနိုင်ငံများ၏ လက်တွေ့ဆောင်ရွက်နေမှုများကို သိရှိခွင့်ရခြင်း စသော အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

22-05-2016
1:45 PM
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စား
လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
အစားအစာ ထုတ်လုပ်မှု ဆိုင်ရာ ပြည်တွင်းပညာရှင်များနှင့်ပူးပေါင်းလျက်
မုန့်ဖတ်ခြောက် ပြုလုပ်သည့်နည်းစနစ်၊ နည်းပညာမျှဝေ ဆွေးနွေး
ခြင်းဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို (၂၂.၅.၂၀၁၆)
ရက်နေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အသေးစားနှင့်
အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊
အစားအစာထုတ်လုပ်တင်ပို့ရောင်းချသူ လုပ်ငန်းရှင် (၃၃) ဦး အား မုန့်ဖတ်ခြောက်
ပြုလုပ်သည့်နည်းပညာများမျှဝေ ဆွေးနွေးပေးခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဖြူဖြူဝင်း၊ မြန်မာနိုင်ငံစားသောက်ကုန်
ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး၊ United
Nations Industrial Development Organization (UNIDO) အဖွဲ့အစည်း၏ Food
Advisor ဦးတင်နိုင်ဝင်းတို့မှ Starch တွင်ပါရှိသည့် အစေးဓာတ် နှစ်မျိုးအကြောင်း၊
မုန့်ကြိတ်စဉ် ရေထည့်ရမည့်အချိုးအစားများအကြောင်း၊
စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အခြေခံလိုအပ်ချက်များအကြောင်း၊
မြန်မာ့မုန့်ဖတ်အမျိုးအစားများကို အရွယ်အစားခွဲခြားမှု၊
ပြုလုပ်သည့်နည်းပညာနှင့် သုံးစွဲမှုများကြောင်း၊
မုန့်ဖတ်အခြောက်ခံသည့်နည်းစနစ်၊ ဖြူဖွေး သောမုန့်ဖတ်ပြုလုပ်သည့်
နည်းပညာနှင့် စက်ပစ္စည်းအကြောင်းများအား Presentation ဖြင့်သော်လည်းကောင်း၊
Movie ဖြင့် သော်လည်းကောင်း ဆွေးနွေးပြသခဲ့ကြပြီးနောက်၊ တက်ရောက်လာသည့်
လုပ်ငန်းရှင်များမှ မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့်
သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

From 4-12-2016 to 17-12-2016
1:45 PM
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior
Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စဉ့်အိုးထုတ်လုပ်သည့်
လုပ်ငန်းရှင်များအတွက် စဉ့်အိုးထုတ်လုပ်မှု နည်းပညာ လိုအပ်ချက်များကို
ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပစျေးကွက်ဝင် အရည်အသွေးမှီ
ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန်အတွက်
စဉ့်အိုးထုတ်လုပ်မှုနည်းပညာပံ့ပိုးပေးသည့် စာတွေ့/ လက်တွေ့သင်တန်းကို
(၄.၁၂.၂၀၁၆) ရက်နေ့မှ (၁၇.၁၂.၂၀၁၆) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုခရိုင်တွင် ကျင်းပပြုလုပ်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ
စဉ့်ထည်လုပ်ငန်းရှင်(၃၀) ဦးအား အရည်အသွေးကောင်းမွန်သည့်
စဉ့်အိုးထုတ်လုပ်မှု နည်းပညာပံ့ပိုးပေးခဲ့ပြီး၊ (၅.၂.၂၀၁၈) ရက်နေ့မှ
(၁၇.၂.၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊
ကျောက်မြောင်းမြို့၌ ဟံဝင်းစောစဉ့်ထည်လုပ်ငန်းရှင် (၃) ဦးအား ထပ်မံ၍
နည်းပညာပံ့ပိုးပေးခဲ့ ပါသည်။
အဆိုပါ စဉ့်အိုးထုတ်လုပ်မှုနည်းပညာပံ့ပိုးပေးသည့်
သင်တန်းတွင် PUM Netherlands Senior Experts အဖွဲ့အစည်း၏
စဉ့်ထည်ကျွမ်းကျင်ပညာရှင် (၂) ဦးမှ ရွံ့သားများ
အရည်အသွေးပိုမိုကောင်းမွန်လာအောင် ပြုပြင်သည့်နည်းပညာများ၊
ဓါတုပစ္စည်းအမျိုးမျိုး သုံး၍ စဉ့်အရောင်မျိုးစုံ ဖော်သည့်နည်းပညာများ၊
လျှပ်စစ်အိုးထိန်းစက် ပြုလုပ်သည့် နည်းပညာများ၊ လျှပ်စစ်အသုံးပြု
စဉ့်ဖိုသုံး၍ စဉ့်ထည်ထုတ်လုပ်နည်းများ၊ Gas Kiln တည်ဆောက်အသုံးပြု
နည်းပညာများပို့ချပေးခဲ့ရာ၊ စဉ့်ထည်လုပ်ငန်းများ ပိုမိုတိုးတက်
သွားနိုင်ပြီး အရည်အသွေးများတိုးတက်ကာ Export ထိတင်ဖို့ရောင်းချနိုင်သည့်
အကျိုး ကျေးဇူးများစွာ ရရှိပါသည်။

From 20-02-2016 to 8-03-2016
1:45 PM
မန္တလေးမြို့၊မကွေးမြို့ရန်ကုန်မြို့
စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ ဂျာမနီ
နိုင်ငံ Friedrich Naumann Foundation (FNF) အဖွဲ့အစည်းနှင့်ပူးပေါင်း၍
Foundry & Forging နည်းပညာ ဆိုင်ရာနည်းပညာများအား စက်မှုဇုန်မှ လုပ်ငန်းရှင်များ ပိုမိုနားလည် သိရှိစေရေးအတွက် ပြည်တွင်းပညာ
Foundry & Forging နည်းပညာ ထောက်ပံ့မှု သင်တန်း
များကိုဖွင့်လှစ်ပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စက်မှုဇုန်စီမံခန့်ခွဲရေး
ကော်မတီရုံးတွင် (၂၀.၂.၂၀၁၆) ရက်နေ့မှ (၂၃.၂.၂၀၁၆) ရက်နေ့ထိ လုပ်ငန်း
ရှင်(၄၅)ဦး၊ မကွေးတိုင်းဒေသကြီး၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင်
(၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၈.၂.၂၀၁၆)ရက်နေ့ထိ လုပ်ငန်းရှင် (၆၇) ဦး၊
ရန်ကုန်မြို့တွင်(၇.၃. ၂၀၁၆) ရက်နေ့မှ (၈.၃.၂၀၁၆) ရက်နေ့ထိ လုပ်ငန်းရှင်
(၅၂) ဦး အသီးသီး နည်းပညာများရယူနိုင်ခဲ့ပါသည်။
အဆိုပါ Foundry & Forging
နည်းပညာသင်တန်းတွင် Type of Cast Iron, Unique Propertiesof Cast Iron,
Wear Resistant of Cast Iron, Carbon Raisers & Cast Iron, Heat
Resistance Steel, Steel Casting, Occupational Safety and Health
Administ- ration in Foundry ဘာသာရပ် များကို ပြည်တွင်းပညာရှင်များမှ
သင်ကြားပို့ချခဲ့ပါသည်။
သံရည်သွန်းလောင်းခြင်းနှင့်
ပုံသွင်းခြင်းနည်းပညာသစ်များ ကို SME လုပ်ငန်းခွင်များတွင်
ပြန်လည်ပေါင်းစပ် အသုံးပြုနိုင်လာသဖြင့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး
ပြည့်မီလာခြင်း၊ သံထည်ပစ္စည်းများတွင် ပါဝင်သည့် Carbon Percentage,
Silicon Percentage များကို သိရှိတိုင်းတာ လာနိုင်ခြင်းစသည့် အကျိုးကျေးဇူး
များကိုရရှိလာခဲ့ပါသည်။

From 26-06-2017 to 30-06-2017
1:45 PM
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန
နှင့်ပူးပေါင်း၍ သရက်သီးမှ တန်ဘိုးမြင့် ထုတ်ကုန်
များထုတ်လုပ်လာနိုင်စေရန်ရည်ရွယ်၍ “Mango Value Added Workshop” နည်းပညာ
ပံ့ပိုးပေးခြင်းကို (၂၆.၆.၂၀၁၇) ရက်နေ့မှ (၃၀.၆.၂၀၁၇) ရက်နေ့အထိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အသေးစားနှင့်
အလတ်စားလုပ်ငန်းရှင် စုစုပေါင်း (၂၆) ဦးအား နည်းပညာများပို့ချပေးခဲ့ပါသည်။
အဆိုပါ နည်းပညာသင်တန်း၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်
တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဖြူဖြူဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန် တို့မှ သရက်သီးမှ
သရက်သီးခြောက်၊ သရက်သီးCandy ၊ သရက်ယို စသည့် တန်ဖိုးမြှင့်
ထုတ်ကုန်နည်းပညာများ ပေးအပ်ခဲ့ပါသည်။ နည်းပညာ ရရှိသော
လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များကို Value-Added
ပြုလုပ်လာနိုင်ခြင်းနှင့် ထုတ်ကုန်အရည်အသွေးမြှင့်ကာ
စျေးကွက်ချဲ့ထွင်ခြင်းများ ရရှိခဲ့ပါသည်။