The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2021-12-6
1:00 pm
နေပြည်တေ်

စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ SME များကို အားပေး ဆောင်ရွက်ရန်၊ စားသောက်ကုန်များကို ပြည်တွင်း၌ ကုန်ကျ စရိတ်သက်သာစွာ ဝယ်ယူ စားသုံး နိုင်ရန်၊ ကျေးလက်နေတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေပိုမိုရရှိလာပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်မှစိုက်ပျိုးရေးအခြေခံ MSME များ စိတ်ပါဝင်စားပြီး ဝယ်လိုအား ကောင်းမွန်သော“ဂျင်းနု(သို့မဟုတ်) Export ဂျင်းစိုက်ပျိုးထုတ်လုပ်ရောင်းချရေးနှင့်ပတ်သက်သောသိကောင်းစရာများအားရှင်းလင်း ဆွေးနွေးခြင်း”အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနကကြီးမှူး၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှပညာရှင်များဖြင့်ပူးပေါင်း၍ (၂၅.၉.၂၀၂၁)ရက်နေ့တွင် Online Zoom အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီအောင်က ဂျင်းစိုက်ပျိုးရေးဆိုင်ရာသိကောင်းစရာများအားလည်းကောင်း၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အထွေအထွေအတွင်း ရေးမှူး၊ ဦးရဲမြင့်မောင်က ဂျင်းနု (သို့မဟုတ်) Export ဂျင်း စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းချမှု၊ ဈေးကွက်ရရှိမှုဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်က ဂျင်းထုတ်လုပ်မှုဆိုင်ရာ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) အကြောင်းနှင့် ထုတ်ကုန်အဆင့်ဆင့်ဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း အသီးအသီး ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ရှမ်းပြည်နယ်မှစိုက်ပျိုးရေးအခြေခံ MSME လုပ်ငန်းရှင်များမှသိရှိလိုသည်များ မေး မြန်းလာမှုအပေါ်ဘာသာရပ်ကျွမ်းကျင်ပညာရှင်များမှ ပြည်လည်ဖြေကြားဆွေးနွေးခဲ့ကြပြီး စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည် ။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်မှ စိုက်ပျိုးရေး အခြေခံ စားသောက်ကုန်ထုတ်လုပ်သည့် MSME (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခြင်းဖြင့် ဂျင်းနုနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ (ဂျင်းတွင် မန်းဂနိစ်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် အစရှိသည့် သတ္တု ဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း၊ ဗိုက်တာမင် အီး၊ စီ နှင့် အေ ကြွယ်ဝစွာပါဝင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်မှုများကိုအားပေး၍ကိုယ်ခံအားစနစ်ကိုလည်းအတိုင်းအတာတစ်ခုအထိတိုးတက်စေနိုင်၍ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အာနိသင်များပါရှိပါသည်။ ထို့အပြင် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင် ရာ ဝေဒနာများကို သက်သာစေနိုင်သည့် အာ နိသင်ရှိခြင်း၊ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးခြင်းသည် ကိုယ်အလေးချိန် ကျဆင်းစေရန်ကူညီပေးနိုင်ခြင်း) စသည်တို့ကိုသိရှိနိုင်ပြီး ဂျင်းနှင့်ဆက်စပ် Value Added Product များဖြစ်သည့် နိုင်ငံတကာတွင် ဈေးကွက် ဝယ်လိုအားမြင့်မားသည့်Ginger Tea, Ginger Powder, Ginger Syrup, Ginger Pulp, Ginger Bread, Ginger Sticks အစရှိသည့်ထုတ် ကုန်များ ထုတ်လုပ်နိုင်ရန် အားပေးကူညီခြင်းဖြင့် ပြည်တွင်း MSME လုပ် ငန်းများဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး လူမှုဘဝတိုးတက် မြင့်မားလာမည်ဖြစ်ပါသည်။