The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

22-05-2016
1:45 PM
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစားအစာ ထုတ်လုပ်မှု ဆိုင်ရာ ပြည်တွင်းပညာရှင်များနှင့်ပူးပေါင်းလျက် မုန့်ဖတ်ခြောက် ပြုလုပ်သည့်နည်းစနစ်၊ နည်းပညာမျှဝေ ဆွေးနွေး ခြင်းဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို  (၂၂.၅.၂၀၁၆) ရက်နေ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ရာ၊ အစားအစာထုတ်လုပ်တင်ပို့ရောင်းချသူ လုပ်ငန်းရှင် (၃၃) ဦး အား မုန့်ဖတ်ခြောက် ပြုလုပ်သည့်နည်းပညာများမျှဝေ ဆွေးနွေးပေးခဲ့ကြပါသည်။

            အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီး ဌာန၏  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး၊ United Nations Industrial Development Organization (UNIDO) အဖွဲ့အစည်း၏   Food Advisor ဦးတင်နိုင်ဝင်းတို့မှ Starch  တွင်ပါရှိသည့် အစေးဓာတ် နှစ်မျိုးအကြောင်း၊ မုန့်ကြိတ်စဉ် ရေထည့်ရမည့်အချိုးအစားများအကြောင်း၊ စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အခြေခံလိုအပ်ချက်များအကြောင်း၊ မြန်မာ့မုန့်ဖတ်အမျိုးအစားများကို  အရွယ်အစားခွဲခြားမှု၊ ပြုလုပ်သည့်နည်းပညာနှင့် သုံးစွဲမှုများကြောင်း၊ မုန့်ဖတ်အခြောက်ခံသည့်နည်းစနစ်၊ ဖြူဖွေး သောမုန့်ဖတ်ပြုလုပ်သည့် နည်းပညာနှင့် စက်ပစ္စည်းအကြောင်းများအား Presentation ဖြင့်သော်လည်းကောင်း၊ Movie ဖြင့် သော်လည်းကောင်း ဆွေးနွေးပြသခဲ့ကြပြီးနောက်၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။