The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

Knowledge Sharing For Technology

From 17-02-2017 to 20-02-2017
2:00 PM
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ အရည်အသွေးကောင်းမွန်သော စျေးကွက်ဝင်ကော်ဖီ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်အတွင်း ပညာရှင်မှ စာတွေ့လက်တွေ့နည်းပညာ ပံ့ပိုးပေးမှု များအား အသုံးချမှုအပေါ်အကျိုးထိရောက်မှုရှိ/ မရှိကို လက်တွေ့ကွင်းဆင်းစစ်ဆေးမှုနှင့်ပြန်လည် ဆန်းစစ်မှုပြုလုပ်နိုင်ရန်အတွက် (၁၇.၂.၂၀၁၇) ရက်နေ့မှ (၂၀.၂.၂၀၁၇) ရက်နေ့အထိ မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ Arrow Brother Co., Ltd. ၏ ကော်ဖီစိုက်ခင်းတွင် စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ (မှတ်ချက်။ ။အရည်အသွေးကောင်းမွန်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် Arrow Brother Co., Ltd. မှ PUM Netherlands Senior Experts အဖွဲ့အစည်း ၏ပညာရှင်အကြံပေးချက်များအတိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သဖြင့် တတိယအကြိမ် Organic Coffee Cupping Quality Competition ပြိုင်ပွဲတွင် Score 87.18 ဖြင့် အကောင်းဆုံး အနံ့အရသာနှင့်ပြည့်စုံသည့် ပထမဆုကိုရရှိခဲ့ပါသည်။
From 26-04-2016 to 30-04-2016
2:00 PM
မန္တလေးမြို့ ရှမ်းပြည်နယ်၊ မိုးကုတ် မြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expertsအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် စျေးကွက်ဝင်ယှဉ်ပြိုင်နိုင်သည့် Quality Product များထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးသည့် စာတွေ့/ လက်တွေ့ သင်တန်းကို မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် (၂၆.၄.၂၀၁၆) ရက်နေ့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်၊ မိုးကုတ် မြို့၌ (၂၇.၄.၂၀၁၆) ရက်နေ့မှ (၃၀.၄.၂၀၁၆) ရက်နေ့ထိလည်း ကောင်း ကျင်းပပြုလုပ်ခဲ့ရာ စုစု ပေါင်း လုပ်ငန်းရှင် (၇၄) ဦးအား နည်းပညာ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ အဆိုပါနည်းပညာပေးသင်တန်းတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များအား မြေဆီလွှာ ပျက်စီးရခြင်းအကြောင်း၊ ကော်ဖီပင်အတွက်မြေဆီလွှာအမျိုးအစား၊ အရိပ်ပင်အကြောင်း၊ အရိပ်ပင်၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုးမြေ ၏ချဉ်/ငံကိန်း(PH)(Concentr- ation of H+iron) မျိုးစေ့ယူခြင်းနှင့် ပျိုးထောင်ခြင်း၊စိုက်ပျိုးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း၊ အသီး(Coffee cherry) ခူးယူခြင်းနှင့်ကြိတ်ခွဲခြင်း၊ ကော်ဖီစေ့များအား အဆင့်သတ်မှတ်ခြင်းတို့ကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါနည်းပညာရယူခဲ့သည့် လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ကော်ဖီစေ့ ထုတ်လုပ်သည့် နည်းပညာရရှိခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၏စျေးကွက်တစ်ခုကို အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခွင့်အရေးရရှိခြင်း၊ လုပ်ငန်းရှင်အချင်းချင်း နည်းပညာအမြင်များ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။
From 26-10-2016 to 4-11-2016
2:00 PM
ရမည်းသင်းမြို့၊ ပြင်ဦးလွင်မြို့
စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Expertsအဖွဲ့အစည်းနှင့်ပူးပေါင်း၍ စပျစ်သီးနှင့်စပျစ်ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင် များအား စျေးကွက်ဝင် အရည်အသွေးကောင်းမွန်သည့် စပျစ်သီးနှင့်စပျစ်ဝိုင်ထုတ်လုပ်သည့် နည်းပညာ ပံ့ပိုးပေးသော စာတွေ့/လက်တွေ့သင်တန်းများကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ (၂၆.၁၀.၂၀၁၆) ရက်နေ့မှ (၃၀.၁၀.၂၀၁၆) ရက်နေ့ထိ လည်းကောင်း၊ ပြင်ဦးလွင်မြို့၌ (၃၁.၁၀.၂၀၁၆) ရက်နေ့မှ (၄.၁၁.၂၀၁၆) ရက်နေ့ ထိလည်းကောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင် စုစုပေါင်း(၁၇၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စပျစ်မျိုးကွဲများအကြောင်း၊ စိုက်ပျိုးမြေရွေးချယ်မှုလိုအပ်သည့် ရာသီဥတု၊ Organic Fertilizer ပြုလုပ်ခြင်း၊ ပိုးမွှားကာကွယ်ရေး၊ ဝိုင် အမျိုးအစား၊ ဝိုင်ထုတ်လုပ်ခြင်းနည်းစဉ်၊ ဝိုင်တွင်ပါဝင်ရမည့်သကြားနှင့် Alcohol ပါဝင်နှုန်းစသည်တို့ကို သင်ကြားပို့ချခဲ့ပါသည်။ ၄င်းနည်းပညာပံ့ပိုးမှုအရ လုပ်ငန်းရှင်များအနေဖြင့် စပျစ်ပင်စနစ်တကျ စိုက်ပျိုးသည့် နည်းပညာများ၊ Organic Fertilizer ပြုလုပ်ခြင်း၊ စပျစ်သီးအရသာချိုကဲရန် လိုအပ်သော မြေဆီလွှာ၏PH Level ၊ ပိုးမွှားကာကွယ်ရန်နည်းလမ်းများ၊ ဝိုင် ဖောက်ခြင်း Processများ၊ အနံ့ထိန်းသိမ်းမှုနည်းစနစ်များ၊ အရောင်ကြည်လင်ရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များကို ပိုမိုသိရှိလာကြပြီးစျေးကွက်ဝင်စပျစ်နှင့်စပျစ်ဝိုင် ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပါသည်။
17-09-2019
From 9:30 AM to 4:30 PM
မန္တလေးတိုင်းဒေသကြီးစက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြေ့သာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Good Manufacturing Practice (GMP) for MSME သင်တန်းဖိတ်ကြားခြင်း???????????? ============================================== ????????မန္တလေးတိုင်းဒေသကြီး၏ Food Safety Project အရ Good Manufacturing Practice (GMP) for MSME သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကျင်းပမည့်နေ့ရက်????(၁၇.၉.၂၀၁၉) (အင်္ဂါနေ့) ကျင်းပမည့် အချိန်⏰နံနက် (၉း၃၀)နာရီ မှ ညနေ (၄း၃၀)နာရီထိ ကျင်းပမည့်နေရာ????မန္တလေးတိုင်းဒေသကြီးစက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြေ့သာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ သင်တန်းသားဦးရေ - (၄၀)ဦး သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော MSMEs လုပ်ငန်းရှင်များအနေဖြင့် ????????(၁၅.၉.၂၀၁၉)ရက်နေ့နောက်ဆုံးထား အောက်ပါဖုန်းနံပတ်သို့ဆက်သွယ်စာရင်းပေးနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။ ☎️ဖုန်း - ၀၂-၄၀၃၉၅၇၃၊ (ရုံးချိန်အတွင်းသာ)
22-01-2021
From 2:00 PM to 4:30 PM
Online Training
Agri Innovation Fund(AIF) စီမံကိန်းဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း #GIZ Myanmar သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းတို့နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်အတွင်း အရည်အသွေးနှင့်စံချိန်စံညွှန်းကိုက်ညီသည့် စျေးကွက်ဝင် ထုတ်ကုန်များဖြစ်လာစေရန်အတွက် အားပေးမြှင့်တင်ရန် Agri- Innovation Fund (AIF) အစီအစဉ်အား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ #အဆိုပါ AIF စီမံကိန်း နှင့်စပ်လျဉ်းသည့် စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းကမ်းသတ်မှတ်ချက်များကို မျှဝေပေးနိုင်ရန်နှင့် စီမံကိန်းအား လျှောက်ထားနိုင်ရန်အတွက် စီမံကိန်း အစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ သတ်မှတ်ချက်များကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ အွန်လိုင်းဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်- #နေ့ရက် - ၂၂.၁.၂၀၂၁ (သောကြာနေ့) #အချိန် - နေ့လယ် (၁၄:၀၀) နာရီမှ (၁၆:၃၀) နာရီအထိ #နေရာ - Online (Microsoft Team Application) #သို့ဖြစ်ပါ၍ ကော်ဖီ၊ ငရုတ်၊ ချင်း၊ ကျွဲကောသီးနှင့် မှို စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုဆိုင်ရာ Value Chains တစ်လျှောက်ရှိ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်− #ဒေါ်မေပွင့်ဖြူ − e-mail-may.phyu@giz.de ဖုန်းနံပါတ်− 09-262 070 205 #ဦးကောင်းခန့်ဆွေ e-mail- kaung.swe@giz.de ဖုန်းနံပါတ် − 09-254 360 784