The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-08-17
1:00 pm
နေပြည်တေ်

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနသည်  ဒေသတွင်း နိုင်ငံများရှိ လူငယ်စွန့်ဉီးတီထွင် လုပ်ငန်းရှင်များအကြား ဆန်းသစ် တီထွင်သည့် အလေ့ အကျင့် ကောင်းများ ပေါ်ပေါက်လာစေရန်၊ အောင်မြင်သည့် လူငယ် စွန့်ဉီးတီထွင်လုပ်ငန်းရှင် များအကြား အတွေ့အကြုံကောင်းများ မျှဝေကြရန် နှင့် ဒေသတွင်း စွန့်ဉီးတီထွင်လုပ်ငန်းရှင် များ၊နိုင်ငံဝန်ထမ်းများအချင်းချင်း ချိတ်ဆက်မိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေ ဒုတိယအသုတ်(၂၀၁၈) ဖြင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  (Hybrid Seminar on Innovation and Young Entrepreneurship for Regional Development) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          စီမံကိန်းကို(၃) ကြိမ်ခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မဲခေါင်လန်ချန်းနိုင်ငံများမှ ကိုယ်စားလှယ် (၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး  innovation and entrepreneurship ဆိုင်ရာ  အတွေ့အကြုံများ  ဖလှယ်ခြင်းနှင့် တီထွင်ဆန်းသစ်မှု အမျိုးအစား (၁၀) မျိုး ရှိသည့် အနက်  လုပ်ငန်းဖွဲ့စည်းပုံစနစ်များ ပြောင်းလဲခြင်း၊  ထုတ်ကုန် ဖြန့်ဖြူးရေးကွန်ရက် ချိတ်ဆက်မှုများ အားကောင်းလာခြင်း စသည့် အကျိုး ကျေးဇူး များရှိသော Profit Model, Network, Structure , Process, Product Performance, Product System စသည့် တီထွင် ဆန်းသစ် မှု (၆) မျိုး ကို ဆွေးနွေးသင်ကြားခဲ့ပါသည်။ 

          ဆွေးနွေးပွဲများကို (၂၀၂၀)  ပြည့်နှစ်အတွင်း ကျင်းပ ပြုလုပ်ရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါပျံ့နှံ့မှု အခြေအနေများကြောင့် ခေတ္တ ဆိုင်းငံ့ထားခဲ့ပါသည်။

           ဒုတိယအကြိမ် ဆွေးနွေးပွဲကို Hybrid Seminar  အဖြစ် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ (၂၂) ရက် မှ (၂၄) ရက် အထိ ရုံးအမှတ်၊(၃၀) ၊ စက်မှုဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေပွဲတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားလှယ်(၃၀) မှ virtual ဖြင့်လည်းကောင်းး၊  မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ SME ဌာန တာဝန်ရှိသူများ နှင့်  MSME လုပ်ငန်းရှင်များ ၊ စက်မှုဝန်ကြီးဌာန မှ အရာထမ်းများ စုစုပေါင်း (၇၀) ဦးခန့် in-person ဖြင့်လည်းကောင် တက်ရောက်ခဲ့ကြပါသည်။

           ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များမှ ဦးဆောင်၍ ပထမ  အကြိမ်ဆွေးနွေးပွဲမှ ရရှိခဲ့သည့် အတွေ့အကြုံများ နှင့် အားနည်းချက် / အားသာချက် များ ၊ သင်တန်းသားများ၏ feedback များအပေါ်  ပြန်လည်ဆွေးနွေးခြင်း ၊ ဆန်းသစ် တီထွင်မှု အမျိုးအစားများအနက်မှ လူ့စွမ်းအား အရင်းအမြစ်ကို ဉီးတည်သော ဆန်းသစ်တီထွင်မှုများနှင့် စပ်လျဉ်းသော ဝန်ဆောင်မှုပေးခြင်း၊ ထုတ်ကုန်တံဆိပ်ခိုင်မာရေး  စားသုံးသူများနှင့် ခိုင်မာစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး  MSME လုပ်ငန်းများ ဒီဂျစ်တယ်စနစ်ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ကို ဦးတည်သည့်  တီထွင်ဖန်တီး မှုများ  ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာများ မျှဝေခြင်းများကို  ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် Collaboration  between Public, Private & Government for Entrepreneurship Development ခေါင်းစဉ်ဖြင့် Panel Discussion ပြုလုပ်ခဲ့ရာ စွန့်ဦးတီထွင်မှုစိတ်ဓါတ်များ အားကောင်း လာစေရန် ပံ့ပိုးပေးသင့်သည့်အချက်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် တွေ့ကြုံရ သည့် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင်မှုစိတ်ဓါတ်များ အားကောင်းလာစေရန် အစိုးရ၊ စွန့်ဦးတီထွင်သူများ၊ NGOs များနှင့် အခြားဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးပွဲမှတဆင့် မဲခေါင်-လန်ချန်းဒေသမှ လူငယ်လုပ်ငန်းရှင်များအကြား စွန့်ဦး တီထွင်မှုနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာကိစ္စရပ်များ သိမြင်လာခြင်း၊ မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ အချင်းချင်း အသိပညာ ဝေမျှနိုင်လာခြင်း၊ ဆန်းသစ်တီထွင်မှုအလေ့အထကောင်းများကို လူငယ်များကြား ပေါ်ပေါက်လာစေခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက် လာခြင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လုပ်ငန်းရှင်များအကြား ချိတ်ဆက် ဆောင်ရွက်မှုများရှိလာခြင်း၊ ဒေသတွင်းနိုင်ငံများ၏ လက်တွေ့ဆောင်ရွက်နေမှုများကို သိရှိခွင့်ရခြင်း စသော အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။