The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 4-12-2016 to 17-12-2016
1:45 PM
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် PUM Netherlands Senior Experts အဖွဲ့အစည်းနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စဉ့်အိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် စဉ့်အိုးထုတ်လုပ်မှု နည်းပညာ လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပစျေးကွက်ဝင် အရည်အသွေးမှီ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန်အတွက် စဉ့်အိုးထုတ်လုပ်မှုနည်းပညာပံ့ပိုးပေးသည့် စာတွေ့/ လက်တွေ့သင်တန်းကို (၄.၁၂.၂၀၁၆) ရက်နေ့မှ (၁၇.၁၂.၂၀၁၆) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ကျင်းပပြုလုပ်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စဉ့်ထည်လုပ်ငန်းရှင်(၃၀) ဦးအား အရည်အသွေးကောင်းမွန်သည့် စဉ့်အိုးထုတ်လုပ်မှု နည်းပညာပံ့ပိုးပေးခဲ့ပြီး၊ (၅.၂.၂၀၁၈) ရက်နေ့မှ (၁၇.၂.၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌   ဟံဝင်းစောစဉ့်ထည်လုပ်ငန်းရှင် (၃) ဦးအား ထပ်မံ၍ နည်းပညာပံ့ပိုးပေးခဲ့ ပါသည်။

                  အဆိုပါ စဉ့်အိုးထုတ်လုပ်မှုနည်းပညာပံ့ပိုးပေးသည့် သင်တန်းတွင် PUM Netherlands Senior Experts အဖွဲ့အစည်း၏ စဉ့်ထည်ကျွမ်းကျင်ပညာရှင် (၂) ဦးမှ ရွံ့သားများ အရည်အသွေးပိုမိုကောင်းမွန်လာအောင် ပြုပြင်သည့်နည်းပညာများ၊ ဓါတုပစ္စည်းအမျိုးမျိုး သုံး၍ စဉ့်အရောင်မျိုးစုံ ဖော်သည့်နည်းပညာများ၊ လျှပ်စစ်အိုးထိန်းစက် ပြုလုပ်သည့် နည်းပညာများ၊ လျှပ်စစ်အသုံးပြု စဉ့်ဖိုသုံး၍ စဉ့်ထည်ထုတ်လုပ်နည်းများ၊ Gas Kiln တည်ဆောက်အသုံးပြု နည်းပညာများပို့ချပေးခဲ့ရာ၊ စဉ့်ထည်လုပ်ငန်းများ ပိုမိုတိုးတက် သွားနိုင်ပြီး အရည်အသွေးများတိုးတက်ကာ Export ထိတင်ဖို့ရောင်းချနိုင်သည့် အကျိုး ကျေးဇူးများစွာ ရရှိပါသည်။