The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 20-02-2016 to 8-03-2016
1:45 PM
မန္တလေးမြို့၊မကွေးမြို့ရန်ကုန်မြို့

နေ့ရက်နှင့်နေရာ            - (၂၀.၂.၂၀၁၆) ရက်နေ့မှ (၂၃.၂.၂၀၁၆) ရက်နေ့ထိ၊ မန္တလေးမြို့၊(၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၈.၂.၂၀၁၆)ရက်နေ့ထိ၊ မကွေးမြို့၊(၇.၃.၂၀၁၆) ရက်နေ့မှ (၈.၃.၂၀၁၆) ရက်နေ့ထိ၊ရန်ကုန်မြို့

            စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတ ဂျာမနီ နိုင်ငံ Friedrich Naumann Foundation (FNF) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Foundry & Forging နည်းပညာ ဆိုင်ရာနည်းပညာများအား စက်မှုဇုန်မှ လုပ်ငန်းရှင်များ ပိုမိုနားလည် သိရှိစေရေးအတွက် ပြည်တွင်းပညာ Foundry & Forging နည်းပညာ ထောက်ပံ့မှု သင်တန်း များကိုဖွင့်လှစ်ပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးတွင် (၂၀.၂.၂၀၁၆) ရက်နေ့မှ (၂၃.၂.၂၀၁၆) ရက်နေ့ထိ လုပ်ငန်း ရှင်(၄၅)ဦး၊ မကွေးတိုင်းဒေသကြီး၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် (၂၅.၂.၂၀၁၆) ရက်နေ့မှ (၂၈.၂.၂၀၁၆)ရက်နေ့ထိ လုပ်ငန်းရှင် (၆၇) ဦး၊ ရန်ကုန်မြို့တွင်(၇.၃. ၂၀၁၆) ရက်နေ့မှ (၈.၃.၂၀၁၆) ရက်နေ့ထိ လုပ်ငန်းရှင် (၅၂) ဦး အသီးသီး နည်းပညာများရယူနိုင်ခဲ့ပါသည်။

            အဆိုပါ Foundry & Forging နည်းပညာသင်တန်းတွင် Type of Cast Iron, Unique Propertiesof Cast Iron, Wear Resistant of Cast Iron, Carbon Raisers & Cast Iron, Heat Resistance Steel, Steel Casting, Occupational Safety and Health Administ- ration in Foundry ဘာသာရပ် များကို ပြည်တွင်းပညာရှင်များမှ သင်ကြားပို့ချခဲ့ပါသည်။

            သံရည်သွန်းလောင်းခြင်းနှင့် ပုံသွင်းခြင်းနည်းပညာသစ်များ ကို SME လုပ်ငန်းခွင်များတွင် ပြန်လည်ပေါင်းစပ် အသုံးပြုနိုင်လာသဖြင့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး ပြည့်မီလာခြင်း၊ သံထည်ပစ္စည်းများတွင် ပါဝင်သည့် Carbon Percentage, Silicon Percentage များကို သိရှိတိုင်းတာ လာနိုင်ခြင်းစသည့် အကျိုးကျေးဇူး များကိုရရှိလာခဲ့ပါသည်။