The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2021-12-29
1:00 pm
နေပြည်တေ်

    တိုင်းဒေသကြီး/ ပြည်နယ်များရှိ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများအား စက်မှုလုပ်ငန်းသုံးကုန်ကြမ်းများအဖြစ် အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စျေးကွက်ချိတ်ဆက်နိုင်ရန် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ အကြီးစားစက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရန် ရည်ရွယ်၍ မော်လမြိုင်ကုန်စည်ဒိုင်နှင့် National Enlightenment Institute တို့မှ ပူးပေါင်းစီစဉ်၍ ရန်ကုန်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ချိတ်ဆက်စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရာဘာလုပ်ငန်းကဏ္ဍအထူးပြုစက်ရုံ အလုပ်ရုံနှင့် နည်းပညာလေ့လာရေးခရီးစဉ်ကို (၁၅.၁၂.၂၀၂၁) ရက်နေ့မှ (၁၇.၁၂.၂၀၂၁)ရက်နေ့အထိ သွားရောက်လေ့လာခဲ့ကြပါသည်။

           စက်ရုံများသို့ နည်းပညာလေ့လာရေးခရီးစဉ် (ပထမနေ့) (၁၅.၁၂.၂၀၂၁) ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုံရှိ ရန်ကုန်တာယာစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြပြီး စက်ရုံမှတာဝန်ရှိပုဂ္ဂိုလ်များမှာ စက်ရုံကုန်ချောစက်ချောထုတ်လုပ်မှုနှင့် ကုန်းကြမ်းဝယ်ယူမှု အခြေအနေများ ကုန်ကြမ်းဝယ်ယူရာတွင် အရည်သွေးသတ်မှတ်ချက်များကို အသေးစိတ်ရှင်း လင်းပြသခဲ့ကြပြီး၊ လိုက်ပါလေ့လာသူများမှလည်း သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

           စက်ရုံများသို့ နည်းပညာလေ့လာရေးခရီးစဉ် ဒုတိယနေ့ (၁၆.၁၂.၂၀၂၁) ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ One Star ဖိနပ်လုပ်ငန်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ KKK ဖိနပ်လုပ်ငန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ OK Rubber Roller လုပ်ငန်းတို့အား သွားရောက်လေ့လာခဲ့ကြပါသည်။

          စက်ရုံများသို့ နည်းပညာလေ့လာရေးခရီး တတိယနေ့ (၁၇.၁၂.၂၀၂၁) ရက်နေ့တွင် ရွှေပေါက္ကံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဖိနပ်အောက်ခံဆိုးပြား ထုတ်လုပ်ရေးလုပ်ငန်းနှင့် မရမ်းကုန်းမြို့နယ်ရှိ ရာဘာသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာနသို့ သွားရောက်လေ့လာခဲ့ကြပြီး သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

         ထိုသို့လေ့လာရေးခရီးသွားရောက်ခဲ့ကြရာတွင် မွန်ပြည်နယ်အတွင်းမှ ရာဘာလုပ်ငန်းရှင်(၁၄)ဦး၊ မော်လမြိုင်ကုန်စည်ဒိုင် နှင့်National Enlightenment Institute တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွက်တိုးရာဘာစိုက်ပျိုးကြသူများအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်းလေ့လာရေးအဖွဲ့ဝင် (၂၅)ဦး လိုက်ပါလေ့လာခဲ့ကြပြီး လုပ်ငန်းရှင်များမှ နည်းပညာ၊ ကုန်ကြမ်းစျေးကွက်နှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လေ့လာခွင့်ရရှိခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။