The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

From 26-06-2017 to 30-06-2017
1:45 PM
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့

စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့်ပူးပေါင်း၍ သရက်သီးမှ တန်ဘိုးမြင့် ထုတ်ကုန် များထုတ်လုပ်လာနိုင်စေရန်ရည်ရွယ်၍ “Mango Value Added Workshop” နည်းပညာ ပံ့ပိုးပေးခြင်းကို (၂၆.၆.၂၀၁၇) ရက်နေ့မှ (၃၀.၆.၂၀၁၇) ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင် စုစုပေါင်း (၂၆) ဦးအား နည်းပညာများပို့ချပေးခဲ့ပါသည်။

                  အဆိုပါ နည်းပညာသင်တန်း၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန် တို့မှ သရက်သီးမှ သရက်သီးခြောက်၊ သရက်သီးCandy ၊ သရက်ယို စသည့် တန်ဖိုးမြှင့် ထုတ်ကုန်နည်းပညာများ ပေးအပ်ခဲ့ပါသည်။  နည်းပညာ ရရှိသော လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များကို Value-Added ပြုလုပ်လာနိုင်ခြင်းနှင့် ထုတ်ကုန်အရည်အသွေးမြှင့်ကာ စျေးကွက်ချဲ့ထွင်ခြင်းများ ရရှိခဲ့ပါသည်။