ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ခင်ခင်လင်းယိုစုံလုပ်ငန်းသည် ဒေသထွက် ကုန်သီးနှံများဖြစ်သည့် ကတွတ်၊ သရက်၊နာနတ်၊ ရှောက်၊ မရမ်း၊ စောင်းလျား၊ ချဉ်ပေါင်ဖူးစသည့် သီးနှံများမှ ယိုစုံထုတ်လုပ်၍ ပြည်မြို့၊ ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မုံရွာမြို့များသို့ ဖြန့်ဖြူးရောင်း ချလျက်ရှိရာ နိုင်ငံတော်မှ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးငွေ၊ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြလာပါသဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (SSID) နှင့် စပါးကြိတ်ခွဲစက်နှင့် သီးနှံ အခြောက်ခံစက်များ ထုတ်လုပ်သည့် NYC CO.,Ltd. တို့၏ ကူညီပံ့ပိုးမှုဖြင့် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို (၂၁.၂.၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ (၁၀)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှ MSME လုပ်ငန်းရှင် ခင်ခင်လင်းယိုစုံလုပ်ငန်းမှတင်ပြသည့် လုပ်ငန်းအခြေအနေများ၊ ပညာရှင်များမှ ဆွေးနွေးရှင်းလင်းမှုများအရ အောက်ဖော်ပြပါ အကျိုးရလဒ်များကို ဖော်ထုတ်နိုင်ခဲ့ပါသည်-
- ယိုစုံလုပ်ငန်းအတွက် အခြောက်ခံနည်းပညာတောင်းခံလာသော လုပ်ငန်းရှင်အနေဖြင့် ယခုတွေ့ဆုံဆွေးနွေးပွဲမှ သီးနှံအခြောက်ခံ နည်းပညာများနှင့်အသုံးပြုသင့်သည် စက်ပစ္စည်းများကို သိရှိလာခြင်း၊
- လုပ်ငန်းရှင်အနေဖြင့် သီးနှံအမျိုးအစားအလိုက် အရောင်၊ အနံ့၊ အရသာမပျက် အခြောက်ခံနည်းစနစ်များ၊ အခြောက်ခံစက်ပစ္စည်းများ၊ ရာသီအလိုက် ပြုလုပ် ဆောင်ရွက်ရမည့် နည်းပညာများရရှိလာခြင်း၊
- အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာနများမှ လုပ်ငန်းရှင်များ၏ လိုအပ်လျက်ရှိသော သီးနှံအခြောက်ခံ နည်း ပညာနှင့် အသုံးပြုရမည့် စက်ပစ္စည်းများအား Knowledge Sharing ပေးနိုင်ခြင်း၊
- MSME လုပ်ငန်းများ လျှောက်ထားရယူနိုင်သည့် ချေးငွေအမျိုးအစားများ အကြောင်း သိရှိလာခြင်း၊
- နည်းပညာနှင့်ဈေးကွက်မြှင့်တင်ရေးဌာနအနေဖြင့် လုပ်ငန်းရှင်များတင်ပြတောင်းခံလာသော နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကိုခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့်စားရေးရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊
- လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းတိုးတက်ရေးအတွက် Quality နှင့် Healthy ဖြစ်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရန် မိမိကိုယ်တိုင် စနစ်တကျ လေ့လာ သုံးသပ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာများနှင့်ချိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိလာနိုင်ခြင်း။