နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်
(၅) ရပ်ချမှတ်ရာတွင် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” ဟူသောအချက်ကို ထည့်သွင်းချမှတ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့်
MSME
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီဆောင်ရွက်သွားရန်အတွက်
“ကိုဗစ်ကာလနှင့်
ကိုဗစ်အလွန်ကာလ များတွင် MSME လုပ်ငန်းများ ရှင်သန်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ”
ကို စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများမှ
ပြည်ထောင်စုဝန်ကြီးများ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှဥက္ကဋ္ဌများ၊ MSME လုပ်ငန်း ရှင်များပါဝင်လျက် (၁၄.၁၀.၂၀၂၁) ရက်နေ့နှင့် (၁၅.၁၀.၂၀၂၁) ရက်နေ့တို့တွင် စက်မှုဝန်ကြီး ဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်တွင် Hybrid
Meeting ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့်
MSME လုပ်ငန်းရှင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်
အသင်းအဖွဲ့များမှ ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး
နိုင်ငံတော်၏ မူဝါဒဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် ကိုက်ညီသည့် လုပ်ငန်း
နယ်ပယ်များအနက်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးနှင့်
မွေးမြူရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့်
ဒေသအလိုက် အလားအလာရှိသော (Potential) လုပ်ငန်းများမှ တင်ပြသည့် လုပ်ငန်းအခြေအနေများအရ
ဦးစားပေးဆောင်ရွက်ရမည့် အချက်များ ထွက်ပေါ်ခဲ့ပါသည်။