The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2022-08-17
1:59
နေပြည်တေ်

              ကိုဗစ်ကာလနှင့်ကိုဗစ်အလွန်ကာလများတွင် MSME လုပ်ငန်းများ ရှင်သန်ရေးနှင့်ဖွံ့ဖြိုးရေး အတွက် မဟာဗျူဟာချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလားအလာရှိသော စီးပွားရေး လုပ်ငန်းအလိုက် သက်ဆိုင်ရာ Stakeholder များပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး Action Plan များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ရာ ဦးစွာအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးရန်၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ SME များကို အလေးပေးဆောင်ရွက်ရန်ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် အညီဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များအား ပေးမြှင့်တင်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် (၇) ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး၊  ဆွေးနွေးပွဲများမှ SME လုပ်ငန်းရှင်များ တောင်းဆိုထားသည့် နည်းပညာပံ့ပိုးမှုအစီအစဉ်အနေဖြင့် ရလဒ်အကောင်အထည်ဖော်ခြင်းဆွေးနွေးပွဲ (၂) ကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။

               ပြည်နယ်/ တိုင်းဒေသကြီးများအလိုက် ကျင်းပပြုလုပ်ခဲ့သော ပြည်တွင်း ထုတ်ကုန်များ အားပေးမြှင့်တင်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲ များတွင် MSME လုပ်ငန်းများ၏ ဆွေးနွေးချက်များအရ  MSME များအနေဖြင့် ဆေးဝါး/စားသောက်ကုန်လက်မှတ် FDA နှင့် ပတ်သက်သော ကိစ္စရပ်များ၊ ဈေးကွက်/ သတင်းအချက်အလက်ရရှိရေးဆိုင်ရာများ၊ ထုပ်ပိုးမှု/ စက်ကိရိယာဆိုင်ရာကိစ္စရပ်များ၊ ဘဏ်စနစ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောကိစ္စရပ်များ၊မြေ/ စက်မှုဇုန်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ရေထွက်ကုန်/ မွေးမြူရေးနှင့် ပတ်သက်သော ကိစ္စရပ်များ၊    နည်းပညာ/ သင်တန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ချည်မျှင်/ အထည်လုပ်ငန်းနှင့်ပတ်သက်သောကိစ္စရပ်များ၊ လျှပ်စစ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ Contract Farming စနစ်နှင့် ပတ်သက်သောကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ စသည့်အခက်အခဲများ/ လိုအပ်ချက်များ ရှိနေပါ ကြောင်း တွေ့ရှိရပါသည်။

              ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ MSME လုပ်ငန်းရှင် များအနေဖြင့် သိရှိလိုသော အကြောင်းအရာများ၊ အခက်အခဲများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့မှတာဝန်ရှိပုဂ္ဂိုလ်များထံသို့ ဆွေးနွေးတင်ပြနိုင်ခဲ့ပါသည်။ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းရှင်များသိရှိလိုသည့် နည်းပညာဆိုင်ရာ အခက်အခဲ များ၊ ငွေကြေးဆိုင်ရာ အခက်အခဲများ၊ အထွေထွေလိုအပ်ချက်များကို ဆွေးနွေးအကြံပေးနိုင်ခြင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနအနေဖြင့်လည်း ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ MSME များ တင်ပြလာသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အစီ အစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

               ထို့ပြင် ပြည်တွင်း SME လုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်ကုန်များအား သမာရိုးကျ မိရိုး ဖလာနည်းဖြင့် ထုတ်လုပ်နေမည့်အစား နည်းပညာသစ်များပေါင်းစပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုး (Import Product Substitution) ဆောင် ရွက်နိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူငယ်နှင့် အမျိုး သမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ ဆင်းရဲမွဲတေမှုလျော့ကျလာခြင်း၊ Standardization နှင့်အညီ ထုတ်လုပ်လာနိုင်သဖြင့် ဒေသတွင်း အာဆီယံဈေးကွက်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လာနိုင်ခြင်းထို့ကြောင့် တိုင်းပြည်ဝင်ငွေတိုးတက်မှုအတွက် ထောက်ပံ့ကောင်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။