The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2023-10-21
11:00
နေပြည်တော်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်တို့၏ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးနှင့်ပတ်သက်သော လမ်းညွှန်မှာကြားချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် ကော်ဖီလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ မန္တလေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြင်ဦးလွင်‌ဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချို) အစုအဖွဲ့မှ အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၁.၁၀.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီတွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က  အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ 

     အဆိုပါ ဆွေးနွေးပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့မှ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်ပတ်သက်သည့် အချက်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ကော်ဖီလုပ်ငန်းများ၊ ကော်ဖီစိုက်ပျိုးရေးခြံများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၂)၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ မန္တလေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြင်ဦးလွင်‌ဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း (ပြင်ဦးလွင်နောင်ချို) အစုအဖွဲ့မှ အသင်းသားများ MSME ကော်ဖီလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်၍ ဆွေးနွေးပွဲကို ညနေ (၆:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။