The Republic of the Union of Myanmar

Ministry of Industry

Directorate of Industrial Supervision and Inspection

(Department of Micro, Small and Medium Enterprises Development)

2024-01-18
2:45
နေပြည်တော်

    နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်များနှင့် MSME များ၏ လိုအပ်ချက်များကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် (၁၂.၁၂.၂၀၂၃) ရက်နေ့တွင် Virtual ပုံစံဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲ၏ ဆွေးနွေးညှိနှိုင်းချက်များအရ ဝိုင်လုပ်ငန်းများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုဖြင့် ရပ်မနေဘဲ ဒေသနှင့်တိုင်းပြည်ကိုယ်စားပြုသော ထုတ်ကုန်ဖြစ်အောင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံစီးပွားရေးကို မြှင့်တင်လာနိုင်စေရန် ရည်ရွယ်၍ (၁၈.၁.၂၀၂၄) ရက်နေ့၊ ကြာသပတေးနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၇)၊ အစည်းအဝေးခန်းမ၌ “ အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းသော ဝိုင်များထုတ်လုပ်နိုင်ရေး အသိပညာပံပိုးခြင်း” အခမ်းအနားကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှဦစကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲသို့ ဤဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ အစာအဟာရဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများရှိ SME ဌာနမှ တာဝန်ရှိသူများနှင့် MSME ဝိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၁) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် (၁၀း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။