၂၀၂၃ ခုနှစ်၊ ဩဂုတ်လ
၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ ၄.၁၀.၂၀၂၂ ရက်နေ့ ပြည်မြို့ခရီးစဉ်နှင့် ၂၂.၅.၂၀၂၃ ရက်နေ့ ပဲခူးမြို့ခရီးစဉ်တွင်
ကဝမြို့နယ်၊ သပြုကျေးရွာရှိ သတ္တု လုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ
အဓိကကြုံတွေ့နေရသော အခက်အခဲ ဖြစ်သည့် ကုန်ကြမ်းဈေးကြီးမှုနှင့် ရှားပါးမှုအားပံ့ပိုးပေးနိုင်ပါရန်
တင်ပြတောင်းဆိုခဲ့ခြင်းနှင့် သပြုစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့်
အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် မှ လုပ်ငန်းရှင် (၆၅) ဦး၏ တင်ပြတောင်းဆိုလာသော
ကုန်ကြမ်းပစ္စည်းများအား ဆက်စပ်ဌာန ဆိုင်ရာများ၊ အဖွဲ့ အစည်းများဖြင့်
ပူးပေါင်းပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ “သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်း လုပ်ငန်းရှင်များလိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲ” ကို
၁၅.၈.၂၀၂၃ ရက်နေ့၊ (အင်္ဂါနေ့) တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်တွင် Hybrid Meeting ကျင်းပပြုလုပ်ခဲ့ရာ
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားပြောကြား၍ ညှိနှိုင်း ဆွေးနွေးပွဲကို
စတင်ကျင်းပခဲ့ပါသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင်
ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့မှ အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအတွင်းရေးမှူးနှင့်
တွဲဖက်အတွင်းရေးမှူးများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထားလုပ်ငန်း၊
စက်မှုလယ်ယာဉီးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂)
သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဉီးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်
(၂) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊
မြန်မာစီးပွားရေးကော်ပို ရေးရှင်းတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊
မန္တလေးတိုင်း ဒေသကြီး စက်မှုဇုန်များနှင့် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များမှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက
သတ္တုလုပ်ငန်းရှင်များနှင့် သံရည် ကျိုပုံလောင်းလုပ်ငန်းရှင်များလိုအပ်လျက်ရှိသည့်
ကုန်ကြမ်းများဖြစ်သည့် ဘီယာစွန့်ပစ်ပစ္စည်း များ၊ ကားနံပါတ်စွန့်ပစ်သတ္တုပြားများ၊
သတ္တုတွင်စာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ် သံ/ ဒါန် သတ္တုများအစရှိသည့် ကုန်ကြမ်းကို
ကဏ္ဍအသီးသီးမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက်
အကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့
ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင် ညွှန်ကြားရေးမှူးများ၊
အထွေထွေမန်နေဂျာများ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်
ညွှန်ကြား ရေးမှူးများ၊
ပုဂ္ဂလိကအဖွဲ့အစည်း၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊
ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ
ဦးစီးဌာနမှူးများနှင့် MSME လုပ်ငန်းရှင်များ စုစုပေါင်း (၁၂၇)
ဦး တက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြပါသည်။