စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည် Hamsahub ကုမ္ပဏီ၊ KBZ Bank တို့နှင့်ပူးပေါင်း၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ စီးပွားရေးလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီသော ငွေကြေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးမည့် အစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အကြံဉာဏ်ကောင်းများဖြင့် ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ “Interface Between Banks and SMEs Business for Breakfast” ကို (၁၈.၇.၂၀၁၇) ရက်နေ့၌ Center of Excellence, Incubation Center (CoE)၊ အမှတ် (၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ SME လုပ်ငန်းရှင် (၅၄) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကမ္ဘောဇဘဏ်၏တာဝန်ရှိသူတစ်ဦးမှ ၄င်းတို့ဘဏ်၏ Product များ၊ ငွေကြေးဝန်ဆောင်မှုများရှင်းလင်းပြောကြားခဲ့ပြီး၊ Hamsahub ကုမ္ပဏီ၏ Managing Director ဦးသုတအောင်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်ကောင်းများမျှဝေ ဆွေးနွေးခဲ့ပါသည်။