ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း မြို့နယ်ရှိ MSME Center တွင် အစပျိုး (Start-up)
လုပ်ငန်းများနှင့် MSME များအား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ပြည်တွင်းရှိသက်ဆိုင်ရာနယ်ပယ်အလိုက်ပညာရှင်များက အကြံဉာဏ်များ ပံ့ပိုးပေးသည့်Consultative
Service အစီအစဉ်ကို၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ဆောင်
ရွက်လျက်ရှိရာ(၃၁.၈.၂၀၂၁) ရက်နေ့အထိ MSME(၁၆၅)ဦးအား
လုပ်ငန်းဖွံ့ဖြိုးမှုအထောက်အကူပြု အကြံဉာဏ် များ ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။ Consultative
Service အစီအစဉ်တွင် သက်ဆိုင်ရာနယ်ပယ်အလိုက်ပညာရှင်များ
မှထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အစားအစာလုံခြုံစိတ်ချရမှု၊ Packaging ထုပ်ပိုးမှု၊ ငွေကြေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍအလိုက် အကြံဉာဏ်များ
ပံ့ပိုးပေးလျက်ရှိပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ပတ်သက်သည့်အကြောင်းအရာများ၊
ရေသန့်စင်မှု နည်းစနစ်များ (RO, UV စနစ်များ) ၊ Product
Formulation နည်းပညာဆိုင်ရာ ဗဟုသုတများ၊ GMP , GHP , GAP ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ Product Innovation စဉ်းစားပုံများ
စသည့်ထုတ်လုပ်မှုနှင့်သက်ဆိုင်သော ပံ့ပိုးပေးမှုများအပြင် Packaging နှင့်ပတ်သက်၍Packaging & Labelling ပုံစံများ/နည်းစနစ်များ၊
Brand Name ခိုင်မာစေရေးတည်ဆောက်မှုများ၊ Design
& Logo ကိစ္စရပ်များ၊ Recyclable Packaging ပြုလုပ်ရေးကိစ္စရပ်များအား ဆွေးနွေးအကြံပေးခဲ့ပါသည်။ ၎င်းအပြင် Food
Safety နှင့်ပတ်သက်၍ Fungus နှင့် Bacteria
ပေါက်ဖွားခြင်းမှကာကွယ်ရန်နည်းလမ်း များ Food Safety ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ Moisture ထိန်းသိမ်း
နိုင်သော နည်းလမ်းများ၊ FDA လျှောက်ထားရန် လိုအပ်ချက်များ ၊ Shelf
Life ပိုမို ရရှိစေရေး နည်းလမ်းများ ၊ ထုတ်ကုန်များတွင်Nutrition
Facts ထည့်သွင်းဖော်ပြသင့်သည့်အချက်များ၊ စားသောက်ကုန်များတွင် Aflatoxin
မပါရှိစေရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ထုတ်ကုန်များအား Sterilization
ပြုလုပ်ရန် နည်းလမ်းများ နှင့် Preservative အသုံးပြုခြင်း
နည်းလမ်းများ ၊ Food Addictive နှင့် Expiry Date များနှင့်ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးအကြံပေးခဲ့ပါသည်။ ထို့အပြင်Marketing
Plan၊ Business Planရေးဆွဲခြင်း၊Supportive
Partner ရှာဖွေချိတ်ဆက်ပုံ၊ကုန်ကြမ်း/ ကုန်ချောစနစ်တကျ
၏သိုလှောင်ထိန်သိမ်းမှုများ၊ Online Marketing ရှာဖွေပုံ၊ Customer
Service ပုံစံများ၊ သင်ထောက်ကူ ပစ္စည်းရှာဖွေမှုပုံစံများ၊ Advertising
နည်းလမ်းများနှင့် Credit ၊ Payments ၊ Sale and Promotion ဆိုင်ရာအရောင်းဝန်ထမ်းပြဿနာကိုင်တွယ်ဖြေရှင်းနည်းများ၊
Tour Operation ဆောင်ရွက်ပုံများနှင့် Ticketing ဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ အကြံဉာဏ်များ ပံ့ပိုးပေးခဲ့ပါသည်။
လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ဝန်ထမ်းများ၏ Personal
Hygiene ဆိုင် ရာများ၊ ဘဏ်ချေးငွေလျှောက်ထားရာတွင်လိုအပ်သောအချက်များ၊အသင်းအဖွဲ့တစ်ခုအားရေရှည်တည်တံ့လည်
ပတ်နိုင်မည့် နည်းလမ်းများ၊ Organization Structure Development ဆိုင်ရာများ၊ SME Member Card လျှောက်
ထားရန်လိုအပ်ချက်များ၊Curriculum Developmentရေးဆွဲပုံများ၊TOT
Trainerများမွေးထုတ်နည်းများ၊Employee Job Description ချမှတ်ပုံများ ၊ ပြည်ပပို့ကုန်များ၏ Law and Regulations ဆိုင်ရာ ကိစ္စရပ်များ ၊ စားသုံးဆီ Refining ပြုလုပ်နည်းစဉ်များ၊
လုပ်ငန်းခွဲများလုပ်ကိုင်ရန်လိုအပ်ချက်များ၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာများနှင့် Financial
နှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း
အကြံဉာဏ်များပေးခဲ့ပါသည်။